လေတက်တာက သဘာဝဖြစ်စဉ်ဆိုပေမယ့် စိတ်ပျက်စရာကောင်းပါတယ်…













လေတက်တာက လူ့ခန္ဓာကိုယ်အစာအိမ်အတွင်းကဂက်စ်တွေကိုပါးစပ်ကနေတစ်ဆင့် စွန့်ထုတ်ပစ်လိုက်တဲ့သဘာဝဖြစ်စဉ် တစ်ခုပါ။ လေတက်တဲ့အခါအသံနဲ့အတူ တစ်ခါတစ်ရံ မကောင်းတဲ့ အနံ့အသက်ပါရောပါလာပါတယ်။ တစ်ခါတစ်ရံအစာအိမ်အတွင်းမှာရှိ တဲ့ဂက်စ်က ဗိုက်အောင့်ဗိုက်နာ ဖြစ်စေတက်ပါတယ်။ လေတက်ရတာက အစာစားနေစဉ်အတွင်း လေတွေမျိုချမိတာ ဒါမှမဟုတ် အစာခြေစနစ်အတွင်း ဂက်စ်တွေ အလွန်အကျွံထွက်စေတဲ့
အစာတွေကြောင့် အစာခြေစနစ်အား နည်းလာတာကြောင့်ဖြစ်နိုင်ပါတယ်။ လေတက်တာက သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပေမယ့် တစ်ခါတစ်ရံ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းပါတယ်။ အဲဒီတော့
မကြာခဏလေတက်တဲ့ဖြစ်စဉ်ကို ဘယ်လိုဖြေရှင်းကြမလဲ။

ချင်း
ချင်းက ဂက်စ်အလွန်အကျွံ ထုတ်ပေးခြင်းကိုသက်သာစေမယ့် သဘာဝဆေးတစ်လက်ပါ။ ချင်းမှာပါဝင်တဲ့ သဘာဝဂုဏ်သတ္တိတွေက ဂက်စ်ထုတ်လုပ်ခြင်းကိုသက်သာစေပြီး ပျို့အန်လိုစိတ်၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာစေပါလိမ့်မယ်။ အစာခြေစနစ်ကို ကောင်းမွန်စေပြီး
ဗိုက်နာရင်ကယ်ဖြစ်ခြင်းကို သက်သာစေပါလိမ့်မယ်။ အစာခြေစနစ်ကိုကောင်းမွန်စေပြီး ဗိုက်နာခြင်းကိုလည်း သက်သာစေပါတယ်။ ချင်းတစ်ပြားကို ရေနွေးပူပူထဲ
၁၀ မိနစ်ခန့်ပြုတ်ပေးပါ။ ပျားရည်၊ သံပုရာရည်တို့ရောစပ်ပြီး တစ်နေ့ ၂-၃ ကြိမ်သောက်ပေးနိုင်ပါတယ်။

ပင်စိမ်း
ပင်စိမ်းကလည်း လေတက်တာကိုသက်သာစေမယ့် သဘာဝပစ္စည်းတစ်မျိုးပါ။
ပင်စိမ်းမှာပါဝင်တဲ့သဘာဝဓာတ်ပစ္စည်းတွေက အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက် ဂက်စ်ထုတ်လုပ်ခြင်းကိုသက်သာစေပြီး အစာအိမ်လမ်းကြောင်းကို သက်သာစေပါတယ်။ ပင်စိမ်းအရွက်ခြောက်ကိုရေနွေးပူပူထဲ ၁၀ မိနစ်ခန့်စိမ်ထားပါ။
တစ်နေ့ ၂-၃ ကြိမ်အထိသောက်သုံးပေးနိုင်ပါတယ်။

Probiotic အစားအစာများ
Probiotic  ကြွယ်ဝတဲ့အစားအစာတွေကလည်း အစာအိမ်အတွင်း ဘက်တီးရီးယားတွေကို
မျှတစေပြီး ဂက်စ်ထုတ်လုပ်ခြင်းကိုလည်း သက်သာစေပါလိမ့်မယ်။ ဒါတင်မကပါဘူး။
Probiotic အစားအစာတွေက အစာခြေစနစ်၊ ၀မ်းချုပ်၊ ၀မ်းလျောစတာတွေကို လည်းသက်သာစေပါလိမ့်မယ်။ ကင်ချီ၊ ဒိန်ချဉ်၊ ဒိန်ခဲစတာတွေကနေ Probiotic  ကိုရရှိနိုင်ပါတယ်။

ချာမိုမိုင်းပန်း
လေတက်တာသက်သာစေမယ့် နောက်ထပ်သဘာဝဆေးဝါးကတော့ ချာမိုမိုင်းပန်းပါပဲ။
ချာမိုမိုင်းပန်းလက်ဖက်ရည်ကြမ်းပုံမှန်သောက်ပေးခြင်းက ဂက်စ်တွေကို သဘာဝအတိုင်းသက်သာစွာထွက်စေပါတယ်။ ချာမိုမိုင်းပန်းလက်ဖက်ခြောက်တစ်ဆုပ်ကို
ရေနွေးဆူဆူနဲ့ ၁၀ မိနစ်ခန့်ပြုတ်ပေးပါ။ တစ်နေ့ ၂-၃ ကြိမ်သောက်သုံးပေးနိုင်ပါတယ်။

ဖာလာစေ့
ဖာလာစေ့က အစာအိမ်အတွင်း အစာခြေရည်ထုတ်လုပ်မှုကို ကောင်းမွန်စေပြီး ဂက်စ်ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ ဖာလာစေ့မှာပါဝင်တဲ့ ဂုဏ်သတ္တိတွေကအစာကြေညက်စေပြီး ရင်ပြည့်ရင်ကယ်မသက်မသာဖြစ်ခြင်းကိုလည်း သက်သာစေပါလိမ့်မယ်။ လေတက်ခြင်းသက်သာစေဖို့အတွက် ဖာလာစေ့ကို
တစ်နေ့ ၂-၃ ကြိမ် စားပေးနိုင်ပါတယ်။
ဖာလာစေ့ကိုပြုတ်ပြီး ၄င်းအရည်ကိုပျားရည်ရောစပ်ကာ အစာစားပြီးတိုင်းလည်းသောက်သုံးပေးနိုင်ပါတယ်။

စမုန်စပါး
စမုန်စပါးမှာပါဝင်တဲ့ သဘာဝဓာတ်တွေက အစာအိမ်လမ်း ကြောင်းကိုသက်သာစေပြီး အစာမကြေခြင်း၊ ပျို့အန်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတွေကြောင့်
လေတက်ခြင်းကိုသက်သာစေပါလိမ့်မယ်။ လေတက်ခြင်းသက်သာစေဖို့အတွက်
အစာစားပြီးတိုင်း စမုန်စပါးအနည်းငယ်ကိုစားပေးပါ။
လေတက်စေတဲ့အစားအစာတွေရှောင်ပါ
လေတက်တာသက်သာစေဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ လေတက်တာသက်သာစေတဲ့
အစားအစာတွေကိုရှောင်ဖို့လိုပါတယ်။ ဘီယာ၊ ၀ိုင်နီစတာတွေရှောင်ပါ Lactose ပါဝင်တဲ့ နို့နဲ့နို့ ထွက်ပစ္စည်းတွေစားသုံးခြင်းရှောင်ပါ။ ပဲစားသုံးခြင်းရှောင်ပါ။ ငှက်ပျောသီး၊ ဆီးသီး၊ သစ်တော်သီး၊ ပန်းသီးစိမ်းတွေ ရှောင်ပါ။ ပေါင်မုန့်၊ ကွေကာအုပ်၊ အလွန်အကျွံစား သုံးခြင်းရှောင်ပါ။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment