ကိုယ့်ကိုစွန့်ပြစ်ခဲ့သူနဲ့ ပြန်တွဲမှာလား…










တစ်စုံတစ်ဦးရဲ့ဆုံးဖြတ်ချက်၊ အပြုအမူတွေကြောင့် အဆုံးသတ် လိုက်ရတဲ့ဆက်ဆံရေးမျိုးလူတိုင်း နီးပါးကြုံဖူးကြမှာပါ။ ကိုယ့်ဘက်ကတော့ လုပ်စရာတွေရှိနေသေး၊ အကြောင်းပြချက်မရှိ ချစ်နေဆဲပေမယ့် သူ့ဘက်ကတော့လုံလောက်ပါပြီတဲ့။ အားလုံးပြီးဆုံးသွားပါပြီ။ သူနဲ့ကိုယ်ရဲ့ဆက်ဆံရေးကို အဆုံးသတ်လိုက် နေမယ့်အချိန်ပါ။ တကယ်တော့ ဒီဆုံးဖြတ်ချက်က ကိုယ့်ကို မချင့်မရဲဖြစ်နေပါတယ်။ သူကိုယ့်ကို နည်းနည်းလေးဆက်ပြီး ချစ်နေသေးလားဆိုတာမျိုးပေါ့။ တစ်ခါတစ်ရံ သူ့ဘက်ကပြန်ပြီး တွဲအောင် ကြိုးစားမိနေလိမ့်မယ်။ မချစ်တော့လို့ စွန့်ပစ်ပြီး သွားပါပြီဆိုမှ ပြန်ပြီးတွဲတဲ့ဆက်ဆံရေးတွေကတကယ်ပဲ အလုပ် ဖြစ်ပါ့မလား။

ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်
တစ်ခါတစ်ရံအဆုံးသတ်က နာကျင်စရာကောင်းပါတယ်။ တစ်ခါတစ်ရံကျတော့နာကျင်မှုမရှိ ချောမွေ့နေပြန်ရော။ ဒါပေမဲ့ အဆုံးသတ်သွားပြီပဲလေ။ဒါပေမဲ့ ကိုယ်ကအဆုံးမသတ်ချင် သေးတဲ့အတွက် ကိုယ့်ဆီမှာ သူစိတ်ပြန်လည်လာမလားဆိုတဲ့ ၀န်ထုပ်ဝန်ပိုးကြီးကရှိနေတယ်လေ။ အချိန်တွေကြာသွား လည်းသူ့ဘက်ကမပြောင်းလဲတဲ့အခါ ဘယ်လိုလုပ်မလဲ။ ကိုယ့် ဘက်က ဆက်ပြီးကြိုးစားနေဦးမှာလား။ ဒီဝန်ကြီးကိုထမ်းထားတာက ကိုယ့်ဆီကိုရောက်လာမယ့်ဆက်ဆံရေးအသစ်အသစ်တွေကိုလည်းစွန့် ပယ်လိုက်သလိုပါဘဲ။

သူငယ်ချင်းတွေကကိုယ့်ကိုတွေ့ချင်နေကြတယ်
လွန်ခဲ့တဲ့လတွေရက်တွေတုန်းက ဆက်ဆံရေးတစ်ခုမှာ အချိန်ကုန်ခဲ့တယ်။ အဲဒီတော့သူငယ်ချင်းတွေနဲ့ တွေ့ဖို့ပိုခဲယဉ်းမယ်။ ဒါပေမဲ့ သူတို့ကိုယ့်ကိုအပြစ်မတင်ကြပါဘူး။ သူတို့လည်း နားလည်ကြပါတယ်။ အခုတော့ကိုယ်လည်းတစ်ယောက်တည်း ဖြစ်သွားပြီ။ အချိန်တွေလည်း ပိုလျှံနေပြီ။ သူငယ်ချင်းတွေနဲ့လည်း ဆုံခွင့်ရပြီ။ ကိုယ့်ကိုချန်ထားရစ်ခဲ့တဲ့ သူနဲ့ပြန်မတွဲမချင်းပေါ့။ စဉ်းစားကြည့်ပါ။ ကိုယ်သူနဲ့ချစ်နေရချိန်မှာ ကိုယ့်ကိုချစ်တဲ့သူငယ်ချင်း တွေကို ထားခဲ့တယ်။ ဒါပေမဲ့သူငယ်ချင်းတွေက ဘယ်တုန်းက မှအပြစ်မတင်ခဲ့သလိုကိုယ်ထားခဲ့လို့သူတို့ကလည်း ချန်ရစ်ခဲ့မှာ မဟုတ်ပါဘူး။

လွဲသွားလိမ့်မယ်
ကိုယ့်ကိုစိတ်ဝင်စားဂရုစိုက်တဲ့ လူတစ်ယောက်က ကိုယ်နာကျင်ခံစားနေရတာကိုသိပါတယ်။ စွန့်ပစ်ခံ ရဖို့မထိုက်တန်ဘူးဆိုတာကိုသိနေပါတယ်။ ကိုယ့်ရဲ့နာကျင်မှုတွေကို ဖြေဖျောက်ပေးချင်နေပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကကိုယ့်ကို ထားရစ်တဲ့ သူဆီမှာအမျှင်တန်းပြီး ကျန်နေတုန်းမဟုတ်ပါလား။ အဲဒီတော့ ကိုယ့်ရဲ့နာကျင်ဝမ်းနည်းမှုတွေကို ဖြေဖျောက်ပေးချင်တဲ့သူက ဘယ်လိုလုပ်ပြီး ရှေ့ဆက်တိုးနိုင်ပါ့မလဲ။

အမြင်မသင့်တတ်ပါ
ဘယ်လောက်ပဲကိုယ့်ဘက်က ချစ်နေပါစေ။ ထားခဲ့ရက်သူကထားခဲ့ပြီပဲ။ ဘာလို့ပြန်တွဲဖို့များကြိုးစားနေမိပါသလဲ။ ဒါက ကိုယ့်ကိုထိခိုက်စေတယ်ဆိုတာသိပါသလား။ သူ့ရဲ့ပတ်ဝန်းကျင်၊ သူ့မိသားစု၊ သူ့သူငယ်ချင်း၊ သူ့လူမှုဘ၀ပတ်ဝန်း ကျင်အသိုင်းအ၀ိုင်းမှာ အရမ်းချစ်ရ လွန်းတဲ့ကိုယ်က မခွဲနိုင်မခွာနိုင်ဖြစ်လွန်းတဲ့ကိုယ်ကသာ အပြောခံစရာ မျက်နှာငယ်စရာကြီးဖြစ်နေပါလိမ့်မယ်။

မိသားစုရှိပါသေးတယ်
သူစွန့်ပစ်လိုက်လို့ကိုယ့်ဘက်က အဆုံးသတ်ပြီလား။ ကိုယ့်ကိုချစ်တဲ့ မိသားစုရှိနေသေးတယ်ဆိုတာကို မမေ့ပါနဲ့။ ကိုယ် ဘယ်လောက်ပဲစွန့်ပစ်ခံရပါစေ။ ဘယ်လိုအခြေအနေမျိုးနဲ့ကြုံတွေ့ရပါစေ။ ကိုယ့်အခြေအနေကိုလက်ခံပေးမှာ မိသားစုပါပဲ။

ခံစားချက်တွေထိန်းချုပ်ဖို့လိုတယ်
စွန့်ပစ်ခြင်းခံရပြီးနောက်မှာတော့ ခံစားချက်တွေ ယောက် ယက်ခတ်နေမှာပါ။ သူ့နဲ့ပဲတွဲချင်တယ်။ သူ့ကိုပဲမခွဲနိုင်ဘူး။ မရ/ ရအောင်တောင်းပန်မယ်ဆိုတဲ့စိတ်က ကိုယ့်ကိုသိပ်မကြာခင်မှာ နောင်တရစေမယ့် အမှားအယွင်းတွေကျူးလွန်မိစေတဲ့အထိ ဖြစ်လာပါလိမ့်မယ်။

Whitney



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment