စိုပြေလှပတဲ့ လက်တစ်စုံ ပိုင်ဆိုင်ဖို့ …











လက်အရေပြားခြောက်သွေ့တာက ခန္ဓာကိုယ်အရေပြားတွေ ခြောက်သွေ့သွားသလိုပါပဲ။ ခန္ဓာကိုယ် အရေပြားခြောက်သွေ့သလို လက်အရေပြားယားယံတာ၊ သွေးထွက်တာ၊ ကွဲအက်တာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ ခြောက်သွေ့တဲ့ လက်အရေပြားတွေကို ဘယ်လိုကုသကြမလဲ … ။

ထောပတ်ဆီ
လက်အရေပြားခြောက်သွေ့တာက နံနက်ခင်းတွေဆို ပိုဆိုးရွားပါတယ်။ အထူးသဖြင့် ဆောင်းရာသီ အေးမြတဲ့နံနက်ခင်းတွေမှာ ပိုဆိုးပါတယ်။ ထောပတ်ဆီက ဈေးသက်သာသလို အလွယ်တကူဝယ်နိုင်ပါတယ်။ ညအိပ်ရာမ၀င်ခင်မှာ လက်ကိုထောပတ်ဆီလိမ်းထားလိုက်ပါ။

ဗာဒံစေ့အဆီ
ဗာဒံစေ့အဆီမှာ အသားအရေကို နုပျိုစေတဲ့ ဗီတာမင် အီး ပါဝင်ပါတယ်။ ဗာဒံစေ့အဆီလေးကိုသုံးပြီး နှိပ်ပေးမယ်ဆိုရင် အရေပြားကူးစက်ရောဂါတွေ ကင်းဝေးစေသလို အရေပြားခြောက်သွေ့ခြင်းကို သက်သာ စေပါလိမ့်မယ်။

သံလွင်ဆီ
သံလွင်ဆီကို မြေထဲပင်လယ်ဘက်မှ လူတွေက အသက်ရှည်ဖို့အတွက် အစားအသောက်ထဲမှာ ထည့်သွင်းစားသုံးကြပါတယ်။ သံလွင်ဆီက တစ်ခြားအဆီတွေနဲ့မတူဘဲ အငွေ့ပျံသက်သာစေတာကြောင့် ခန္ဓာကိုယ်မှာ ကြာရှည်စွဲမြဲစေပါတယ်။

ကြက်ဆူဆီနဲ့သကြား
လက်အရေပြားကို ခြောက်သွေ့ရတဲ့အကြောင်းတစ်ခုက အရေပြားဆဲလ်အသေတွေ စုစည်းနေလို့ပါ။ အဲဒီအတွက် ကြက်ဆူဆီနဲ့သကြားကိုရောစပ်ပြီး လက်အရေပြားမှာပွတ်ပေးမယ်ဆိုရင် အရေပြားဆဲလ် အသေ တွေကွာကျစေပြီး ခြောက်သွေ့ခြင်းကင်းစင်စေပါလိမ့်မယ်။

ပေါင်းခံခြင်း
လက်အရေပြားပေါင်းခံတာကလည်း ခြောက်သွေ့ခြင်းကို ကုသပေးမဲ့ အံ့သြဖွယ်ရာနည်းလမ်း တစ်ခု ပါ။ အရေပြားပေါင်းခံတဲ့အတွက် ဆဲလ်အသေတွေကွာကျသွားသလို အရေပြားကွဲအက်ခြင်းကို သက်သာစေပါ လိမ့်မယ်။

ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်က စွယ်စုံရဆေးတစ်လက်ပါ။ ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ဓာတ်တွေက အရေပြားကိုလျှင်မြန်စွာ ကုသပေးနိုင်ပြီး အစိုဓာတ်ဖြည့်တင်းပေးပါတယ်။

မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါက အရေပြား ဆဲလ်အသေတွေကို ဖယ်ရှားရှင်းလင်းပေးပြီး လက်ကိုစိုပြေနူးညံ့ စေပါတယ်။

ကြက်ဥအနှစ်
ကြက်ဥအနှစ်ကို ခြောက်သွေ့တဲ့ လက်အရေပြားကုသဖို့အတွက် သုံးနိုင်ပါတယ်။ ကြက်ဥအနှစ်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ အာဟာရအရေအတွက်က အရေပြားကိုအားဖြည့်ပေးပါတယ်။

န်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment