ပျားနကျယ်ကောင် အကိုက်ခံရတဲ့အခါ…












ပျား၊ နကျယ်ကောင်အတုတ် ခံရတာက တကယ်ဆိုးရွားတဲ့ခံစား မှုပါ။ အထူးသဖြင့်ပူနွေးတဲ့ရာသီဥ တုမျိုးမျာပေါ့။ ပျား၊ နကျယ်ကောင် တွေကတော့ သူတို့ရဲ့အမြီးကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့သုံးလိုက် တဲ့သဘောပါ။ ဒါပေမဲ့ အမြီးမှာပါ ၀င်တဲ့အဆိပ်က အကိုက်ခံရတဲ့အ ခါ ခန္ဓာကိုယ်အတွင်း တုံ့ပြန်မှုတွေ ပြလာပါတယ်။ လူတစ်ယောက်ရဲ့ ခံနိုင်ရည်ပေါ်မူတည်ပြီး ဒဏ်ရာက နာကျင်မှုကွဲပြားသွားပါတယ်။ အ သေးစားနာကျင်မှုအနေနဲ့အကိုက် ခံရတဲ့ နေရာမှာပူလောင်ခြင်း၊ အဖြူရောင်အပေါက်လေးနဲ့ အသား ကနီရဲလာခြင်း၊ တဆစ်ဆစ်နာကျင် မှုခံစားရတာတွေဖြစ်တက်ပါတယ်။ နာကျင်မှုကတော့ ၅-၁၀ရက် ကြာ တတ်ပါတယ်။ အဲဒီတော့ ပျား၊ နကျယ်ကောင်ကိုက်တဲ့ ဒဏ်ရာ တွေကို ဘယ်လိုကုသကြမလဲ။

အဆူးကိုဖယ်ပါ
ပထမဆုံးအကိုက်ခံထားရတဲ့ ဒဏ်ရာထဲက အဆူးလေးကိုချက်ချင်းဖယ်ရှားပစ်ဖို့လိုပါတယ်။ အဆိပ်က ခန္ဓာကိုယ်အတွင်းပျံ့နှံ့ဖို့ က စက္ကန့်အနည်းငယ်မျှသာကြာပါတယ်။ လက်သည်းဒါမှမဟုတ် ညှပ်ကလေးကိုသုံးပြီး အဆူးကိုဖယ်ရှားပါ။ အကိုက်ခံရတဲ့နေရာကိုရေ၊ ဆပ်ပြာနဲ့ဆေးကြောပါ။ ခြောက် သွားအောင်သုပ်ပြီး ယားယံခြင်း၊ ရောင်ရမ်းခြင်းသက်သာစေဖို့ အဆိပ် ဖြေဆေးတစ်မျိုးမျိုးလိမ်းပါ။ 

ရေခဲအုံပါ
နောက်ထပ်ပျား၊ နကျယ် ကောင်ကိုက်ဒဏ်ရာတွေကို သက်သာစေဖို့ နည်းလမ်းတစ်ခုကတော့ အကိုက်ခံထားရတဲ့နေရာကိုရေခဲ အုံပေးဖို့ပါပဲ။ ရေခဲအုံလိုက်တဲ့အတွက်အေးမြသွားပြီး ရောင်ရမ်းနာ ကျင်စေတဲ့အဆိပ်တွေ တခြားနေ ရာပျံ့သွားနိုင်ခြင်းကို နှေးကွေးသွား သွားစေပါတယ်။ ရေခဲတုံးလေးတွေကို အ၀တ်နဲ့စုပြီး အကိုက်ခံထားရတဲ့ ဒဏ်ရာအပေါ်မှာ ၁၀-၁၅မိနစ် ခန့်အုပ်ထားပေးပါ။ နာရီအနည်း ငယ်မျာ အကြိမ်ကြိမ်ပြန်လုပ်နိုင်ပြီး နာကျင်မှုကိုတားဆီးနိုင်ပါတယ်။ 

မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါက ပျား၊ နကျယ်ကောင်တွေရဲ့အဆိပ်ကို သတ္တိပြယ် သွားစေတဲ့ အစွမ်းထက်အိမ်တွင်း ဖြစ်ဆေးတစ်မျိုးပါ။ မုန့်ဖုတ်ဆိုဒါကနာ ကျင်မှု၊ယားယံခြင်းတွေကိုလည်း သက်သာစေပါတယ်။ မုန့်ဖုတ်ဆို ဒါအနည်းငယ်ကို ရေထည့်ပြီးခပ် ပျစ်ပျစ်ဖျော်ပါ။ အဲဒီအနှစ်ကို ဒဏ် ရာပေါ်မှာ ငါးမိနစ်၊ ဆယ်မိနစ်ခန့် အုံထားပေးပါ။ ပြီးမှရေခပ်နွေးနွေး လေးနဲ့ဆေးချလိုက်ပါ။ နာကျင်မှု သက်သာသွားစေတဲ့အထိ အကြိမ် ကြိမ်လုပ်ပေးနိုင်ပါတယ်။ 

ပန်းသီးအရက်ဗီနီဂါ
ပန်းသီးအရက်ဗီနီဂါကလည်း အဆိပ်ထဲက အက်ဆစ်ဓာတ်ကို ပျက်ပြယ်သွားစေပါတယ်။ ဒါ့အပြင် နာကျင်မှု၊ ယားယံခြင်း၊ နီရဲခြင်းတွေကိုလည်း သက်သာစေပါ တယ်။ ပန်းသီးအရက်ဗီနီဂါကို ဒဏ် ရာပေါ်မှာ ၅- ၁၀မိနစ်ခန့်လိမ်း ထားပေးပါ။ လိုအပ်ပါက အကြိမ် ကြိမ်လုပ်ပေးနိုင်ပါတယ်။ ပန်းသီး အရက်ဗီနီဂါအစား ရိုးရိုးဗီနီဂါကိုလည်း သုံးနိုင်ပါတယ်။ 

ပျားရည်
ပျားရည်ကနောက်ထပ်အဆိပ်ပြေစေတဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။ ပျားရည်ကအဆိပ်ကိုအာနိသင် လျှော့သွားစေပြီး ပိုးမွှားများကူးစက် ပျံ့နှံ့ခြင်းကိုကာကွယ်ပေးပါတယ်။ ပျား၊ နကျယ်ကောင်ကိုက်ခံထားရတဲ့ ဒဏ်ရာပေါ်မှာ ပျားရည်ပါးပါး လေးလိမ်းထားပေးပါ။ ခြောက်သွား မှရေဖြင့်ဆေးချလိုက်ပါ။ ပျားရည် နဲ့နနွင်းမုန့်ကို ရောစပ်ပြီးတော့လည်း ဒဏ်ရာပေါ်မှာလိမ်းပေးထားနိုင်ပါတယ်။ 

ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဂျယ်က လည်း ပျား၊ နကျယ်ကောင်အဆိပ်တွေအတွက် အကောင်းဆုံးဆေး တစ်လက်ဖြစ်ပါတယ်။ ရှားစောင်း လက်ပတ်မှာပါဝင်တဲ့ ရောင်ရမ်းနာ ကျင်မှုကို သက်သာစေတဲ့ ဂုဏ်သတ္တိက ယားယံမှု၊ နာကျင်မှုတွေ ကိုသက်သာစေပါတယ်။ ရှားစောင်း လက်ပက်အတွင်းမှ ဂျယ်ကိုဒဏ် ရာပေါ်မှာအုံထားပေးပါ။ နာကျင်မှု သက်သာသွားသည်အထိ အကြိမ် ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။ 

ပင်စိမ်း
ပင်စိမ်းက ပျား၊ နကျယ် ကောင်ကိုက်ဒဏ်ရာတွေကို သက် သာစေပြီး ယားယံမှုကိုသက်သာ စေပါတယ်။ သူ့မှာပါဝင်တဲ့ ရောင် ရမ်းနာကျင်မှုကိုသက်သာစေတဲ့ ဂုဏ်သတ္တိက နာကျင်မှု၊ ရောင် ရမ်းမှုတွေကို လျော့ပါးသက်သာစေပါတယ်။ ပင်စိမ်းအဆီအနည်း ငယ်ကို ဒဏ်ရာပေါ်မှာ တစ်နေ့ အကြိမ်အနည်းငယ်ဆွတ်ထားပေးပါ။ တစ်နေ့ (၂)ကြိမ်လုပ်ပေးနိုင်ပါတယ်။

သွားတိုက်ဆေး
သွားတိုက်ဆေးအဖြူကလည်း ပျား၊ နကျယ်ကောင်အဆိပ်တွေကို သက်သာစေပြီး ယောင်ယမ်းနာ ကျင်မှုကို သက်သာစေပါတယ်။ ဒဏ်ရာပေါ်မှာ သွားတိုက်ဆေးခပ် ပါးပါးလေးလိမ်းပေးထားပါ။ နာရီ အနည်းငယ်အကြာမှ ရေနွေးလေးနဲ့ဆေးပေးလိုက်ပါ။ လိုအပ်ပါက အကြိမ်ကြိမ်လုပ်ပေးနိုင်ပါတယ်။ သတိပြုရမှာက သွားတိုက်ဆေး အဖြူကိုအသုံးပြုဖို့လိုပါတယ်။

ရန်နိုင်

Share on Google Plus

0 comments:

Post a Comment