နှစ်စဉ်နှစ်တိုင်း
မွေးကင်းစကလေးတွေနဲ့ ကလေးငယ်လေးတွေက ခန္ဓာကိုယ်ခုခံအားနည်းတဲ့ အတွက်ကြောင့် အအေးမိ၊ ချောင်းဆိုးခံစားနေကြရပါတယ်။
မွေးကင်းစကလေးတွေက မွေးပြီးချင်း တစ်နှစ်အတွင်းမှာတင် အအေးမိဝေဒနာ (၇)ကြိမ်နီးပါး ကြုံတွေ့ကြရပါတယ်။
တချို့လက္ခဏာတွေအနေနဲ့ ကလေးငယ်လေးတွေက နှာစေး၊ အဖျားတက်၊ ချောင်းဆိုး၊ အစာစားချင်စိတ်နည်းပါးခြင်း၊
အိပ်စက်ဖို့ခက်ခဲခြင်းစတာတွေကြုံတွေ့ရတတ်ပါတယ်။ လူကြီးတွေကိုကုသ ရတာအခက်အခဲမရှိပေမယ့်
ကလေးငယ်တွေဖြစ်တဲ့ အအေးမိ၊ ချောင်းဆိုးကတော့ အထူးသတိထားရပါတယ်။ အဲဒီတော့ ဘယ်လိုကုသကြမလဲ….
ရေပတ်တိုက်
ကလေးငယ်လေးတွေ
အအေးမိတာကိုကုသဖို့ ပထမဆုံးအလွယ်ကူဆုံးနည်းလမ်းကတော့ ရေခပ်အေး အေးလေးနဲ့ ရေပတ်တိုက်ပေးဖို့ပါပဲ။
ရေပတ်တိုက်ပေးတဲ့အတွက် ကလေးငယ်ကို သက်သောင့်သက် သာဖြစ် စေပြီး အိပ်စက်ရလွယ်ကူသွားစေပါတယ်။
ကလေးငယ်တွေရဲ့ ချိုင်း၊ ခြေထောက်၊ လက်လေးတွေကို တစ်နေ့ ၂-၃ ကြိမ်ခန့် ရေပတ်တိုက်ပေးပါ။
အနည်းငယ်ကြီးတဲ့ကလေးတွေကို ရေအေးအေးလေးနဲ့ ရေချိုးပေး နိုင်ပါတယ်။
သံပုရာရည်
ဗီတာမင် C
ကြွယ်ဝတဲ့ သံပုရာရည်က ခန္ဓာကိုယ်ခုခံအားကိုကောင်းစေပြီး အအေးမိဖျားနာကို တိုက်ထုတ် ပေးပါတယ်။
သံပုရာရည်မှာပါဝင်တဲ့ ရောင်ရမ်းနာကျင်ခြင်းနဲ့ ဘက်တီးရီးယားတွေကို သေစေတဲ့ဂုဏ် သတ္တိက
လည်ပင်းနာခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းတွေကို သက်သာစေပါတယ်။ သံပုရာသီး (၄)စိပ်၊
ချင်း(၁)ပြား ခန့်ကို ရေနွေးဆူဆူထဲမှာ ၁၀ မိနစ်ခန့်စိမ်ထားပါ။ အနည်ထိုင်သွားမှ ပျားရည်အနည်းငယ်ရောစပ်ပြီး
ကလေးငယ် ကို တစ်နေ့(၂)ကြိမ်ခန့်တိုက်ပေးနိုင်ပါတယ်။
ပျားရည်
ပျားရည်က
အသက်(၁)နှစ်နဲ့အထက် ကလေးငယ်တွေအတွက် အအေးမိ၊ ချောင်းဆိုးပျောက်စေတဲ့ အကောင်းဆုံးဆေးတစ်လက်ပါ။
ပျားရည်မှာ ခန္ဓာကိုယ်ခုခံအားကိုထိန်းနိုင်စွမ်း၊ အင်တီအောက်ဆီဒင့်နဲ့ ဘက်တီးရီး ယားများကိုသေစေနိုင်စွမ်းက
ချောင်းဆိုး၊ လည်ပင်းနာနဲ့ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးပါ တယ်။ ပျားရည်(၂)ဇွန်း၊
သံပုရာရည်(၁)ဇွန်းရောပြီး ကလေးငယ်အအေးမိဝေဒနာသက် သာသည်အထိ ၁ နာရီခြား၊ ၂ နာရီခြားတိုက်ပေးနိုင်ပါတယ်။
ကြက်စွပ်ပြုတ်
အသက် (၁)နှစ်အထက်
ကလေးငယ်များအတွက် ကြက်စွပ်ပြုတ်က အအေးမိဝေဒနာအတွက် အကောင်းဆုံးဆေးတစ်လက်ပါ။ ကြက်စွပ်ပြုတ်က
သောက်ရလွယ်ကူတဲ့အတွက် အစာကြေညက်စေပြီး အာဟာရလည်း ဖြည့်ပေးနိုင်ပါတယ်။
လိမ္မော်သီး
လိမ္မော်သီးမှာပါဝင်တဲ့
ဗီတာမင် C က အအေးမိဝေဒနာဖြစ်စေတဲ့ပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ သွေးဖြူဥဆဲလ်ထုတ်လုပ်မှုကို
အားပေးပါတယ်။ ဒါတင်မကပါဘူး။ ချောင်းဆိုး၊ လည်ပင်းနာ၊ နှာစေးဝေဒနာတွေကိုလည်း သက်သာစေပါတယ်။
အသက် (၂)နှစ်အထက်ကလေးတွေကို လိမ္မော်ရည် ၁-၂ ခွက်ခန့်တိုက်ပေးနိုင်ပါတယ်။ အသက် (၂)နှစ်အောက်ကလေးငယ်တွေကိုတော့
လိမ္မော်ရည်ကို ရေခပ်နွေးနွေးလေးနဲ့ရောစပ်ပြီး တိုက်ပေးနိုင်ပါတယ်။
ချင်း
ချင်းကလည်း
ရောင်ရမ်းနာကျင်ခြင်း၊ ဘက်တီးရီးယားများကို သေစေခြင်းစတဲ့ ဂုဏ်သတ္တိတွေပါဝင်နေတဲ့ အစွမ်းထက်ဆေးတစ်လက်ပါ။
ချွေးထွက်စေတဲ့အတွက် အဖျား လည်းကျစေပါတယ်။ ခန္ဓာကိုယ်ခုခံအားတိုးလာစေတဲ့အတွက် အအေးမိဝေဒနာကုသ
မှုနှုန်းကို ပိုပြီးမြန်စေပါတယ်။ ချင်းတစ်စိပ်ခန့်၊ သစ်ကြံ့ပိုးခေါက်(၂)တောင့်ကို ရေ(၆)ခွက်နဲ့
ရောစပ်ပြီး မိနစ်(၂၀)ခန့်ပြုတ်ထားပေးပါ။ ပြီးမှ ပျားရည်(သို့)သကြားရောစပ်ပြီး တစ်နေ့
၂-၃ ကြိမ်ခန့်တိုက်ပေးနိုင်ပါတယ်။ အသက်(၁)နှစ်အောက် ကလေးများအနေနဲ့ ရေခပ်နွေးနွေး ရောစပ်ပြီးအရသာဖျော့သွားအောင်လုပ်ကာ
တိုက်ပေးနိုင်ပါတယ်။
ပန်းသီးအရက်ဗီနီဂါ
ကလေးငယ်တွေရဲ့
အဖျားဝေဒနာလျှော့ချနိုင်ဖို့ ပန်းသီးအရက် ဗီနီဂါကိုလည်းသုံး နိုင်ပါတယ်။ ပန်းသီးအရက်ဗီနီဂါရဲ့
အက်ဆစ်ဂုဏ်သတ္တိက ခန္ဓာကိုယ်ထဲကအပူတွေကို အရေပြားမှတစ်ဆင့်ထွက်သွားစေပါတယ်။ ပန်းသီးအရက်ဗီနီဂါနဲ့
ရေအေးအေးရောစပ်ပြီး ၄င်း အရည်ထဲမှာ အ၀တ်ကိုစိမ်ပါ။ အ၀တ်ကို ရေစင်အောင်ညှစ်ပြီး ကလေးရဲ့နဖူးနဲ့ဝမ်းဗိုက်ပေါ်မှာ
တင်ထားပေးပါ။ (၁၀)မိနစ်ခန့်ထားပြီးအဖျားကျသည်အထိအကြိမ်ကြိမ်လုပ်ပေးနိုင်ပါတယ်။ အသက်(၂)
နှစ်အထက်ကလေးငယ်များကို ပန်းသီးအရက်ဗီနီဂါ၊ ရေနွေးနွေးလေးရောစပ်ထားတဲ့ရေနဲ့ ရေချိုးပေးနိုင်ပါတယ်။
မိခင်နို့
ကလေးငယ်တွေဖျားနေစဉ်
မိခင်နို့ကအကောင်းဆုံးဖြစ်ပါတယ်။ မိခင်နို့မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပြီး ကူးစက်ရောဂါတွေကို
တိုက်ထုတ်ပေးရုံသာမက အဖျားလျင်မြန်စွာကျစေပါတယ်။ အသက်(၆)လအောက် ကလေးများဖျားနာတဲ့အခါ
မိခင်နို့တိုက်ပေးပါ။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment