ခန္ဓာကိုယ်က
ဒီလောက်ဝဖြိုးနေတာမဟုတ်ပါဘဲ ရင်သားတစ်နေရာပဲ ကွက်ကြီးနေတတ်တဲ့ ပျိုပျိုအိုအို တို့အနေနဲ့
အ၀တ်အစားရွေးချယ်ရတာပဲဖြစ်ဖြစ်၊ နေရထိုင်ရတာပဲဖြစ်ဖြစ် တော်တော်ခက်ခဲခေါင်း စားမှာသေချာပါတယ်။
မိမိရင်သားအရွယ်အစားက (၃၂-၃၄) လက်မထက်ပိုနေပြီဆိုရင် ရယ်ဒီမိတ် အ၀တ်အစားတွေကို အမြင်အတိုင်း
ဝယ်ယူဝတ်ဆင်လိုက်ဖို့ မလွယ်တော့ပါဘူး။ အရုပ်မမော်ဒယ်ပုံမှာ ၀တ်ပြထားသလို မိမိခန္ဓာကိုယ်မှာအချိုးကျနေဖို့
ရာနှုန်းပြည့်မဖြစ်နိုင်တာကြောင့် အ၀တ်စမ်းသပ် ၀တ်ဆင်ခြင်းကို မဖြစ်မနေပြုလုပ်ရပါတော့မယ်။
ရင်သားသေးသေးနဲ့ မော်ဒယ်လေးတွေမှာ အ၀တ်အစား က ချပ်ရပ်လှနေတတ်ပေမယ့် မိမိခန္ဓာကိုယ်အတွက်တော့ အ၀တ်အစားက ရင်သားနေရာမှာ ကျပ်စည်းနေ တတ်လို့ဖြစ်ပါတယ်။
ရင်သားအထူးကြီးနေတတ်တဲ့
ပျိုပျိုအိုအိုတွေအတွက် သာမန်ရယ်ဒီမိတ်ဝတ်စုံရှာရတာ ခက်ခဲတတ်သလို ကိုယ်နဲ့ Fitting
ဖြစ်နေမယ့် ဘလေဇာကုတ်အင်္ကျီ၊ စလွယ်သိုင်း လွယ်အိတ်၊ ရေကူးဝတ်စုံ၊ ဘရာစီယာ၊ အတွင်းခံတွေကိုရှာဖွေရတာလည်း
တော်တော်ချွေးပြန်ရမှာဖြစ်ပါတယ်။ အဲဒီလိုပုံမှန်အရွယ် အစား ထက်ကြီးနေတဲ့ရင်သားကိုပိုင်ဆိုင်ထားသူတွေအတွက်
အ၀တ်အစားဝတ်ဆင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်အချက်အချို့ကိုတင်ပြလိုက်ပါတယ်။
အ၀တ်အစားကျပ်ကျပ်အပေါ်မှာ
ခပ်ပွပွအ၀တ်တစ်စုံထပ်ဝတ်ပါ
ခန္ဓာကိုယ်ကောက်ကြောင်းကိုပေါ်လွင်စေတဲ့
Fit အ၀တ်အစားတွေကိုဝတ်ဆင်လိုက်ရင် ကြီးမားတဲ့ရင်သားကို ဖော်ပြထားသလိုဖြစ်ပါလိမ့်မယ်။
ရင်သားဖော်ပြလိုတဲ့အချိန်အခါတွေအတွက် အရေးမကြီးလှပေမယ့် အနည်းငယ်ဖုံးကွယ်လိုသူတွေအတွက်တော့
အပေါ်ကနေအပေါ်ဝတ်ခပ်ပါးပါးခပ်ပွပွအင်္ကျီတစ်ထည်ကို ထပ်ဝတ်လိုက်မှ တော်ကာကျပါမယ်။ ဒါဆိုရင်တော့
ရင်သားကြီးတာ သိပ်မပေါ်လွင်တော့ဘဲ ပိုမိုစမတ်ကျပြီး ခေတ်မီတဲ့အသွင်ကိုလည်း ရရှိစေမှာဖြစ်ပါတယ်။
အထက်အောက်
မတူတဲ့အရောင်တွေကို တွဲဖက်ဝတ်ဆင်ပါ
အမှန်အတိုင်းပြောရရင်
ရင်သားအရွယ်အစားကြီးမားနေသူတွေဟာ အထက်ပိုင်းခန္ဓာကိုယ်နဲ့ အောက်ပိုင်း ခန္ဓာကိုယ်တို့
အရွယ်အစားမမျှတဘဲ အပေါ်ကြီးအောက်သေးလိုဖြစ်နေတတ်ပါတယ်။ ဒီလိုအမြင်တွေကို ကာကွယ်တတ်ဖို့အတွက်
အထက်နဲ့အောက် အ၀တ်အစားကို အရောင်တူတွဲဖက်ဝတ်တာထက် အထက်အောက်အရောင်ကို တစ်မျိုးစီကာလာရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
ဥပမာ- အပေါ်ကို အစိမ်းရောင်ဝတ်ရင် အောက်ကို လိမ္မော်ရောင်နဲ့ တွဲဖက်ဝတ်တာမျိုး၊ အပေါ်ကို
အပြာရောင်ဆိုရင် အောက်ကိုအ၀ါဖြစ်ဖြစ် ပန်းရောင်ဖြစ်ဖြစ် ၀တ်ဆင်တာမျိုးဖြစ်ပါတယ်။ ကာလာ
Contrast တွေကို ရွေးချယ်တာပိုသင့်တော်ပါတယ်။ အဲဒီလို မတူညီတဲ့အရောင်တွေဟာ ခန္ဓာကိုယ်အထက်ပိုင်းနဲ့
အောက်ပိုင်းအရွယ်အစားမတူညီဘူးထင်ရတဲ့အမြင်တွေကို လှည့်စားနိုင်ပါတယ်။
လေးထောင့်ပုံစံနဲ့
အစင်းကျားဒီဇိုင်းဝတ်စုံတွေကိုရွေးချယ်ပါ
ခန္ဓာကိုယ်အထက်ပိုင်းမှာ
လေးထောင့်ပုံစံဖြစ်နေစေတဲ့အ၀တ်အစားနဲ့ အစင်းကြောင်းဒီဇိုင်းအင်္ကျီပုံစံတွေကို ရွေးချယ်ဝတ်ဆင်ခြင်းအားဖြင့်
ရင်သားမို့လွန်းအားကြီးမှုကို ကာကွယ်နိုင်ပါတယ်။ လေးထောင့်ဒီဇိုင်းဆိုတာ ကိုယ်ကျပ်အင်္ကျီအပေါ်မှာ
အဖတ်လေးတွေကိုလေးထောင့်စပ်စပ်ချထားတဲ့ဒီဇိုင်းနဲ့ လည်ပင်းတစ်ဝိုက်ကို အတွန့်သားရှည်ရှည်ချထားခြင်း
စတဲ့ဒီဇိုင်းတွေပါဝင်ပါတယ်။ အစင်းကြောင်းဒီဇိုင်းဆိုတဲ့နေရာမှာလည်း အလျားလိုက် Horizontal
အစင်းမျိုးကိုရွေးချယ်ရမှာဖြစ်ပါတယ်။
အပေါ်အောက်
တစ်ဆက်တည်းဝတ်စုံတွေကိုရှောင်ကြဉ်ပါ
အပေါ်အောက်တစ်ဆက်တည်းအင်္ကျီတွေဟာ
ရင်သားကြီးတာကို ပိုမိုကြီးသယောင်ဖြစ်စေပါတယ်။ အထက်အင်္ကျီနဲ့အောက်စကတ်၊ ထမီတွေကို သီးခြားစီဝတ်ဆင်ပေမယ့်လည်း
တစ်ရောင်တည်းဝမ်းဆက် ၀တ်ဆင်တာမျိုးကို ရှောင်ကြဉ်သင့်သလို အပေါ်အောက်တစ်ဆက်တည်း ဂါဝန်လိုဝတ်စုံမျိုးတွေကိုတော့
ပိုမိုရှောင်ရှားရမှာဖြစ်ပါတယ်။ အပေါ်တစ်ရောင်၊ အောက်တစ်ရောင် တွဲချုပ်ထားတဲ့ဂါဝန်တွေကိုတော့
လိုက်ဖက်တယ်ဆိုရင်ဝတ်ဆင်လို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ဆက်တည်းဝတ်စုံမျိုးကိုရှောင်လိုက်တာက
ပိုကောင်းပါတယ်။
ကျားဝတ်အင်္ကျီတွေကို
အထူးရှောင်ပါ
ယောက်ျားဝတ်
ဂျင်းအင်္ကျီတွေကို အထူးရှောင်ကြဉ်ရပါမယ်။ အဲဒီလို အင်္ကျီတွေဟာ ထူထဲပွရောင်းလွန်း တဲ့အတွက်
နဂိုရင်သားကြီးမှုကို ပိုမိုကြီးတယ်လို့အထင်ရောက်သွားစေပါမယ်။ ဒါကြောင့် အဲဒီလို ဂျင်းအင်္ကျီ မျိုးတွေသာမက
တခြားထူထဲတဲ့ အင်္ကျီပွပွကြီးတွေကိုလည်း မ၀တ်ဆင်သင့်ပါဘူး။ သိုးမွေး ထည်ပွပွ၊ ပြောင် လက်တဲ့သားရေတုထည်ပွပွတွေဟာလည်း
မိမိရင်သားကို နဂိုကြီးတာထက်ကို ပိုကြီးတယ်လို့ ထင်ရစေပါ တယ်။ ဒါတွေအစား ပါးပါးပွပွချည်ထည်လေးတွေက
မိမိအတွက်လည်း ပိုမိုသက်သောင့် သက်သာရှိစေတဲ့ အပြင် အမြင်ကိုလည်း တစ်မျိုးတစ်ဖုံပြောင်းလဲစေပါတယ်။
ခန္ဓာကိုယ်အောက်ပိုင်းကိုသတိထားမိအောင်
ပိုမိုလှလှပပဆင်ယင်ပါ။
ခန္ဓာကိုယ်အထက်ပိုင်းကအားနည်းချက်ကို
ဖုံးဖိနိုင်ဖို့နောက်တစ်ချက်က ခန္ဓာကိုယ်အောက်ပိုင်းကို ပိုမိုလှပ ဆွဲဆောင်မှုရှိစေခြင်းပဲဖြစ်ပါတယ်။
စကတ်တိုကျပ်ကျပ်လေးကို ဒေါက်မြင့်ဖိနပ်လှလှလေးနဲ့ တွဲဖက် ၀တ်ဆင် လိုက်ရင်လည်း ပုရိသတို့အမြင်တွေက
ခန္ဓာကိုယ်အောက်ပိုင်းအလှပေါ်မှာ အာရုံကျသွားမှာပါ။ စကတ်ကို အရောင်ရွေးချယ်ရာမှာ ခပ်ဖျော့ဖျော့အရောင်မျိုးကိုသာ
ရွေးချယ်သင့်ပါတယ်။ ဒါမှသာ ပိုမိုနုနယ်လှပစေမှာဖြစ်တဲ့အပြင် တင်သားပိုမိုကားစွင့်သွားသလိုဖြစ်တတ်ပါတယ်။
ဒေါက်မြင့်ဖိနပ်ကလည်း တင်သားအလှကို ပိုမိုကြွရွစေပါတယ်။ အဲဒီလို စကတ်တိုတို ဒေါက်မြင့်ဖိနပ်နဲ့ဝတ်ဆင်တဲ့ဒီဇိုင်းမှာ
အပေါ်ပိုင်းကိုတော့ ဗွီပုံစံလည်ဟိုက်တီရှပ်အနေတော်ပွပွလေးနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
ကလျာအိအိလွင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment