ပြတ်သားစွာလမ်းခွဲပါ









တစ်စုံတစ်ယောက်နဲ့ပြတ်စဲတယ်ဆိုတာ လွယ်ကူလှတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက်လမ်းခွဲကြတဲ့အခါ အမှန်အတိုင်းပြောပြီးလမ်းခွဲ ရတာထက် ကျိုးကြောင်းမခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့လမ်းခွဲကြတာ များပါတယ်။ ''ရှင့်ပါးစပ်ကနံလို့''၊ ''မင်း ကပျင်းဖို့ကောင်းတယ်''၊ ''ရှင့်ထက် ပိုကောင်းတဲ့လူတွေရှိနေလို့'' ဒီလို အမှန်တရားတွေကိုတော့ဘယ်ပြော ပါ့မလဲ။ တချို့အကြောင်းပြချက်တွေ ဆိုမခိုင်လုံတဲ့အပြင် ရယ်စရာကောင်း နေပါသေးတယ်။ ဘယ်လိုအကြောင်းပြ ချက်တွေဖြစ်မလဲ… ။

ကိုယ့်ကြောင့်ပါ
''ကိုယ့်ကြောင့်ပါ''ဆိုတဲ့စကား လေးက နားထောင်လိုက်ရင်တော့ အပြစ်တွေအားလုံးကိုတစ်ယောက် တည်းခံယူလိုက်ပြီး ကြင်နာစရာကောင်းတဲ့စကားလေးလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ ဆိုလိုရင်းကတော့ ''သတ္တိမရှိ သူ''တဲ့။ ကိုယ်တိုင်ခံစားရလို့ သုံးတဲ့စ ကားတောင် မဟုတ်ပါဘူး။ ရုပ်ရှင်တွေ၊ ပြဇာတ်တွေထဲမှာ တွင်တွင်သုံးကြတဲ့ စကားလုံးလေးတစ်လုံးဖြစ်ပါတယ်။ 

မင်းကိုမထိခိုက်စေချင်ဘူး
မထိခိုက်စေချင်ဘူးဆိုရင်ဘာလို့ လမ်းခွဲသလဲ။ မထိခိုက်စေချင်ရင် ဘာကြောင့်အရင်တုန်းကတွဲခဲ့သလဲ။ ဒါမှ မဟုတ် ကိုယ့်ကိုမထိခိုက်စေချင်ဘူးဆိုတော့ထိခိုက်စေချင်တဲ့လူများရှိနေတာလား။ လမ်းခွဲဖို့အကြောင်းပြချက် တွေကအများကြီးပါ။ ''မထိခိုက်စေချင် ဘူး''ဆိုတဲ့စကားကတော့ တစ်ဖက်သား ကို''ဒါပေမဲ့''''ဘာကြောင့်လဲ''စတဲ့ မေး ခွန်းတွေနဲ့တွေဝေသွားစေဖို့အကြောင်း ပြချက်သက်သက်သာဖြစ်ပါတယ်။ 

တာဝန်ယူရမှာ ကြောက်နေတယ်
တချို့လူတွေက တာဝန်ယူရမှာ ကြောက်ကြပါတယ်။ ဒါအမှန်တရားပါဘဲ။ တကယ်လို့ကိုယ့်ချစ်သူက ရင့် ကျက်လာပြီး တာဝန်ယူရမှာ စိုးရိမ်တယ်ဆိုတာသိလိုက်ရတာနဲ့ ဒါကိုယ့်အတွက်ကံကောင်း တယ်လို့ပြောလို့ ရပါတယ်။ ''တာဝန်ယူရမှာကြောက်နေတယ်''ဆိုတဲ့စကားက တကယ်တမ်း အဓိပ္ပါယ် ပြန်လိုက်တဲ့အခါမှာလည်း ''တာဝန်ယူရလောက်အောင် မကြိုက်ဘူး၊ မချစ်ဘူး''ဆိုတဲ့အဓိပ္ပါယ်ဖြစ်နေပါတယ်။ 

အချိန်လိုအပ်တယ်
''ကိုယ်လမ်းခွဲချင်တယ်''ဆိုတဲ့ စကားကိုရဲရဲဝံ့ဝံ့မပြောရဲလို့ သတ္တိကြောင် ပြီးသုံးလိုက်တဲ့အကြောင်းပြချက်တစ်ခု ပါ။ ''အချိန်လိုအပ်တယ်''ဆိုတဲ့စကားထဲမှာ ရှင်းလင်းတာတစ်ခုမှမပါဘူး။ သူတစ်ပတ်အတွင်းပြန်လာမှာလား။ တစ်လကြာမှာလား။ တစ်နှစ်ကြာမှာ လား။ ဘယ်တော့မှပြန်မလာတော့ဘူးလား။ တခြားလူတွေနဲ့ဒိတ်လုပ်နေရင်ရော။ လမ်းခွဲကြမှာလား။ လမ်းမခွဲကြဘူးလား။ တစ်ယောက်ထဲမေးခွန်းတွေနဲ့ ကျန်ရစ်မနေစေဖို့ပွင့်ပွင့်လင်းလင်း သာပြောလိုက်ပါ။

ကိုယ်တို့က မတူညီတဲ့ဦးတည် ချက်တွေကိုသွားနေကြတယ်
ဒီစကားက အဓိပ္ပာယ်ရှိလိုက်တာလို့ထင်ချင်စရာရှိပါတယ်။ ဥပမာ အိမ်ထောင်မပြုချင်ဘူး။ ကလေးမယူချင်ဘူး။ အိမ်ထောင်ပြုရင်ဘယ်လိုနေမယ် စတဲ့ကွဲပြားချက်တွေပေါ့။ ဒီလမ်းခွဲရတဲ့အကြောင်းပြချက် နောက်ကွယ်မှာ မမြင်သာတဲ့အကြောင်းရှိပါတယ်။ ဘာကြောင့်ချစ်တာလဲ။ နှစ်ယောက်တည်း အတူတူနေချင်လို့ချစ်တာ မဟုတ်ဘူးလား။ တစ်ယောက်နဲ့တစ်ယောက်ချစ်နေရင် နောက်ထပ်ဘာတွေများထပ်ပြီးလိုအပ်မှာမို့လို့လဲ။

မင်းကိုယ့်အပေါ်ကောင်းလွန်းတယ်
ဒါက တော်တော်ကြီးကို ကျိုးကြောင်းမခိုင်လုံရုံသာမက ရယ်စရာအကြောင်းပြချက်ဖြစ်နေပါတယ်။ ယောက်ျားအများစုက ဒီစကားလုံးကို အားနွဲ့ပြီးစိတ်နာကျင်တာကို သိပ်ပြီး မခံစားနိုင်တဲ့မိန်းကလေးတွေအတွက် သုံးကြပါတယ်။ ဘာလို့လည်းဆိုတော့ ခက်ခက်ခဲခဲပြောနေရင် နာကျင်သွားမှာကိုး။ အပေါ်ယံကြည့်လိုက်ရင်တော့ သဘောထားကြီးမြတ်သယောင် ထင်ရပါတယ်။ အဲဒါဆိုဘာလို့များအစော ကတည်းကတွဲခဲ့ပါသလဲ။ 

သဲလွန်စမကျန်ကွယ်ပျောက်သွားမယ်
ဘယ်သူ့ကိုမှလည်းအဆက်အသွယ် မလုပ်ဘဲ စုန်းစုန်းမြုပ်ပျောက်ကွယ်သွားတာကတော့ ဖြေရှင်းချက်လည်းမပေးချင်၊ ရင်လဲမဆိုင်ချင်တဲ့သတ္တိကြောင် တဲ့သူတွေရဲ့အကြောင်းပြချက်ပါပဲ။

Whitney

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment