လူအတော်များများ
နေ့စဉ်အလုပ်ဘ၀ထဲမှာ နစ်မွန်းနေရတဲ့ခေတ်ကြီးထဲမှာ အချစ်အတွက် သီးသန့် အချိန်ပေး ဖို့ဆိုတာ
ရှားပါးလာပါပြီ။ အဲဒီတော့ ဘာဖြစ်မလဲ။ တစ်ယောက်နဲ့တစ်ယောက်ဝေးကွာ လာတယ် လို့ ခံစားလာရတာပေါ့။
အဲဒီတော့ ချစ်သူနဲ့ အနေနီးပါလျက် စိတ်ချင်းဝေးကွာမသွားစေဖို့ဘာလုပ်ကြမလဲ။
နမ်းပါ
ရုပ်ရှင်ကြည့်တဲ့အချိန်လေးဖြစ်စေ၊
အလုပ်မသွားခင် အချိန်လေးဖြစ်စေ၊ ကိုယ့်ချစ်သူကိုအနမ်းလေးပေးပါ။ နမ်းတာကဘာမှလည်းမခက်ခဲသလို
ဘယ်လောက်မှလည်းမကြာပါဘူး။ ကိုယ့်ချစ်သူကို ကိုယ်နမ်းရတာ ရှက်စရာမဟုတ်ပါဘူး။ ညအိပ်ရာမ၀င်ခင်
မနက်အိပ်ရာထပြီးဘယ်အချိန်ဖြစ်ဖြစ်နမ်းပါ။ အနမ်းတစ်ပွင့်က တစ်စတစ်စဝေးကွာလာတဲ့နှလုံးသားကို
ပြန်ပြီးနီးကပ်လာစေပါလိမ့်မယ်။
စကားပြောပါ
စကားပြောပါဆိုလို့
နားထောင်ရတာလွယ်တယ်လို့ထင်ရတာပေါ့။ အဲဒီလိုအခါမျိုးမှာ ''ပြောသားပဲ'' ဆိုတဲ့ အဖြေကလာမှာ
သေချာပါတယ်။ တကယ်တော့ လေးလေးနက်နက်ပြောရမယ်ဆိုတဲ့အခါဘာပြောရမှန်း မသိတော့ပါဘူး။ သူအိပ်ပြီးပြီလား။
ဒီနေ့ရုံးမှာဘာတွေဖြစ်လာသလဲ။ ဘယ်လောက်တောင်လွမ်းနေတယ် စတဲ့စကားလေးတွေက ရိုးစင်းပေမယ့်
တစ်ဖက်သားပြန်ဖြေလိုက်တဲ့အခါမှာ ချစ်ခြင်းမေတ္တာအပြည့်အ၀ပါဝင်နေပြီးတစ်ယောက်နဲ့ တစ်ယောက်ပိုပြီး
ရင်းနှီးမှုရစေမှာမဟုတ်ပါလား။
လက်တွဲထားပါ
သူ့လက်ကိုမြဲမြဲကိုင်ထားတာက
လွတ်လပ်မှုရဲ့သင်္ကေတပါ။ သူနဲ့ကိုယ်နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက်မြတ်မြတ်နိုးနိုးရှိကြပါတယ်လို့
ကမ္ဘာကြီးကို ဖွင့်ဟပြောပြလိုက်တဲ့ သဘောပါ။ လက်ကိုင်တယ်ဆိုတာ သာမန်အမြင်ကြည့်ရုံနဲ့
ရိုးရှင်းပေမယ့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်စွာ ဆုပ်ကိုင်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။
ဆက်ဆံရေးတစ်ခုရဲ့ ပထမဆုံး လွယ်ကူရိုးရှင်းတဲ့အဆင့်ကို ကျော်ဖြတ်ပြီးသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်
လက်ကိုမြဲမြံစွာ ဆုပ်ကိုင်ထားခြင်းရဲ့ ပျော်ရွှင်မှုအရသာကို မေ့လျော့သွားတတ်ပါတယ်။
ဖက်ထားပါ
တစ်ယောက်နဲ့တစ်ယောက်
ဖက်နေဖို့အတွက် အချိန်နေရာ ရွေးချယ်နေစရာမလိုပါဘူး။ တီဗီကြည့် နေချိန်လေးဖက်ထားပါ။
မုန့်စားနေချိန်လေးဖက်ထားပါ။ ဖက်ထားလိုက်တဲ့အခါ သူ့ရဲ့လက်မောင်းထဲ ရင်ခွင်ထဲမှာ လုံခြုံစိတ်ချမှု၊
နွေးထွေးမှု၊ အကာအကွယ်ရမှုဆိုတဲ့ ကြည်နူးစရာတွေကိုခံစားရပါတယ်။
နားထောင်ပါ
ချစ်သူနဲ့ရန်ဖြစ်တဲ့အခါ
မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ အမြဲတမ်းမှန်ချင်နေတာသဘာဝပါ။ ရန်ဖြစ်တယ် ဆိုတာက သူ့ဘက်က
စကားကိုနားထောင်ခွင့်မရဘူး။ သူ့ကိုအမှန်အမှား ပြောခွင့်ဖြေရှင်းခွင့် မပေးဘူးဆိုတဲ့
အဓိပ္ပာယ်တစ်မျိုးလည်းသက်ရောက်ပါတယ်။ အဲဒါကြောင့် ချစ်သူနှစ်ဦးကြားစိတ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုက
မသိ စိတ်ရဲ့တစ်ထောင့်တစ်နေရာမှာ ကိန်းအောင်းလာပါတယ်။ ဒီလိုအမြဲသွားနေမှာလား။ သူ့ကိုလည်း
ဖြေရှင်းခွင့်လေးပေးပါ။
ပျော်စရာဖန်တီးပါ
များပြားလှတဲ့အလုပ်တွေကြောင့်
အချိန်မပေးနိုင်တဲ့အတွက် နှစ်ဦးသား ဆက်ဆံရေးက တဖြည်းဖြည်းအေးစက်ပြီး အနေဝေးလာတယ်လို့
ခံစားရပါသလား။ အဲဒီလို အခြေအနေမျိုးတွေရှောင်ရှားဖို့အတွက် တစ်ယောက်နဲ့တစ်ယောက်ပျော်
စရာလေးတွေဖန်တီးကြည့်ပါ။ ဟာသကားလေးတွေ ကြည့်တာမျိုး၊ ရယ်စရာဟာသ လေးတွေပြောတာမျိုးနှစ်ဦးသား
အတူပါဝင်နိုင်မယ့်ပတ်ဝန်းကျင်ကို ဖန်တီးကြည့်ပါ။
ဖုန်းတွေခေတ္တပိတ်ထားပါ
အခုအချိန်မှာတစ်ယောက်နဲ့
တစ်ယောက်ယှဉ်တွဲနေထိုင်ပါလျက် ဝေးကွာသွား ရတဲ့အကြောင်းတစ်ခုကတော့ လျှပ်ပစ္စည်းတွေကြောင့်ပါပဲ။
ဖုန်းတွေကဝေးကွာ နေသူတွေကို နီးစပ်စေပြီး နီးစပ်နေသူတွေကို ဝေးကွာစေပါတယ်။ အဲဒီတော့
ဖုန်းသုံးနေမယ့်အစား သူ့ကိုအချိန်ပြည့်ပေးလိုက်တာပိုပြီးမကောင်းဘူးလား။
အကောင်းမြင်တတ်ပါစေ
အဆိုးမြင်စိတ်တစ်ခုက
ဆက်ဆံရေးကိုပျက်စီးစေပြီး တစ်ယောက်နဲ့တစ်ယောက်ကိုဝေးကွာစေပါတယ်။ အနေနီးသွား စေဖို့အတွက်ကတော့
ဘ၀ကိုအကောင်းမြင်ပါ။ မျက်နှာကိုပြုံးထားပါ။ ဒီထက်အရေးကြီးတာရှိပါသေးတယ်။ အဲဒါကတော့
ကိုယ့်ချစ်သူကိုအမြဲတမ်းဘေး ကနေ အားပေးလက်တွဲကူညီဖို့ပါပဲ။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment