ချစ်သူနှစ်ဦးကြား ဆက်ဆံရေးကို ပျက်သွားစေတာဘာလဲ









တစ်ခါတရံမှာ ကိုယ်လုပ်လိုက်တဲ့အပြုအမူလေးတွေ၊ ကိုယ့်ရဲ့ပုံမှန်အမူအကျင့်လေးတွေက ကိုယ်တန်ဖိုးထားမြတ်နိုးတဲ့ ဆက်ဆံရေးကို ထိခိုက်စေတယ်၊ ပျက်စီးစေတယ်ဆိုတာ သတိထားမိပါရဲ့လား။ ကိုယ်တိုင်က ဒီအမူအကျင့်လေးတွေကိုပြုလုပ်နေပေမယ့် ကိုယ်တိုင်သတိထားမိဖို့က ခက်ခဲပါတယ်။ အဲဒီတော့ ပထမဆုံး ကိုယ့်ရဲ့လက်တွဲဖော်ကိုထိခိုက်မယ်။ ပြီးရင် ကိုယ့်ကိုထိခိုက်လာပါမယ်။ အဖြေမရှိဘဲ ပြီးဆုံးသွားတဲ့ဆက်ဆံရေးတစ်ခုမှာ အမှားကိုအသည်းအသန်ရှာဖွေမနေပါနဲ့။ အမှားကကိုယ်ကိုတိုင်ပါ။ ဘာတွေမှားနေလဲ။ ဘာတွေက ကိုယ်နဲ့ကိုယ့်လက်တွဲဖော်ကြားဆက်ဆံရေးကိုထိခိုက်နေစေတာလဲ…။
စကားများရန်ဖြစ်တာကို ရှောင်လွန်းခြင်း…
ကိုယ့်ဘက်ကတော့ စကား များရန်ဖြစ်တာကို ရှောင်လိုက်တာက ''စကား နည်းရန်စဲ''သဘောပါ။ တစ်ခါမှ စကားများရန်မဖြစ် ဖူးတဲ့အတွဲ…အဲဒီအတွဲက တစ်ခုခုတော့ မှားနေတာသေချာပါတယ်။ ဆက်ဆံရေးတစ်ခုမှာ ပဋိပက္ခလေးတွေတော့ အနည်းနဲ့ အများရှိမှာသေချာပါတယ်။ ဘယ်သူမှအကြောင်းအရာတစ်ခုတည်းအပေါ် အချိန်အကြာကြီး သဘောတူနေနိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ဘက်ကတော့ အတတ်နိုင်ဆုံးစကားများ ရန်ဖြစ်တာကိုရှောင် လိုက်ပေမယ့် တစ်ခါတရံ အဓိပ္ပာယ်တစ်မျိုးသက်ရောက် သွားပြီးဆက်ဆံရေးကို တစ်စထက်တစ်စအေးစက်လာစေဖို့ အကြောင်းတစ်ခု ဖြစ်လာပါတော့တယ်။
အချစ်စမ်းသပ်ခြင်း
တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတဲ့အပေါ် အချစ်စမ်းတာကလည်း ဆက်ဆံရေးကို ပျက်စီးစေမယ့် အ ကြောင်းရင်းတစ်ခုပါ။ ကိုယ့်ဘက်ကတော့သိချင် ရုံစမ်းသပ်လိုက်ပေမယ့် ခံလိုက်ရတဲ့ တစ်ဖက်သားကို မယုံကြည်ဘူးဆို တဲ့အဓိပ္ပာယ်သက်ရောက်သွားစေပါလိမ့်မယ်။ အဲဒီခံစားချက်က စိတ်ထဲမှာ ကိန်းအောင်းတာကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ် ယောက်ဆက်ဆံရေးက အေးစက်သွားစေပြီး ပျက်စီးစေပါလိမ့်မယ်။ 

''ဟုတ်တယ်'' ''မဟုတ်ဘူး'' စကားလုံးသာ ပြန်ဖြေခြင်း
သူမေးခွန်းလေး တွေထုတ်တဲ့အခါ ဘယ်လိုပြန်ဖြေလေ့ရှိပါသလဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ပါ။ ''ဟုတ်တယ်''''မ ဟုတ်ဘူး''စတဲ့ ခပ်တိုတိုအဖြေလေးတွေက ကိုယ်ကဖြေလိုက်တာသာ ဘာမှမဟုတ်ပေမယ့် တစ်ဖက်သားအတွက်ကိုတော့စ ကားမပြောချင်ဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားစေပါတယ်။ ကိုယ်ချစ်တဲ့တစ်စုံတစ်ယောက်က ကိုယ့်ကိုစကားမပြောချင်ဘူးဆိုတဲ့ ခံစားချက်က အလွန်မှဆိုးရွားလှပါတယ်။ အဲဒီခံစားချက်နဲ့အတူ ဆက်ဆံရေးက တဖြည်းဖြည်းအေး စက်သွားပါတော့တယ်။ ဒါတင်မ ကပါဘူး။ ဒီလိုခပ်တိုတိုအဖြေလေးတွေက ကိုယ်ဟာသူနဲ့ ဆက်ဆံရေးကိုတစ်စထက်တစ်စဝေးအောင်တွန်းပို့နေတဲ့ အပြု အမူလေးတွေပါပဲ။

ဆွေးနွေးဖို့ ငြင်းဆန်ခြင်း
တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် အကြောင်းအရာတစ်ခုကို ဆွေးနွေးဖို့အချိန် မပေးနိုင်တာကလည်း တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးပျက်ပြားစေတဲ့ အကြောင်းရင်းတစ်ခုပါ။ ကိုယ့်ဘက်ကတော့ ဆွေးနွေးရတာဝါသနာမပါလို့ ရှောင်နေပေမယ့် ဒီအပြုအမူကတစ်ဖက်လူကို စကားပြောဖို့ ရှောင်နေတယ်၊ မျက်နှာချင်းမဆိုင်ချင်ဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားစေပါတယ်။

နားပူနားဆာလုပ်ခြင်း
နားပူနားဆာလုပ်တာ တ ကျည်ကျည်လုပ်နေတာက လူ တိုင်းနီးပါး ကိုယ့်ကိုယ်ကိုယ်သတိ မထားမိဘဲ ကိုယ်တိုင်တောင်နား မလည်ဘဲလုပ်မိလေ့ရှိတဲ့အပြုအမူ တစ်ခုပါ။ ဒီအပြုအမူက ကိုယ့်အ တွက်တော့ ကလေးဆန်နေသဖွယ် ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ အမှန် တရားကတော့ ဒါကတစ်ဖက်သား ကို စိတ်အနှောင့်အယှက်ဖြစ်စေရုံ သာမက ပျင်းရိစရာကောင်းလာစေ ပါလိမ့်မယ်။

မှီခိုလွန်းခြင်း
ယောကျာ်းလေးတွေက မိန်းကလေးတွေအတွက်တော့ အရာအားလုံးနီးပါးမှာ တံတိုင်းကြီးသဖွယ်ပါ။ တံတိုင်းကြီးသဖွယ်ဆိုတာ အရာအားလုံးမှာ မှီခိုနေမှာလား၊ မိန်းကလေးတွေကလည်း ယောကျာ်းလေးတွေကို အမှီအခိုကင်းနေစေချင် သလို ယောကျာ်းလေးတွေကလည်း မိန်းကလေးတွေကို အမှီအခိုကင်း တာမြင်ချင်ကြမှာပါ။ ''မင်းမရှိဘဲ အသက်မရှင်နိုင်ဘူး''ဆိုတဲ့ စကား လုံးကစာထဲမှာပဲရှိပါတယ်။ ပြင်ပ လောကမှာတော့ မင်းမရှိလည်း ကောင်းကောင်းနေနိုင်ပါတယ်ဆိုတာကသာ တစ်ယောက်အတွက် တစ်ယောက်စိတ်ချယုံကြည်စေမှာပါ။

အခွင့်အရေးယူလွန်းခြင်း
နောက်ထပ်တစ်ယောက်နဲ့ တစ်ယောက်ဆက်ဆံရေးကို ပျက် စီးသွားစေတဲ့အကြောင်းရင်းတစ်ခု ကတော့ အခွင့်အရေးယူလွန်းတဲ့ အတွက်ကြောင့်ပါပဲ။ ဘယ်လောက်ပဲ ကိုယ့်ချစ်သူနဲ့အချိန် အကြာကြီးတွဲခဲ့သည်ဖြစ်စေ
ချစ်သူအပေါ်မှာ အခွင့်အရေးမယူပါနဲ့။

တစ်ယောက်တည်းသမား လိုသုံးဖြုန်းခြင်း
ငွေကြေးဆိုတာ ဆက်ဆံရေး တစ်ခုကို ဆိုးဆိုးရွားရွားပျက်စီးစေတဲ့ အကြောင်းရင်းတစ်ခုပါ။ ကိုယ့် ပိုက်ဆံအကောင့်ထဲမှာရှိတဲ့ငွေကြေးက ကိုယ့်ငွေကြေးဆိုတာမမှား ပါဘူး။ အဲဒီလိုဆိုလို့လည်း ငွေကို အသားကုန်သုံးဖြုန်းနေမှာလား။ ဆက်ဆံရေးတစ်ခု ရေရှည်တည် မြဲဖို့အတွက်က ငွေအင်အားလည်း လိုအပ်ပါတယ်။ ငွေအင်အားလို့ဆိုရာမှာတစ်ယောက်တည်းရဲ့ ငွေကြေးကိုပြောတာမဟုတ်ပါဘူး။ နှစ်ယောက်စလုံးရဲ့ ငွေကြေးကို ပြောတာပါ။ ကိုယ်ရှာတဲ့ငွေ ကိုယ်သုံးကြေးဆိုရင်တော့ ဆက်ဆံရေး တစ်ခုက ရေရှည်တည်မြဲနေမှာ မဟုတ်ပါဘူး။

သူ့အချိန်ကိုယူလွန်းခြင်း
ကိုယ့်အတွက် ကိုယ်ပိုင်အ ချိန်လိုသလို သူ့အတွက်လည်း ကိုယ်ပိုင်အချိန်လိုမယ်ဆိုတာ စဉ်းစားဖူးပါသလား။ အဲဒါကြောင့် သူ့အပေါ်တစ်ချိန်လုံး တွယ်ကပ်မနေပါနဲ့။ သူ့အတွက်လည်း ကိုယ်ပိုင်အချိန်ပေးဖို့လိုပါတယ်။

လူအများရှေ့နှိမ့်ချခြင်း
ဘယ်သူမဆို ကိုယ်ချစ်တဲ့လူ ကို တခြားလူအများရှေ့မှာ ချီးမွမ်းပြောဆိုလေ့ရှိပါတယ်။ တစ်ခါတရံမှာတော့ တချို့သောလူတွေက ချီး မွမ်းပြောဆိုရမယ့်အစား လူအများ ရှေ့မှာနှိမ်ချပြောဆိုလေ့ရှိပါတယ်။ ဒါက ကိုယ့်အမူအကျင့်ဖြစ်ပေမယ့် တစ်ဖက်သားအတွက်တော့ တန်ဖိုးမထားဘူးဆိုတဲ့ အဓိပ္ပာယ်သက် ရောက်နေပါတယ်။

Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment