အသားအရောင်နဲ့လိုက်ဖက်တဲ့
မိတ်ကပ်ရွေးချယ်သလိုပဲ အသားအရောင်နဲ့လိုက်ဖက်တဲ့ ပါးနီ blush ရွေးချယ်ရတာလည်း အလုပ်တစ်ခုပါ။
မှန်ကန်တဲ့အရောင်လေးရွေးမိရင်တော့ ပါးပြင်မို့မို့လေးပေါ်မှာ လှပ နေမှာပါ။ ကိုယ့်အသားအရောင်က
ဘယ်လောက်ပဲ နက်မှောင်နေပါစေ၊ ဖြူနေပါစေ ပါးပြင်နဲ့လိုက်ဖက်တဲ့ ပါးနီရွေးချယ်ဖို့ နည်းလမ်းကောင်းလေးတွေ
ရှိပါတယ်။
အသားရောင်
ပထမဆုံးကိုယ့်အသားရောင်က
အဖြူဘက်လား၊ အညိုဘက်လား ဦးဆုံးကြည့်ပါ။ အဖြူဘက်သွားတဲ့ အသားရောင်ပိုင်ရှင်တွေနဲ့ ပန်းနုရောင်၊
မက်မွန်သီးရောင်၊ သန္တာရောင်တို့က ပိုပြီးလိုက်ဖက်ပါတယ်။ အညိုဘက်သွားသူတွေအတွက် ပန်းရောင်၊
လိမ္မော်ရောင်တို့က လိုက်ဖက်ပါတယ်။
ဆံပင်အရောင်
အသားအရောင်က
အရေးကြီးသလို ကိုယ်လိမ်းခြယ်ထားတဲ့ ပါးနီလေးပိုပြီးကြွလာစေဖို့ ဆံပင် အရောင်ကလည်း အရေးပါပါတယ်။
ဆံပင်အရောင်က လိမ်းခြယ်ပြီးသားပါးနီကို အရောင်ပြောင်းလဲသွား စေပါတယ်။
အသားအရေအမျိုးအစား
ပါးနီကလည်း
ခရင်မ်ပုံစံ၊ ပေါင်ဒါပုံစံကနေအရည်အထိ ပုံစံအမျိုးမျိုးရှိပါတယ်။ ခရင်မ်အမျိုးအစား ကတော့
မျက်နှာပြင်ပေါ်မှာ လန်းဆန်းတက်ကြွနေစေပါတယ်။ ပေါင်ဒါအမျိုးအစားက တာရှည်ခံစေပါတယ်။ အဲဒါကြောင့်
ကိုယ့်အသားအရေက အဆီပြန်သလား၊ ခြောက်သွေ့သလား အရင်ဆုံးစမ်းသပ်ပြီးမှ လိုက်ဖက် မယ့်ပါးနီ
အမျိုးအစားရှာဖွေဝယ်ယူပါ။
ဘယ်အချိန်သုံးမှာလဲ
ခရင်မ်အမျိုးအစားပါးနီက
ပါးမို့လေးပေါ်မှာ တောက်ပပြီးလန်းဆန်းနေစေတဲ့အတွက် မိတ်ကပ်မလိမ်း ဘဲ တစ်မျိုးတည်းသုံးလည်း
အဆင်ပြေပါတယ်။ မီးရောင်အောက်မှာ အလုပ်လုပ်သူတွေ၊ တစ်နေ့တာလုံး တာရှည်ခံချင်သူတွေအတွက်ကတော့
ပေါင်ဒါအမျိုးအစားက အကောင်းဆုံးပါ။
ရွေးချယ်တဲ့အခါ
အသားအရောင်၊
ဆံပင်အရောင်သိပြီးတဲ့အခါ ပါးနီအရောင်ရွေးချယ်ဖို့လိုပါပြီ။ ကိုယ့်လည်ပင်းက သွေးကြောလေးတွေက
ခရမ်းပြာရောင်သန်းနေရင် အသားညိုတဲ့ဘက်သွားပါတယ်။ အညိုဘက်သွားတဲ့ အရောင်မျိုးနဲ့ဆို
ပိုပြီးလိုက်ဖက်ပါတယ်။
ပုံမှန်အသားရောင်ရှိသူတွေအတွက်
ပုံမှန်အသားရောင်
အထူးသဖြင့် အ၀ါရောင်အသားရေပိုင်ရှင်တွေအတွက် ပန်းနုရောင်၊ သစ်တော် သီးရောင်တို့က အလိုက်ဖက်ဆုံးပါ။
အသားဖြူသူတွေအတွက်
အသားဖြူသူတွေအနေနဲ့ကတော့
ပန်းရောင်၊ သန္တာရောင်၊ နွေးထွေးတဲ့အရောင်တွေက ပိုပြီး သင့်လျော်ပါတယ်။
အသားညိုသူတွေအတွက်
အသားညိုသူတွေ၊ အထူးသဖြင့် ကြေးနီရောင်သန်းနေသူတွေအနေနဲ့
အညိုရင့်ရောင်လိုမျိုး ရွေးချယ်သုံးပေးနိုင်ပါတယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment