ကိစ္စအသေးအမွှားလေးတွေကအစ သူသိပါစေ….











ကြီးမားတဲ့ကြိုးစားမှုကဆက်ဆံရေးတစ်ခုကိုအောင်မြင်စေတယ် လို့ပြောကြတယ်။ ဒါပေမဲ့ကြီးမား တဲ့ကြိုး စားမှုအပြောင်းအလဲတွေက တစ်ခါတစ်ရံမှာသေးငယ်တဲ့ကြိုးစား မှုလေးတွေကိုကျော်လွှား သွားတတ် ပါတယ်။ အခုလိုဘက်ပေါင်းစုံကနေ ဖိအားတွေများလာတဲ့ခေတ်ကြီးထဲမှာ နေထိုင်ရ တာဖြစ်တဲ့အတွက် တစ်ခါတစ်ရံမှာ ဘ၀အတွက်၊ ဆက်ဆံရေးတစ်ခုအတွက်အဓိပ္ပာယ် ရှိလှတဲ့အရာလေးတွေကို မေ့လျော့ သွားတတ်ပါတယ်။ အဲဒီတော့ကိုယ့် အနေနဲ့အပြောင်းအလဲကြီးကြီးမား မားရဖို့ကြိုးစားနေရင်း ဘယ်အ သေးအမွှားလေးတွေကို မေ့လျော့သွားသလဲ။

ကိုယ်ဂရုစိုက်ဖို့ အချိန်အမြဲ ပေးတာသူသိပါစေ
ဘယ်လောက်ပဲအလုပ်တွေများနေပါစေ ကိုယ့်ချစ်သူဆီစာတိုလေး တစ်စောင်တစ်မိနစ်၊ နှစ်မိနစ် လောက်ပို့ ဖို့အတွက်တောင်အချိန်မရှိဘူးလို့မပြောနိုင်ပါဘူး။ ဖုန်းပြော ဖို့အချိန်မိနစ်အနည်းငယ်လေးတောင် မရှိဘူး လို့မပြောနိုင်ပါဘူး။ အဲဒီတော့ကိုယ်ဘာတွေပဲလုပ်နေ ကိုယ့်ဘက်ကဘယ်လောက်ပဲအလုပ်တွေ များနေနေ သူ့အပေါ်ဂရုစိုက်ဖို့အမြဲ ကြိုးစားနေတာကိုသူသိပါစေ။

ဖက်ထားပါ
နှစ်ယောက်သားလုပ်ငန်းခွင် ကနေပြန်လာတာဖြစ်စေ၊ နှစ် ယောက်သားတွေ့ ဆုံခိုက်မှာသူ့ကိုဖက် ထားပေးပါ။ သူနဲ့ကိုယ်နှစ် ယောက်တည်းရှိနေချိန်ဖက်ထားရတဲ့ခဏတာက ကမ္ဘာကြီးဟာရပ် တန့်သွားသ လိုပါပဲ။ အလုပ်၊ မိသားစုပြဿနာ ဒါတွေအကုန်လုံးမေ့လျော့ကုန်တယ်။

ကိုယ့်အတွက်ဘယ်လောက် အရေးကြီးတာသူသိပါစေ
'ချစ်တယ်'ဆိုတဲ့စကားလေး တစ်လုံးကလုံလောက်ပါရဲ့လား။ ဘာကြောင့်ချစ်တယ်၊ ဘယ် လောက်အထိချစ် တယ်ဆိုတာရော ပြောဖို့မလိုအပ်ဘူးလား။ အချစ်ရဲ့နောက်ဆက်တွဲဖြေရှင်းချက်လေးတွေက သူ့အပေါ် ထားရှိတဲ့ကိုယ့် ရဲ့ဂရုစိုက်မှုလေးတွေမဟုတ်ပါလား။

တတ်နိုင်သလောက်ကူညီပါ
ချစ်ပြီဆိုမှတော့သူ့ဘ၀ရဲ့အကောင်းအဆိုးကိုမညည်းမညူလက်ခံလိုက်တာပါ။ ဥပမာသူ့အလုပ်တွေ အရမ်းများနေတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သ လောက်ကူညီပေးပါ။ မိသားစုပြဿနာတွေ နဲ့ ရှုပ်ထွေးနေမယ် တတ်နိုင်တဲ့ဘက်ကနေ နှစ်သိမ့်ပေးပါ။ အချစ်ဆိုတာ'မျှဝေခံစာခြင်း'မဟုတ်ပါလား။

အံ့သြပျော်ရွှင်ပါစေ
သူ့ကိုလက်ဆောင်တစ်ခုဝယ် ပေးဖို့သူ့မွေးနေ့အထိစောင့်ဆိုင်းနေ စရာမလိုပါဘူး။ သူကြိုက်မယ်ထင် တဲ့တစ်စုံတစ်ခု ကိုယ်လည်းဝယ် ပေးချင်တယ်ဆိုရင် သူ့အတွက်ဝယ် ပေးလိုက်ပါ။ သူ့အကြိုက်လေးတွေ ကိုသိနေပြီး တစ်ခါတစ်ရံသူ့ကိုအံ့သြသွားစေတဲ့ပျော်ရွှင်မှုကလည်း 'အချစ်'မဟုတ်ပါလား။

မှတ်စုတိုလေးတွေ
'သတိရနေတယ်''ဘာလုပ် နေလဲ'စတဲ့စာတိုလေးတွေကလည်း သူ့အပေါ်ကိုယ် တစ်ချိန်လုံးစိတ် ရောက်နေတယ်ဆိုတာဖော်ပြနေတာ မဟုတ်ပါလား။ ဒါမှမဟုတ် ရေချိုးခန်း၊ အိမ်သာတို့မှာလို သူမထင် မှတ်ထားတဲ့နေရာလေးတွေမှာ စာ တိုလေးတွေချန်ထားခဲ့တာလည်း သူ့ကိုအံ့သြပျော်ရွှင်မှုနဲ့ပြုံးမိသွားစေ မယ်မဟုတ်ပါလား။

အသံမမာနဲ့
ဆက်ဆံရေးတိုင်းမှာအငြင်းအခုန်၊ ပဋိပက္ခဆိုတာရှိစမြဲပါ။ ဒီလိုပြဿနာတစ်ခုတက်တိုင်း ဖြေရှင်း ဖို့မကြိုးစားဘဲအော်ဟစ်ဆူပူနေမှာလား။ ဒါကပြဿနာကိုပိုပြီးဆိုးရွားသွားစေပါလိမ့်မယ်။ အဲဒီတော့ ပြဿနာဘယ်လောက်တက်တက် ကိုယ့်ဘက်ကအသံလျှော့ပြောပါ။

'ကျေးဇူးတင်စကား'ပြောပါ
ဆက်ဆံရေးတစ်ခုမှာ 'ကျေး ဇူးတင်စကား''ခွင့်တောင်းစကား' မလိုဘူးလို့ပြောကြတာများတယ်။ ဒါပေမဲ့တခြားသူငယ်ချင်းမိတ်ဆွေ ဆက်ဆံရေးတွေနဲ့မတူတာက ချစ်သူနှစ်ဦးကြားပြောလိုက်တဲ့ကျေးဇူး တင်စကားက သူ့အချစ်နှလုံးသား ကိုအသိအမှတ်ပြုလက်ခံတာပါ။ ခွင့်တောင်းတယ်ဆိုတာကလည်း ကိုယ့်စိတ်ထဲ သူအမြဲရှိတယ်ဆိုတာကိုဖော်ပြနေတာပါ။

ရင့်ကျက်မှု၊ ကြီးပြင်းရှင်သန်မှု၊ တာဝန်ယူမှုတွေနဲ့အလုပ်တွေများနေချိန်မှာကိုယ့်လက်ထဲအမိအ ရဆုပ်ကိုင်ထားတဲ့ဆက်ဆံရေးကို လည်းမမေ့လျော့ပါနဲ့။ အပြင်ထွက်လည်ပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့နေ့တစ် နေ့ချင်းစီကိုဖြတ်သန်းပါ။ နှစ်ဦးသားအတူရယ်မောနေရတာကလည်းတစ်ယောက်နဲ့တစ်ယောက် ပိုပြီးနွေးထွေးသွားစေတယ်မဟုတ်ပါလား။

Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment