ကျော်ပြင်က ၀က်ခြံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရင်













ဝက်ခြံက စိတ်ရှုပ်စရာကောင်းပြီး ဆိုးရွားလှတဲ့အရေပြားပြသသနာပါ။ ဒီထက်ပိုပြီးဆိုးရွားတာကတော့ ကျော ပြင်မှာပေါက်တဲ့ ၀က်ခြံတွေပါ။ ကျောပြင်မှာပေါက်တဲ့အတွက် အိပ်ရတာဒုကခရောက်ပါတယ်။ ကုသရခက်ပါ တယ်။ ကုသတဲ့အခါလည်း သူများအကူအညီယူရပါတယ်။ မျက်နှာပြင်က ၀က်ခြံတွေလိုပဲ ကျောကုန်းက ၀က်ခြံတွေကလည်း ဘက်တီးရီးယားနဲ့ အဆိပ်တွေကြောင့်ပေါက်ဖွားလာတာပါ။ လက်မောင်း၊ ပခုံး၊ ခြေ ထောက်တွေမှာလည်း ပေါက်နိုင်ပါသေးတယ်။ အဲဒီတော့ ကုသရခက်ခဲတဲ့ ကျောပြင်က၀က်ခြံတွေကို ဘယ်လိုကုသကြမလဲ " " "

ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်က ၀က် ခြံတွေကိုပျောက်ကင်းစေပြီး အနာ ကျက်မြန်စေပါတယ်။ ရှားစောင်း လက်ပတ်အတွင်းသားနဲ့ ၀က်ခြံ တွေအပေါ် တစ်နေ့တစ်ကြိမ်တစ် ပတ်ခန့် ပွတ်ပေးပါ။ သိသိသာသာ ပျောက်ကင်းသွားစေပါလိမ့်မယ်။

လက်ဖက်ရည်ကြမ်း
လက်ဖက်ရည်ကြမ်းမှာပါဝင် တဲ့ဒြပ်ပေါင်းတွေက ၀က်ခြံနဲ့ပိုးမွှား တွေကို သေစေနိုင်စွမ်းရှိပါတယ်။ လက်ဖက်ရည်ကြမ်းထဲကို ဂွမ်းစ စိမ်ပြီး ၀က်ခြံဒဏ်ရာပေါ် ပွတ်ပေး ပါ။ ၁၀ မိနစ်ခန့်အကြာမှာ ရေနဲ့ ဆေးချလိုက်ပါ။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာပါဝင်တျဲ့ေူငခပူငခ ခေငိ က ၀က်ခြံတွေကို ခြောက်သွေ့သွားစေပါတယ်။ ခရမ်း ချဉ်သီးအတွင်းသားနဲ့ ၀က်ခြံဒဏ်ရာ တွေကိုပွတ်ပြီး ၁၀ မိနစ်နေမှ ရေ ခပ်နွေးနွေးလေးနဲ့ဆေးလိုက်ပါ။ တစ်နေ့ ၂ ကြိမ်လုပ်ပေးနိုင်ပါတယ်။

နနွင်း
နနွင်းကရောင်ရမ်းနာကျင်ခြင်း ကို သက်သာစေပြီး ဘက်တီးရီး ယားတွေကို သေစေပါတယ်။ နနွင်းနဲ့ နှမ်းဆီ ခပ်ပျစ်ပျစ်ရောစပ်ပြီး ၀က်ခြံတွေပေါ် သိပ်ထားပေးပါ။ တစ်နာရီအကြာမှ ရေစင်အောင် ဆေးချပါ။ တစ်နေ့ ၁-၂ကြိမ်လုပ် ပေးနိုင်ပါတယ်။

သံပုရာရည်
သံပုရာရည်က ဘက်တီးရီး ယားတွေကိုသေစေပြီး အဆီတွေ စုပ်ယူပေးနိုင်စွမ်းရှိပါတယ်။ သံပုရာ သီးကိုလှီးပြီး အတွင်းသားနဲ့ဝက်ခြံ တွေပေါ် စက်ဝိုင်းပုံစံ ခပ်ဖွဖွပွတ်ပေး ပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေအေး အေးလေးနဲ့ဆေးချလိုက်ပါ တစ်နေ့ ၁-၂ ကြိမ်လုပ်ပေးနိုင်ပါတယ်။


ပျားရည်
ပျားရည်က အစိုဓာတ်ဖြည့်ပေးပြီး ယားယံခြင်း ကိုသက်သာစေပါတယ်။ ပျားရည်အနည်းငယ်ကို ၀က်ခြံပေါ်ခပ်ဖွဖွလိမ်းထားပြီး ၁၀မိနစ် ၁၅မိနစ်ခန့်ထား ပေးပါ။ ပြီးမှ ရေနွေးလေးနဲ့ဆေးချပါ။ တစ်နေ့ ၂-၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

ကွေကာအုပ်
ကွေကာအုပ်က အရေပြားကို သန့်စင်စေပြီး ချွေးပေါက်တွေအ တွင်းကအဆီတွေကို စုပ်ယူပေးပါ တယ်။ ကွေကာအုပ်အတွင်း ရေ အနည်းငယ်ရောပြီးဝက်ခြံပေါ်မှာ အုံထားပေးပါ။ ၁၀ မိနစ်ခန့်ထား ပေးပြီး ရေခပ်နွေးနွေးလေးနဲ့ဆေးချ ပါ။ တစ်ပတ်မှာ ၁-၂ကြိမ် လုပ်ပေး နိုင်ပါတယ်။

လက်ဖက်ပင်အဆီ
လက်ဖက်ပင်အဆီ ၁-၂စက် ခန့်ကို ဂွမ်းစလေးမှာဆွတ်ပြီး ၀က်ခြံ ပေါ်လိမ်းထားပေးပါ။ ၁၅ မိနစ် မိနစ်၂၀ ကြာမှ ရေခပ်နွေးနွေးလေး သုံးပြီး ဆေးချလိုက်ပါ။ တစ်နေ့ တစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။

ပန်းသီးအရက်ဗီနီဂါ
ဘက်တီးရီးယားတွေကိုသေစေ ပြီး စူံနလနူ ထိန်းညှိပေးတဲ့ ဗီနီ ဂါတစ်ဇွန်း၊ ရေတစ်ခွက်ရောစပ်ပြီး ကျောပြင်မှာ ၁၀ မိနစ်ခန့် လိမ်းပေး ထားပါ။ ပြီးမှ ရေခပ်နွေးနွေးလေးနဲ့ ဆေးချပါ။ တစ်နေ့ ၂-၃ကြိမ်လိမ်း ပေးနိုင်ပါတယ်။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment