တစ်စုံတစ်ယောက်ကို
ကိုယ်ချစ်မိတဲ့အချိန် ကိုယ်ချစ်မိတဲ့တစ် စုံတစ်ယောက် ကိုယ့်ကိုပြန်ချစ်တဲ့ အချိန်က
ဘ၀မှာအကောင်းဆုံး အချိန်ပါပဲ။ တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့ခံစားချက်၊ အတွေ့ အကြုံက
ကိုယ့်ကိုယ်ကိုယ်ပိုပြီး ကောင်းလာစေတယ်လို့ပြောရင် လက်ခံနိုင်ပါ့မလား။ အချစ်က လူ သားတွေမျှော်လင့်ထားသလို
အမြဲ တမ်းလှပနေတာမဟုတ်ပါဘူး။ ဒါ ပေမဲ့ချစ်ခြင်းတရားကြောင့် လူသား တွေရဲ့ဘ၀ဟာ သတိမထားမိ
လောက်အောင်လှလှပပလေးကို ပြောင်းလဲသွားစေပါလိမ့်မယ်။ အဲဒီတော့ အချစ်ကလူသားတွေအတွက်ကိုဘယ်လိုပြောင်းလဲသွားစေတာလဲ။
ယုံကြည်မှုရဲ့တန်ဖိုး
တစ်စုံတစ်ယောက်ကိုချစ်မိပြီ
ဆိုမှတော့ ကိုယ့်ရဲ့စိတ်နှလုံးသားကို သူ့အတွက်ဖွင့်ဟလိုက်ပြီးသားပါ။ နှလုံးသားကိုဖွင့်ဟလိုက်တာနဲ့အတူ
ယုံကြည်မှုကတွဲပြီးပါလာပါပြီ။ ဘယ်အရာကမှချစ်ခြင်းတရား ကနေသင်ကြားပေးနိုင်တဲ့ယုံကြည်
မှုကိုမတွန်းလှန်နိုင်ပါဘူး။ ဒီဆက်ဆံရေးကြီးပျက်ဆီးသွားပါစေ ကိုယ် သာနာကျင်ရသူဖြစ်ပါစေ၊
ယုံကြည်မှုရဲ့တန်ဖိုးက ဆက်ဆံရေးတစ်ခုမှာအရေးကြီးတယ်ဆိုတဲ့သင်ခန်း စာကိုရလိုက်မယ်မဟုတ်ပါလား။
ဦးစားပေးတတ်လာစေတယ်
အချစ်ကြောင့်ပဲလူသားတွေဟာ
ကိုယ့်လိုအင်ဆန္ဒတွေကိုလျစ်လျူရှုပြီး ကိုယ်ချစ်တဲ့သူတွေရဲ့ လိုအင်ဆန္ဒတွေကို ဦးစားပေးတတ်လာပါတယ်။
ကိုယ့်ရဲ့စွန့်လွှတ် အနစ်နာခံမှုကြောင့် သူပျော်ရွှင်ရ တယ်ဆိုတာ အချစ်ရဲ့အတိုင်းအဆပါ။
ဘယ်သူမဆို ကိုယ့်ပျော်ရွှင်မှုအတွက်ပဲရှာဖွေနေကြတာပါ။ ဒါပေမဲ့ အချစ်မှာတော့သူ့ရဲ့ပျော်ရွှင်မှုကပထမဦးစားပေးဆိုတာသင်ပေးလိုက်ပါတယ်။
သတ္တိတွေမွေးဖွားပေးတယ်
တစ်စုံတစ်ယောက်ကိုချစ်ပြီ
ဆိုမှတော့ပတ်ဝန်းကျင်ကလည်း အရေးမကြီးတော့ပါဘူး။ ကိုယ်ချစ် တဲ့သူကသာအရေးကြီးနေပါပြီ။
အဲဒီတော့ ကိုယ်ချစ်တဲ့သူအတွက် ဘာပဲလုပ်ပေးရပါစေ မကြောက်ရွံ့ တော့ပါဘူး။ သူ့အတွက်ပဲတစ်ခါမှ
မလုပ်ဖူးတာတွေစမ်းသပ်ဖူးလာ မယ်။ ပတ်ဝန်းကျင်က စည်းမျဉ်း တွေသတ်မှတ်ချက်တွေကို ချိုးဖောက်လာမယ်။
စွန့်စားတတ်လာမယ်။ ဒါ အချစ်ကနေမွေးဖွားပေး လိုက်တဲ့သတ္တိတွေပါ။
ညှိနှိုင်းတတ်လာစေမယ်
ပဋိပက္ခတစ်ခုကိုမျှမျှတတ
ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာလဲအချစ်က သင်ပေးသွားတာပါ။ ရန်ပွဲတစ်ခု ပဋိပက္ခတစ်ခုမှာတစ်ယောက်
တည်းအနိုင်ရဖို့ထက် နှစ်ဦးနှစ်ဖက်မျှမျှတတအနိုင်ယူတတ်ဖို့က အချစ်ကသင်ပေးပါလိမ့်မယ်။
ဘယ်သူမဆို အနိုင်ယူချင်တတ်ကြတာသဘာဝပါ။ ချစ်သူနှစ်ဦး အတွက်မှာတော့တစ်ဖက်သတ်အနိုင် ယူတာက
မကြာခင်မှာကြီးမားတဲ့ ဆုံးရှုံးမှုကိုကြုံရတော့မယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။
မပြည့်စုံမှုတွေကိုထောက်ပြပေးတယ်
တစ်စုံတစ်ယောက်ကိုချစ်မိပြီ
ဆိုမှတော့ သူပျော်ရွှင်စေဖို့အရာရာကိုဖြည့်ဆည်းပေးချင်တာသဘာဝပါ။ ချစ်သူကိုဖြည့်ဆည်းပေးနိုင်ဖို့
သူပျော်ရွှင်စေဖို့ အရာရာကိုကြိုးစားကြတယ်။ ကြိုးစားရင်းကိုယ့်ရဲ့ မပြည့်စုံမှုတွေကိုမြင်လာရတယ်။
မြင်လာတဲ့အတွက် ကိုယ့်ကိုယ် ကိုယ်ပြည့်စုံလာအောင်ကြိုးစားကြတယ်။ အချစ်ရဲ့ညွှန်ပြပေးမှုတွေမဟုတ်ပါလား။
ကူညီတတ်စေတယ်
တစ်စုံတစ်ယောက်ကိုချစ်နေတဲ့အချိန်မှာ
ကိုယ်အောင်မြင်သလို ကိုယ်ချစ်တဲ့သူကိုလည်းအောင်မြင် စေချင်မှာသေချာပါတယ်။ အဲဒါ ကြောင့်
သူ့ရဲ့အိပ်မက်မျှော်လင့် ချက်တွေမှာ အထောက်အပံ့ဖြစ်စေ ဖို့ကူညီပေးမယ်။ ကိုယ်ချစ်တဲ့လူ
ရဲ့အောင်မြင်မှုအိပ်မက်ကိုမျှဝေပေး တာကလည်း ကိုယ်အောင်မြင်သ လို ခံစားရစေတယ်မဟုတ်ပါလား။
မျှဝေတတ်လာစေတယ်
တစ်စုံတစ်ယောက်နဲ့အတူ
ချစ်လို့နေထိုင်လာတဲ့အခါမျှဝေ တတ်လာတာသေချာပါတယ်။ ဥပမာ ယခင်ကလို တီဗီရီမုဒ်ကို တစ်ယောက်တည်းအပိုင်သိမ်းထား
လို့မရတော့သလို အိမ်သာ၊ ရေချိုး ခန်းအကြာကြီးသုံးလို့မရတော့ပါဘူး။ အဲဒါလေးတွေက နေ့စဉ်တွေ့
ကြုံရမယ့် အခြေခံအချက်လေးတွေပါပဲ။ အဲဒီတော့ မျှဝေတတ်လာမယ်ပေါ့။
စွန့်လွှတ်တတ်လာမယ်
ချစ်မိပြီဆိုမှတော့
တစ်နည်းမဟုတ်တစ်နည်းနဲ့နာကျင်ရမှာသေချာပါတယ်။ သူလုပ်တဲ့အပြုအမူ လေးတစ်ချို့ကကိုယ့်ကိုနာကျင်စေမယ်။
ဒါပေမဲ့နာကျင်မှုကနေ နာကျည်းမှုအထိဆွဲချမှာမှမဟုတ်တာ။ အဲဒီတော့စွန့်လွှတ်တတ်လာပါလိမ့်မယ်။
အချစ်ကအစီအစဉ်ချထားတဲ့ အတိုင်းဖြစ်လာမှာမဟုတ်ပါဘူး
အချစ်က အစီအစဉ်ချထားတဲ့
အတိုင်းဖြစ်လာမှာမဟုတ်ပါဘူး။ အချစ်တစ်ခုအကြောင်းကြောင်း ကြောင့်အဆုံးသတ်သွားရင်တောင်
သင်ခန်းစာတစ်ခုကတော့ အမြဲချန်ထားခဲ့ဆဲပါ။ အဲဒါကတော့နှလုံး သားတွေရင့်ကျက်သန်မာလာမယ်။
အဲဒီတော့ ကိုယ့်ကိုယ်ကိုယ်ပိုပြီးချစ်တတ်လာမယ်။ ကိုယ့်လိုအပ် ချက်တွေကိုမြင်လာမိမယ်မဟုတ်ပါလား။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment