အဆစ်အမြစ်တွေရောင်ရမ်းနာ
ကျင်တဲ့အခါ ခန္ဓာကိုယ်ထဲကအရိုး အဆစ်လေးတွေက နေထိုင်ရမ သက်မသာဖြစ်တာ၊ ရောင်ရမ်းနာကျင်တာမျိုးခံစားရတတ်ပါတယ်။
ဒါက ဘယ်သူမဆိုအကြောင်းအ မျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒီနာကျင်မှုကခဏတာ ဒါမှမဟုတ်
နာတာရှည်အနေနဲ့ဖြစ်နိုင်သလို ပြင်းထန်သလိုဆိုးလည်းဆိုးရွားနိုင်ပါတယ်။ ဒီပြဿနာအတွက်
တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ် တာတွေအပြင် တခြားဆေးဝါးတွေလည်းမှီဝဲနိုင်ပါတယ်။ ဒါပေမဲ့
ရော ဂါဝေဒနာတစ်ခုခံစားရပြီဆိုတဲ့အခါ စားသုံးရတာတွေရှိသလို ရှောင်ရှားရတာတွေလည်းရှိပါတယ်။
ရှောင်ရှားသင့်တဲ့အစားအစာတွေကတော့…
အသင့်စား/အနီရောင်အသားရှောင်
အသင့်စား/အနီရောင်အသား
တွေမှာ ခန္ဓာကိုယ်အတွင်းရောင် ရမ်းနာကျင်စေတဲ့ Nitrites နဲ့ Purines တို့လို ဓာတုပစ္စည်းတွေ
ပါဝင်ပါတယ်။ အသင့်စားအစားအ စာတွေမှာဆိုရင် ခန္ဓာကိုယ်ကို ရောင်ရမ်းစေတဲ့ Glycation
end Products (AGEs)တို့လိုအဆိပ်တွေ ပါဝင်ပါတယ်။ အဲဒါကြောင့် အသင့်စား/အနီရောင်အသားတွေ
အတတ်နိုင်ဆုံးဝေးဝေးရှောင်ပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေများများစားပေးပါ။
ပြုပြင်ထားသောသကြား
သွေးတွင်းသကြားဓာတ်များ
ပြားခြင်းကလည်း ခန္ဓာကိုယ်အ တွင်းရောင်ရမ်းစေတဲ့ AGE ကိုပွား များစေပါတယ်။ ကယ်လိုရီ၊
သကြားများပြားစွာစားသုံးခြင်းက ခန္ဓာ ကိုယ်အလေးချိန်တိုးလာစေသလို အဆစ်အမြစ်တွေကိုပိုဖိအားပေးသလိုဖြစ်စေပြီး
ပိုနာကျင်စေပါတယ်။ အချိုဓာတ်ကဲနေတဲ့ အချိုရည် တွေကလည်း ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။
အဲဒါကြောင့် အချိုလွန်ကဲစွာပါဝင်တဲ့သစ်သီး၊ အအေး စတာတွေကိုစားသုံးခြင်းလျော့ချပါ။
နို့ထွက်ပစ္စည်း
နို့ထွက်ပစ္စည်းတွေကလည်း
အရိုးအဆစ်တွေကိုနာကျင်ကိုက်ခဲ စေပါတယ်။ နို့ထွက်ပစ္စည်းတွေထဲ မှာပါဝင်တဲ့ Protein
Casein က ရောင်ရမ်းနာကျင်မှုကိုတိုးပွားစေပါတယ်။ ဒီပရိုတိန်းက ခန္ဓာကိုယ်တွင်းတစ်သျှူးနဲ့
အရိုးအဆစ်တွေကို ရောင်ရမ်းနာကျင်စေပါတယ်။ နို့၊ ထောပတ်၊ ဒိန်ခဲထဲမှာပါဝင်တဲ့ ပျော်ဝင်ဆီတွေက
အဆစ်အမြစ်တွေကိုပိုပြီးကိုက်ခဲစေပါတယ်။ အဲဒါကြောင့် အဆစ်အမြစ်နာကျင် တတ်သူတွေအနေနဲ့
နို့နဲ့နို့ထွက် ပစ္စည်းတွေအတတ်နိုင်ဆုံးရှောင်ရှားပါ။
ပြောင်းဖူးဆီ
ပြောင်းဖူးဆီမှာ
ခန္ဓာကိုယ်အ ရိုးအဆစ်တွေကို အရွယ်မတိုင်မီ ကိုက်ခဲစေတဲ့ Omega 6 Fatty Acid ပါဝင်ပါတယ်။
Omega 6 Fatty Acid များပြားခြင်းက ရောင်ရမ်းနာကျင်မှုကိုလွယ်ကူလျင်မြန်စေသလို ရောင်ရမ်းနာကျင်စေတဲ့
ပိုး မွှားတွေကိုလည်း ပွားများစေပါ တယ်။ နေကြာ၊ စပျစ်၊ ပဲပိစပ်၊ မြေပဲဆီစတာတွေက
Omega 6 Fatty Acid ကြွယ်ဝစွာပါဝင်ပါတယ်။ Omega 6 က ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း
သဘာဝအလျောက်လိုအပ်တဲ့အ တွက်ကြောင့် အစားအစာတွေက နေလုံးဝဖယ်ရှားရှောင်ရှားလို့မရပါဘူး။
ဥ
ကြက်ဥ၊ ဘဲဥပုံမှန်စားသုံးခြင်းကလည်း
အဆစ်အမြစ်ရောင် ရမ်းနာကျင်ခြင်းတွေကိုခံစားရစေပါတယ်။ ကြက်ဥအနှစ်မှာပါဝင်တဲ့ Arachidonic Acid က ခန္ဓာ ကိုယ်အတွင်းရောင်ရမ်းနာကျင်စေ
တဲ့ဓာတ်ကို ထုတ်လွှတ်ပေးပါ တယ်။ ဒါ့အပြင်ကြက်ဥမှာရောင် ရမ်းနာကျင်မှုကိုပျံ့ပွားစေတဲ့
ပျော်ဝင်ဆီတွေပါဝင်ပါတယ်။ အဲဒါကြောင့် အဆစ်အမြစ်ကိုက်ခဲသူ တွေအနေနဲ့ ကြက်ဥအနှစ်ကိုအတတ်နိုင်ဆုံးဖယ်စားပါ။
ဒိန်ရည်ကြည်
ဒိန်ချဉ်ရဲ့အပေါ်ယံအရည်ကြည်
မှာပါဝင်တဲ့ Gluten နဲ့ Casein က ရောင်ရမ်းနာကျင်မှုကိုတိုးပွားစေပါတယ်။ Casein က ခန္ဓာ
ကိုယ်အတွင်း Uric Acid ကိုတိုး ပွားစေတဲ့ပရိုတိန်းတစ်မျိုးပါ။ ခန္ဓာကိုယ်တွင်း Uric
Acid များပြားလာခြင်းက ဂေါက်ရောဂါလိုမျိုးဖြစ်လာစေနိုင်ပါတယ်။
ပြုပြင်ထားသောဆား
စားပွဲတင်ဆားက
တကယ်တော့ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ စားပွဲတင်ဆားမှာ Gilicon, Phosphorous တို့လို
သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ သတ္ထုဓာတ်တွေမပါဝင်ဘဲ ဓာတုပစ္စည်းတွေပါဝင်ပါတယ်။ အဲဒီဓာတုပစ္စည်းတွေက
အရိုးတွင်းလိုအပ်တဲ့ကယ်ဆီယမ် ဓာတ်ကိုစုပ်ယူသွားပြီးအရိုးအဆစ် နာကျင်ရောင်ရမ်းမှုကိုဖြစ်လာစေပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment