တစ်ယောက်နဲ့တစ်ယောက်
ဒိတ်လုပ်တဲ့အခါမှာလည်း အခက်ခဲဆုံးကတစ်ယောက်ကိုတစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားစေဖို့ပေါ့။
ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်လက်တွဲတဲ့အခါမှာတော့ ကိုယ့်အတွက်အ ရေးကြီးဆုံး အခက်ခဲဆုံးဆိုတာ
တွေကပြောင်းလဲသွားပါပြီ။ အဲဒါကတော့ စတွေ့ချင်းတုန်းကလိုသူ ကိုယ့်ကိုချစ်နေသေးလားဆိုတာပေါ့။
တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ကိုဖွင့်ဟဖို့ တစ်ယောက် စိတ်ကိုတစ်ယောက်ဖတ်ဖို့ခက်ခဲသူ
တွေအနေနဲ့ကတော့ ''သူကိုယ့်ကိုချစ်နေသေးရဲ့လား''ဆိုတဲ့အတွေးက တွေးလိုက်ရုံနဲ့တင်အိပ်မက်ဆိုး
ကြီးတစ်ခုလိုပါပဲ။ အဲဒီတော့ သူကိုယ့်ကိုချစ်နေတုန်းပဲဆိုတာ ဘယ်လိုသိနိုင်မလဲ…။
သူ့ရည်မှန်းချက်တွေထဲမှာ ကိုယ်အမြဲပါနေတယ်
သူ့အနာဂတ်ကိုသူ
ပုံဖော်နေတဲ့အခါ ကိုယ်ပါဝင်နေပါသလား။ မပါဘူးဆိုရင်တော့ စိတ်ပူဖို့အချိန်ရောက်ပါပြီ။
ဒါပေမဲ့ သူ့ရည်မှန်း ချက်တွေကကြီးမားပါစေ၊ သေးငယ်ပါစေ၊ သူစီစဉ်သမျှ အနာဂတ်ထဲမှာ ကိုယ်ပါ
နေရင်တော့ သူကိုယ့်ကိုချစ်နေဆဲပါပဲ။ အနာဂတ်ရည်မှန်းချက်နဲ့ အိပ်မက်က ရေရှည်လက်တွဲသွားမယ့်
သူတွေအတွက် အရေးကြီးပါတယ်။ ပိုအရေးကြီးတာကတော့ သူ့ရည်မှန်းချက်တွေထဲမှာ ကိုယ်ပါဝင်နေဖို့ပါပဲ။
ကိုယ့်လက်ကိုတွဲထားမယ်
လူမြင်ကွင်းမှာ
လက်ကိုခိုင်မြဲ စွာဆုပ်ကိုင်ထားတယ်ဆိုတာ ချစ်ခင်မှုရဲ့သင်္ကေတတစ်ခုပါ။ တစ်ခါ တလေမှာလူတွေက
ကိုယ်တိုင်တောင်နားမလည်လိုက်ကြပါဘူး။ တစ်ယောက်ကိုတစ်ယောက် ဆုပ် ကိုင်ထားတယ်ဆိုတာက သူကိုယ့်
ကိုကာကွယ်ဖို့အဆင်သင့်၊ ကိုယ့်ကို ဘယ်တော့မှထွက်သွားခွင့်မ ပေးဘူးဆိုတဲ့ သင်္ကေတပါ။ ဆိုလိုရင်းကတော့
သူကိုယ့်ကိုချစ်နေဆဲပါပဲ။
ကိုယ့်ရဲ့အမြင်ကိုလည်းကြားချင်တယ်
သူဘာပဲလုပ်လုပ်
ဥပမာ- ပစ္စည်းလေးဝယ်တာဖြစ်စေ၊ အလုပ်လုပ်တာဖြစ်စေ၊ သူတစ် ယောက်တည်းဆုံးဖြတ်လို့ရနေပါလျက်
ကိုယ့်ဆီကအကြံဉာဏ် တောင်းတဲ့အခြေအနေကိုကြုံဖူးပါသလား။ ဒါကကိုယ့်အမြင်ကိုလည်းလေးစားတဲ့သဘောပါ။
တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးကို အလေးမထားတဲ့သူတွေကတော့ ကိုယ့်သဘောနဲ့ ကိုယ်ဘာလုပ်လုပ်လွတ်လပ်မှုကိုလိုချင်ကြမှာပါ။
ဒါက ဆက်ဆံရေးတစ်ခုကနေ ရုန်းထွက်ချင်ပြီဆိုတဲ့လက္ခဏာပါ။
အထိအတွေ့လေးတွေ
အထိအတွေ့လေးတွေကလည်း
သူကိုယ့်ကိုချစ်နေသေးတယ်ဆိုတာကို ဖော်ပြနေပါတယ်။ လူတစ်ယောက်က တစ်ယောက်ကိုချစ်နေတဲ့အချိန်မှာ
သူ့အနားမှာနေချင်၊ သူနဲ့ပတ်သက်သမျှအရာလေးတွေကိုထိ တွေ့ချင်ကြတာ သဘာဝပါ။ တစ်နေကုန်အလုပ်ကအပြန်
ပင်ပန်းနေပါစေ၊ ကိုယ့်ရဲ့ဆံနွယ်လေး၊ ပခုံးလေးတွေကိုထိတွေ့နေတာ သူကိုယ့်ကိုချစ်နေသေးတယ်ဆိုတာပြတဲ့
သင်္ကေတပါ။
ကိုယ်နဲ့အတူအချိန် ကုန်ဆုံးချင်တယ်
ကိုယ်ချစ်ရတဲ့
လူ အနားမှာ အချိန်တိုင်းရှိနေချင်တာ သဘာဝပါ။ ဘယ်သွားသွား ကိုယ်မပါရင်တောင် ကိုယ်နဲ့ရှိနေတဲ့အချိန်တိုင်း
မှာ ကိုယ့်အနားကနေမခွာ အမြဲရှိချင်နေတာ သူကိုယ့်ကိုယ်ချစ်နေတဲ့ လက္ခဏာတစ်ခုပါ။
ကိုယ့်ကိုပျော်ရွှင်စေဖို့
သူကိုယ့်ကို
ချစ်နေသေးတယ်ဆိုတာ သိသာတဲ့လက္ခဏာတစ်ခု ကတော့ သူကိုယ့်ကိုပျော်ရွှင် အောင်လုပ်ပေးနေတာလေးတွေပါပဲ။
တစ်ချိန်လုံးကိုယ့်ရဲ့ အရိပ်အကဲ ကိုကြည့်နေမယ်။ ကိုယ့်မျက်နှာမ ကောင်းရင် ပျော်ရွှင်အောင်
စနောက်မယ်။ ဒါကကိုယ့်ကိုပျော်ရွှင် စေချင်တဲ့ သူ့ရဲ့အချစ်တွေပါ။
ကိုယ့်ကိုအကောင်းဆုံးဖြစ် စေချင်တယ်
ပထမဒိတ်လုပ်တုန်းကတော့
ကိုယ်ဖြစ်ချင်တာတွေကိုလိုက်လျောပေးတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်အချစ်ကို လက်ခံလာ
တဲ့အချိန်မှာတော့ ကိုယ် ဖြစ်ချင်တာတွေကို ငြင်းဆိုလာမယ်။ အဲဒီအခါမှာ သူကိုယ့်ကို မချစ်တော့
ဘူးလို့ခံစားရတတ်ပါတယ်။ တကယ်တော့သူက ကိုယ့်ကိုဖြစ် ချင်တာထက်ဖြစ်သင့်တဲ့ အကောင်းဆုံးတွေကို
အကြံဉာဏ်ပေးနေတာမဟုတ်ပါလား။ အဲဒါသူကိုယ့်ကိုချစ်နေဆဲမို့လို့ပါ…။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment