ကင်ဆာဆိုတာလူတွေရဲ့ခန္ဓာ
ကိုယ်တွင်းဆဲလ်တွေ ပျက်ဆီးလို့ ကြောင့်ဖြစ်စေ၊ သန္ဓေပြောင်းလဲ သွားတာကြောင့်ဖြစ်စေ၊
ပုံမှန်မ ဟုတ်တဲ့ဆဲလ်တွေကြီးထွားမှုကိုဆိုလိုပါတယ်။ ဒီအထဲမှာ ဆေးလိပ် သောက်ခြင်း၊ အာဟာရမပြည့်စုံခြင်း၊
ကူးစက်ရောဂါ၊ ခရမ်းလွန် ရောင်ခြည်နဲ့ဓာတုပစ္စည်းတွေကို အချိန်အတော်ကြာထိတွေ့ခြင်း စတာတွေပါဝင်ပါတယ်။
ဒါတွေကို ယေဘုယျခြုံငုံလိုက်မယ်ဆိုရင် လူ တစ်ယောက်ရဲ့နေထိုင်မှုပုံစံတွေချည်း ပါပဲ။
အဲဒီတော့ ကင်ဆာရောဂါ လျော့ချဖို့ ဘ၀နေထိုင်မှုပုံစံတွေကို ဘယ်လိုပြောင်းလဲကြမလဲ။
ဆေးလိပ်ဖြတ်
ဆေးလိပ်သောက်သူတွေ
က အဆုတ်ကင်ဆာဖြစ် နိုင်ခြေအရှိဆုံး သူတွေပါ။ ဆေးလိပ်သောက်ခြင်း က အသံအိုး၊ ပါးစပ်၊
အစာပြွန်၊ လည်ချောင်း၊ အသည်း၊ အစာအိမ်အူလမ်းကြောင်း၊ ဆီးအိတ်၊ ကျောက်ကပ်၊ နှာခေါင်းစတာတွေကိုပါ
ထိခိုက်နိုင်ပါတယ်။ စီးကရက်မှာပါ ၀င်တဲ့ benzene, polonium 210, benzo,
nitrosamines စတဲ့ဓာတုပစ္စည်တွေက ကင်ဆာကို ကာကွယ်ပေးထားတဲ့အဓိက
DNA တွေကိုပျက်စီးစေပါတယ်။ ဒါတင်မကပါဘူး၊ Arsenic နဲ့ Nickle တွေက ပျက်စီးနေတဲ့ ဆဲလ်တွေကို
ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေအဖြစ် အသွင်ပြောင်းပေးနိုင်ပါတယ်။
အရက်ဖြတ်
အရက်သောက်ခြင်းကခံတွင်း၊
အစာပြွန်လည်ချောင်းကင်ဆာတို့နဲ့ ဆက်စပ်နေပါတယ်။ ဒါတင်မကပါဘူး။ အစာအိမ်အူလမ်းကြောင်း
အသည်း၊ ရင်သားကင်ဆာတို့ကို လည်းဖြစ်စေနိုင်ပါတယ်။ အရက် သောက်ခြင်းက ခန္ဓာကိုယ်အတွင်း
တစ်သျှူးတွေကိုပျက်စီးစေပြီး ကင်ဆာဖြစ်စေပါတယ်။
ခန္ဓာကိုယ်လှုပ်ရှားမှု
ခန္ဓာကိုယ်လှုပ်ရှားမှုလုပ်နေခြင်းကလည်း
နလုံးရောဂါ၊ ဆီးချိုတို့ကို လျော့ချပေးနိုင်ရုံသာမက ခန္ဓာ ကိုယ်အလေးချိန်ကိုပါထိန်းသိမ်းပေး
သလိုဖြစ်ပြီး ကင်ဆာဖြစ်နိုင်တဲ့ အလားအလာတွေကိုလျော့ချပေး နိုင်ပါတယ်။ အ၀လွန်ခြင်းကလည်း
ကင်ဆာဖြစ်စေတဲ့လမ်းစတစ်ခုပါ။ နေ့စဉ်ခန္ဓာကိုယ်လှုပ်ရှားမှုပုံ မှန်လုပ်ပေးခြင်းက ဟိုမုန်းကိုညီမျှစေပြီး
ခန္ဓာကိုယ်ခုခံ အားစနစ်ကိုကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှု ပုံမှန်လုပ်ပေး ခြင်းက
အူမကြီး၊ အဆုတ်ကင်ဆာ တို့ကိုလျော့ပါးစေပါတယ်။
ခန္ဓာကိုယ်အလေးချိန်
အ၀လွန်သူတွေက
ကင်ဆာဖြစ်ဖို့အလားအလာပိုများပါတယ်။ အ၀လွန်ခြင်းက ခန္ဓာကိုယ်အတွင်း အင်ဆူလင်ထုတ်လုပ်မှု၊
နာတာ ရှည်ရောင်ရမ်းမှုတွေနဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်အ၀လွန်တဲ့အတွက် အသည်း၊ ကျောက်ကပ်၊
ဆီးကျိတ်၊ ရင်သားကင်ဆာတွေနဲ့ ဆက်နွယ်နေပါတယ်။
ပြင်းထန်တဲ့နေရောင်ခြည်
အရေပြားကင်ဆာတွေထဲက
အပြင်းထန်ဆုံးဖြစ်တဲ့ Melanoma က နေရောင်ခြည်က ခရမ်းလွန် ရောင်ခြည်ကိုလွန်ကဲစွာ ထိတွေ့မှု
ကြောင့် ဖြစ်လာတာဖြစ်ပါတယ်။ ပြင်းထန်တဲ့ခရမ်းလွန်ရောင်ခြည်က မော်လီကျူးလေးတွေကို ပျက်ဆီး
စေတဲ့ ဒြပ်ဝတ္ထုလေးတွေအနေနဲ့ အသွင်ကူးပြောင်းသွားစေပြီး အရေ ပြားကင်ဆာဖြစ်ပေါ်လာစေပါတယ်။
ဒါပေမဲ့ နံနက်ခင်းနေရောင်ခြည် ခပ် နွေးနွေးလေးနဲ့ (၁၅)မိနစ်ခန့်ထိတွေ့ ပေးခြင်းက ဆဲလ်များကြီးထွားဖို့
ကင်ဆာဆဲလ်များပြန့်ပွားမှုကိုတားဆီး ကာကွယ်ပေးတဲ့ ဗီတာမငီ် တိုး ပွားစေပါတယ်။ အရေပြားကင်ဆာ
လျော့ချဖို့အတွက် နေ့ခင်းနေရောင် ခြည်နဲ့ထိတွေ့ခြင်းရှောင်ပါ။ နေ ရောင်ခြည်တိုက်ရိုက်မထိတွေ့စေဖို့
ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ အသုံးပြုပါ။
ကျန်းမာရေးစစ်ဆေး
ပုံမှန်ကျန်းမာရေးစစ်ဆေးပေး
တာ၊ ကင်ဆာစစ်ဆေးတာက ကင်ဆာဝေဒနာကိုလျော့ချပေးဖို့ နည်းလမ်းကောင်းတစ်ခုပါ။ အ သက်(၄၀)ကျော်အမျိုးသမီးများ
ရင် သားကင်ဆာကို တစ်နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးပေးပါ။ အမျိုးသား၊ အမျိုးသမီးများ အူမကြီးကင်ဆာကို
အသက် (၄၇)နှစ်အရွယ်ကပြီးပုံမှန် စစ်ဆေးပါ။
ပဋိဇီဝဆေး
ပဋိဇီဝဆေးတွေက
ဗက်တီး ရီးယားကြောင့်ဖြစ်စေတဲ့ ကူးစက် ရောဂါတွေကို ကင်းဝေးစေပါ တယ်။ အအေးမိ၊ နှာစေးတို့လို
ဗိုင်းရပ်ကြောင့် ဖြစ်တဲ့ရောဂါတွေ ကိုတော့ မကုသပေးနိုင်ပါဘူး။ ပဋိဇီဝဆေးတွေကို အလွန်အကျွံသုံးစွဲ
ခြင်းကကင်ဆာရောဂါကိုကာကွယ်ပေးတဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကို အားနည်းစေပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment