Social
Media က ရင်းနှီးသူတွေတင်ထားတဲ့ Post တွေကို ခပ်မြန်မြန်လေးကြည့်ကြည့်ပါ။
ရုပ်ပိုင်းဆိုင် ရာတွေကိုပိုပြီးအလေးပေးနေတာကိုတွေ့ရပါလိမ့်မယ်။
ဒါဆို ဘယ်လောက်များများဦးနှောက်နဲ့ပတ်သက်ပြီး လေ့ကျင့်နေကြပါသလဲ…။
ဦးနှောက်ကိုလေ့ကျင့်ပေးရင်ကောင်းတဲ့ရလဒ်တွေက
အများကြီးပါ။ ပိုပြီးလေ့ လာနိုင်မယ်။ ပိုပြီးသင်ယူလာနိုင်မယ်။
မှတ်ဉာဏ်စွမ်းအားပိုပြီးကောင်းလာမယ်။
အဲဒီတော့ ဘ၀က ပိုပြီးပြည့်စုံလာမယ်။ အဲဒီတော့ မြန်မြန်သင်ယူပြီး
များများမှတ်မိနိုင်ဖို့
ဦးနှောက်ကို ဘယ်လိုလေ့ကျင့်ကြ မလဲ…။
မကြာမကြာလုပ်ပေး
ဘာပဲလုပ်လုပ်တစ်ကြိမ်တစ်ခါတည်းလုပ်ရုံနဲ့
မှတ်မိဖို့ခက်ခဲပါတယ်။ ငယ်ငယ်ကတည်းက စက်ဘီးစီးသင်ခဲ့ရင်ပဲ ပြန်တွေးကြည့်လေ။ စစချင်းတော့ခက်ခဲခဲ့တာပဲမဟုတ်ပါလား။
အဲဒါကြောင့် မှတ်မိလွယ်ချင်ရင် မကြာမကြာလုပ်ပေးပါ။
သိလိုစိတ်ပြင်းပြ
သင်ယူချင်တဲ့လူက
သိလိုစိတ်ပြင်းပြနေဖို့လိုပါတယ်။ သိလိုစိတ်ပြင်းပြတာအဖြေလွယ်လွယ်ကူကူရစေပါတယ်။ ကောင်းကောင်းသင်ယူချင်ရင်
စိတ်အားထက်သန်ဖို့လိုပါတယ်။ ပျော်ရွှင်တတ်ဖို့လိုပါတယ်။
အလုပ်အများကြီးလုပ်ခြင်း
တစ်ချိန်တည်းအလုပ်တွေတစ်ပြိုင်တည်းလုပ်တာ
ဘယ်အရာကိုမှ ပြီးမြောက်စေမှာမဟုတ်ပါဘူး။ မြန်မြန်တော့ပြီးချင်ရင်ပြီးသွားလိမ့်မယ်။
ဒါပေမဲ့ ကောင်းကောင်းမှတ်မိနိုင်မှာမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကိုယ်ဆုပေး
လေ့လာမှုတစ်ခုအောင်မြင်သွားတိုင်း
ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုစိတ်ကို မွေးမြူထားပါ။ ဒါမှ နောက်ထပ်လေ့လာသင်ယူဖို့ အင်အားသစ်တွေရစေမှာမဟုတ်ပါလား။
ချရေး
ဥပမာ ဒီတစ်ပတ်မှာ
စာမျက်နှာ ၂၀၀ လောက်ရှိတဲ့နိုင်ငံရေးစာအုပ်တစ်အုပ်ဖတ်လိုက်တယ်ဆိုပါစို့။ ကိုယ့်ကိုယ်ကိုယ်
အများကြီးလေ့လာခဲ့ရတယ်လို့ ထင်ကောင်းထင်မိလိမ့်မယ်။ နောက်ရက်ပိုင်းပဲမခြားလို့ ဒီစာအုပ်ထဲကအကြောင်းအရာကိုပြန်မေးကြည့်ရင်
မေ့တေ့တေ့ဖြစ်နေပါလိမ့်မယ်။ အကောင်းဆုံးကတော့ စာရွက်မှာချရေးပါ။
ကိုယ်လေ့လာခဲ့တာတွေပြန်ပြောပြ
တစ်ယောက်တည်းသင်ကြားလေ့လာခဲ့သမျှကို
မျိုသိပ်ထားလို့ ဘာမှထူးလာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ်သင်ယူခဲ့သမျှမှတ်မိသမျှတွေကို
ပတ်ဝန်းကျင်ကိုဝေမျှပေးပါ။
အမှားတွေကို
အသုံးချ
အမှားဆိုတာ
မှားယွင်းတုန်းကသာ စိတ်ရှုပ်စရာကောင်းပေမယ့် အသုံးချတတ်၊ သင်ခန်းစာယူတတ်ရင် တန်ဖိုးရှိတဲ့အရာတွေချည်းပါ။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment