မိန်းကလေးတွေ
အသားအရေ၊ ဆံပင်၊ လက်သည်း ခြေသည်း ကျန်းမာလှပဖို့အတွက် နေ့စဉ် တိုက်ပွဲဝင်နေရတာ ယောက်ျားလေးတွေ
နားလည်နိုင်မှာမဟုတ်ပါဘူး။ ယောက်ျားလေးတွေ ယုံကြည်တာနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အသားအရေ၊
လက်သည်း ခြေသည်း၊ ဆံကေသာက အလိုအလျောက် ကျန်းမာ နေတာမဟုတ်ပါဘူး။ သူတို့လှပကျန်းမာဖို့အတွက်
နေ့စဉ်အချိန်ပေးနေရတာပါ။ ပြီးတော့ မိန်းကလေး တစ်ယောက် လှပနေချိန် ယောက်ျားလေးတွေ သိပ်ပြီးသတိမထားမိတတ်ကြဘူး။
မျက်နှာမှာ ၀က်ခြံလေး တစ်ခု ပေါက်ကြည့်ပါလား။ အဲဒီတော့မှ သတိပြုမိလာတတ်ကြတယ်။ အဲဒီတော့
အသားအရေ၊ လက်သည်း ခြေသည်း၊ ဆံကေသာ ကျန်းမာလှပဖို့အတွက် ဘာတွေစားကြမလဲ။
ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီမှာ
အစွမ်းထက်အင်တီအောက်ဆီဒင့်တွေပါတာကြောင့် အရေပြား၊ ဆံသား၊ လက်သည်း ခြေသည်းဆဲလ်များ၊
Free redical တွေကြောင့် ပျက်စီးခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။
တစ်နေ့တစ်ကြိမ်ထက်ပိုပြီး မျက်နှာမသစ်နဲ့
သန့်ရှင်းတာကောင်းပါတယ်။
အရေပြားအထူးကုပညာရှင်တွေအဆိုအရ တစ်နေ့မှာ မျက်နှာ အကြိမ် ပေါင်းများစွာသစ်လေ ပိုပြီးပျက်စီးလေပါ။
အကောင်းဆုံးကတော့ ညအိပ်ရာဝင်ခါနီး မိတ်ကပ် အဆိပ် အတောက်တွေနဲ့ ပတ်ဝန်းကျင်က အညစ်အကြေးတွေကို
ဖယ်ရှားပေးဖို့သစ်တာ အကောင်းဆုံးပါ။
ပရိုတိန်းများများစား
အရေပြား၊
လက်သည်း ခြေသည်းနဲ့ ဆံပင်တို့က ပရိုတိန်း အများစုနဲ့ပါဝင်ဖွဲ့စည်းထားတာပါ။ အဲဒါကြောင့်
အသား၊ ငါး၊ ဥ၊ နို့၊ ဟင်းသီးဟင်းရွက်အခြေခံအစားအစာတို့ စားသုံးပြီး အားဖြည့်ပေးဖို့လိုပါတယ်။
အစိုဓာတ်ဖြည့်ဖို့အုန်းဆီသုံး
ဂွင်းပက်ထရို၊
အန်မာစတုန်းတို့လို အနုပညာရှင်တွေ အသားအရေ ရေဓာတ်ဖြည့်ပေးဖို့ အလှဆီ သုံးတာကြားဖူးပြီးသားဖြစ်မှာပါ။
အုန်းဆီကတော့ ရေဓာတ်ပါဝင်မှု အများဆုံးဖြစ်ပြီး အရေပြားအလွှာ အနက်ရှိုင်းဆုံးအထိ ထိုးဖောက်စိမ့်ဝင်နိုင်ပါတယ်။
သံဓာတ်များများစား
သံဓာတ်ချို့တဲ့ခြင်း
လက်သည်းများကျိုးခြင်း၊ အရေပြားယားယံခြင်းတို့ ဖြစ်စေပါတယ်။ နှုတ်ခမ်း ကွဲတာကလည်း သံဓာတ်ချို့တဲ့ခြင်းရဲ့
လက္ခဏာပါ။ အဲဒါကြောင့် အနီရောင်အသား၊ ဟင်းနုနွယ်ရွက်တို့လို များများစားပေးပါ။
ကော်ဖီလျော့သောက်
ကော်ဖီကအရေပြားအတွက်
ဆိုးကျိုးဖြစ်စေပါတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံး ကော်ဖီ လျှော့သောက်ပေးပါ။
ပက်လက်အိပ်
ပက်လက်အနေအထားအိပ်စက်တာက
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ အိပ်စက်နေချိန်မှာ မျက်နှာပြင်ပေါ်က
အမည်းကွက်တွေကို ပြေလျော့စေပါတယ်။ အသက်အရွယ်ရလာချိန်မှာ ဒီအမည်းကွက်တွေက ဖယ်ရှားဖို့ခက်ခဲပါတယ်။
နေရောင်ဝေးဝေးရှောင်
နေရောင်ခြည်အချိန်ကြာမြင့်စွာ ထိတွေ့တာက
အရေပြားကိုအလျှင်အမြန်ပျက်စီးစေပါတယ်။ အဲဒါကြောင့် နေရောင်ခြည်အတတ်နိုင်ဆုံး ရှောင်ပေးပါ။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment