လျှို့ဝှက်မထားသောအလှအပရေးရာ









တစ်ခါတလေတော့ အလှအပရေးရာ လျှို့ဝှက်ချက်လေးတွေဆိုတာ ရိုးရှင်းတဲ့အရာလေးတွေပါ။ တစ်ယောက်နဲ့ တစ်ယောက်ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်လေးတွေတော့ မဟုတ်ပါဘူး။ အဲဒီတော့ တစ်ယောက် နဲ့ တစ်ယောက်လက်ဆင့်ကမ်းမပြောထားသလို ဖုံးကွယ်ထားတာလည်းမဟုတ်တဲ့ လျှို့ဝှက်ချက် လေးတွေက ဘာတွေဖြစ်မလဲ …။

ရေမချိုးခင် ဘရပ်ရှ်နဲ့ပွတ်
ဒီနည်းလမ်း မကြားဖူးကြပေမဲ့ စမ်းသပ်ဖူးချင်မှ စမ်းဖူးကြပါလိမ့်မယ်။ ထူးထူးဆန်းဆန်း နည်းလမ်း ကြီးလည်း မဟုတ်ပါဘူး။ ရေမချိုးခင်ခန္ဓာကိုယ်ကို ဘရပ်ရှ်နဲ့ညင်ညင်သာသာပွတ်ပေးတာက သွေးလည်ပတ်မှု ကောင်းစေသလို အရေပြားဆဲလ်အသေလေးတွေကိုလည်း ဖယ်ရှားပေးပါတယ်။

နှုတ်ခမ်းကြေးချွတ်
နှုတ်ခမ်းက ခြောက်သွေ့ကွဲအက်နေတယ်ဆိုရင် ပြီးပြည့်စုံတဲ့နှုတ်ခမ်းဖူးဖူးလေး ဘယ်တော့မှ ပိုင်ဆိုင် မှာ မဟုတ်ပါဘူး။ ပထမဆုံးနှုတ်ခမ်းသားပေါင်းဆေးလေး သုံးထားလိုက်ပါ။ ပြီးမှ သွားပွတ်တံလေးနဲ့ ခပ်ဖွဖွပွတ် ပေးမယ်ဆိုရင် နှုတ်ခမ်းသားလေးက ရွှန်းစိုတောက်ပလာပါလိမ့်မယ်။

မိတ်ကပ်ပြင်ဆင်ရာဝယ်
မျက်နှာရဲ့အချိုးအဆစ်တွေ ပိုပြီးပေါ်လွင်စေဖို့ မိတ်ကပ်လိမ်းတဲ့အခါ အလင်းအမှောင်ချိန်ညှိပေးပါ။ Contour လုပ်တာက ခက်ခဲတယ်လို့ထင်စရာရှိပါတယ်။ အကြိမ်ရေအနည်းငယ်လောက် လေ့ကျင့်ပေး မယ်ဆိုရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။
ပါးနီ (blush) သုံးတဲ့အခါ
ပါးနီသုံးရတဲ့ရည်ရွယ်ချက်က သဘာဝအတိုင်းတောက်ပတဲ့ အသားအရေဖန်တီးဖို့ဆိုတာ သတိရပါ။ မိတ်ကပ်လိမ်းတဲ့အခါ အကောင်းဆုံးက နည်းလေကောင်းလေပါ။ လက်ညှိုး၊ လက်ခလယ်နှစ်ခုကိုသုံးပြီး ပါးမို့ပေါ်မှာ သဘာဝကျကျတင်ပေးပါ။

Eyeliner သုံးတဲ့အခါ
Eyeliner သုံးရတာ မိတ်ကပ်လိမ်းပြီး စိန်ခေါ်ရတဲ့ကိစ္စတစ်မျိုးပါ။ လက်တုန်တတ်သူများ Gel Eyeliner သုံးပေးပါ။ သုံးတဲ့အခါ တစ်ချက်တည်းဆွဲချလိုက်တာထက် အစက်ကလေးတွေချပြီး ညီအောင်ညှိပေးပါ။

မျက်ခုံးမွေး ဂရုစိုက်
မျက်ခုံးက သေးသေးလေးပါ။ ဒါပေမဲ့ ဂရုတစိုက် မထိန်းသိမ်းပေးဘူးဆိုရင်တော့ မသေမသပ်နဲ့ ပျက်စီးသွားနိုင်ဖွယ်ရှိပါတယ်။

ရေချိုးတဲ့အခါ
နေ့တစ်နေ့ရဲ့အဆုံးသတ်မှာ ရေခပ်နွေးနွေးလေးနဲ့ချိုးလိုက်ရတာက နေထိုင်လို့ကောင်းသွားပါတယ်။ ဒါပေမဲ့ အမြဲတမ်း ရေနွေးနဲ့ချိုးနေမယ်ဆိုရင်တော့ ခန္ဓာကိုယ်ကသဘာဝအဆီတွေကို စုပ်ယူသွားပြီး အရေပြား ကို ခြောက်သွေ့စေပါလိမ့်မယ်။

အစားအသောက်
ကျန်းမာလှပတဲ့အသားအရေရဲ့ လျှို့ဝှက်ချက်တစ်ခုက အစားအသောက်ပါ။ ပန်းသီး၊ သခွားသီးတို့လို အရည်ရွှမ်းတဲ့သစ်သီးတွေစားပေးခြင်းက အသားအရေကို စိုပြည်လှပစေပါလိမ့်မယ်။

န်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment