ကြို့ထိုးတာ စိတ်ရှုပ်စရာလား…










ကြို့ထိုးတာက မမျှော်လင့်တဲ့အချိန်၊ မမျှော်လင့်တဲ့နေရာမှာ ရုတ်တရက်ကြီးဖြစ်ပေါ်လာတတ်ပါတယ်။ လုပ်ငန်းခွင်အတွက် အင်တာဗျူးဖြေခါနီး၊ စာမေးပွဲဖြေခါနီး၊ ဒိတ်လုပ်နေတဲ့အချိန် စိတ်လှုပ်ရှားရင်ပေါ်လာတတ်ပြီး နောက်ထပ် ပျော်ရွှင်ရမယ့်အချိန်လေးတွေကို ဖျက်ဆီးပစ်ပါတော့တယ်။ ဒီလိုစိတ်ပျက်စရာ၊ စိတ်ရှုပ်စရာကောင်း တဲ့ကြို့ထိုးတဲ့ပြဿနာကိုဖယ်ရှားပစ်ဖို့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။ အဲဒီတော့ ကြို့ထိုးတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ 

လက်ကိုအသုံးပြုပါ
လူတွေရဲ့အာရုံကြောစနစ်က ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျုံးဝင်ပါတယ်။ ဒီအာရုံကြောစနစ်ကပဲ လေလည်တာ၊ အော်ဂလီဆန်တာ၊ ကြို့ထိုးတာမျိုးတွေဖြစ်လာစေပါတယ်။ အဲဒါကြောင့်ဒီလိုပြဿနာမျိုး တွေကြုံလာပြီဆိုရင် ကိုယ့်ရဲ့အာရုံကြောစနစ်ကိုလွှဲပြောင်းပေးဖို့လိုလာပါပြီ။ ကြို့ထိုးတာကို အာရုံပြောင်းဖို့ နည်းလမ်းကတော့ လက်ဖ၀ါးရဲ့အလယ်ခေါင်ကိုတခြားလက်မနဲ့ဖိထားပေးဖို့ပါပဲ။ နာကျင်မှုခံစားလာရတဲ့အထိ နက်နက်ရှိုင်းရှိုင်းဖိပါ။ ဒီနည်းလမ်းကရူးကြောင်ကြောင်နိုင်ကောင်းနိုင်ပေမယ့် လက်ဖ၀ါးနာကျင်လာတဲ့အခါ ကြို့ထိုးတာကိုအာရုံပြောင်းပြီးသားဖြစ်သွားစေပါတယ်။ 

ပါးစပ်ကိုဖုံးအုပ်ထားပါ
ကြို့ထိုးတာက လေတွေမျိုချမိတာကြောင့်၊ ဗိုက်ပွတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ပါးစပ်ကနေလေတွေ မျိုချမိတဲ့အခါ အစာအိမ်အတွင်းဂက်စ်တွေအနေနဲ့ အပြင်ကိုပြန်လည်လျှံထွက်လာပါတယ်။ ဒီလိုကြို့ထိုးတာ၊ လေလည်တာ၊ ဗိုက်ပွတာကိုရှောင်ရှားနိုင်ဖို့နည်းလမ်းတစ်ခုကတော့ လေတွေကိုမမျိုချဖို့ပါဘဲ။

ရေသောက်ပါ
ကြို့ထိုးရင်ရေသောက်လိုက်'ဆိုပြီး ပြောတာကြားဖူးမှာပါ။ ဒီအချက်ကို သိပ္ပံနည်းကျသက်သေပြနိုင်ခြင်း မရှိသေးပေမယ့် လူတိုင်းနီးပါး ကြို့ထိုးရင်ရေသောက်လိုက်ကြပါတယ်။ အဲဒါကြောင့်ကြို့ထိုးတာ သက်သာသွားကြတယ်ဆိုပြီး ပြောဆိုကြပါတယ်။ တချို့တွေကတော့ ရေနဲ့အတူကြို့ထိုးတာကမျောပါသွားတယ်ဆိုပြီး ပြောဆိုကြပါတယ်။

အသက်ရှူအောင့်ထားပါ
ဒါကလည်းကြို့ထိုးတဲ့လူတိုင်း၊ ကြားဖူးနားဝရှိနေတဲ့ နည်းလမ်းတစ်ခုပါ။ ဒီနည်း လမ်းက ပါးစပ်ကိုဖုံးအုပ်တဲ့နည်းလမ်းနဲ့ ခပ်ဆင်ဆင်ပါပဲ။ ထိရောက်မှုလည်းရှိပါတယ်။ အသက်ရှူအောင့်ထားချိန်မှာ ပါးစပ်ကိုဖုံးအုပ်စရာမလိုပါဘူး။ အသက်ရှူမအောင့်ထား ခင်မှာ အသက်ကိုခပ်ပြင်းပြင်းရှူပြီး စက္ကန့်အနည်းငယ်လောက်အောင့်ထားလိုက်ပါ။ အဲဒီလိုအောင့်ထားချိန်အဆုပ်ထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေပြည့်လာစေပြီး ရင်ဘတ်နဲ့ဝမ်းဗိုက်ြွကက်သားတွေကို သက်သာရစေပါတယ်။ 

အချိုစားပါ
ကြို့ထိုးတာသက်သာစေဖို့ နောက်ထပ်နည်းလမ်းကောင်း တစ်ခုကတော့ အချိုစားပေးဖို့ပါပဲ။ အချိုစားတဲ့အတွက် အာရုံကြောစနစ်ကို တည်ငြိမ်လာစေပါတယ်။ ဒါကိုလည်း သိပ္ပံနည်းကျသက်သေမပြ သေးနိုင်ပေမယ့်ကြို့ထိုးတဲ့အခါ ပျားရည် ဒါမှမဟုတ် သကြားတစ်ဇွန်းကို ငုံထားပေးနိုင်ပါတယ်။

လျှာထုတ်ထားပါ
ကြို့ထိုးနေတဲ့အချိန်မှာ လျှာထုတ်တာကလည်း ရူးကြောင် ကြောင်နိုင်ပေမယ့် နည်းလမ်း ကောင်းတစ်ခုပါပဲ။ ဒါက အဓိပ္ပါယ်မရှိဘူးထင်ရပေမယ့် လူအများစု စိတ်လှုပ်ရှားပြီး ကြို့ထိုးတဲ့အခါလုပ်လေ့လုပ်ထရှိတဲ့ နည်းလမ်းတစ်ခုပါ။ ကြို့ထိုးနေတဲ့အချိန် လျှာထုတ်တာက အသက်ရှူခြင်းကိုချောမွေ့သွားစေပြီး ကြို့ထိုးတာကိုသက်သာလာစေပါတယ်။ 

မြေပဲထောပတ်စားပါ
ကြို့ထိုးနေတဲ့အချိန်မှာ နူးညံ့ပြီး ပျစ်စေးစေးအရာတစ်ခု ဥပမာ မြေပဲထောပတ်လိုမျိုး စားပေးနိုင်ပါတယ်။ နူးညံ့ပြီး ခပ်စေးစေးအရာမျိုးကို ၀ါးနေတဲ့အချိန်မှာ ပုံမှန်အသက်ရှူမှုကို အနှောင့်အယှက်ဖြစ်စေပြီး ကြို့ထိုးတာ သိသိသာသာ သက်သာလာစေပါတယ်။

ရန်နိုင်

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment