ဘယ်သူမဆိုကိုယ့်ဘ၀အတွက်
သင့်တော်မှန်ကန်တဲ့သူမတွေ့ခင် အချိန်ထိ တခြားလူပေါင်းများစွာကို ကြုံဖူးကြမှာပါ။ အနည်းနဲ့အများပဲကွာမှာပါ။
တစ်ယောက်ထက်မက ရှိဖူးကြမှာသေချာပါတယ်။ ဒါပေမဲ့ ကိုယ့်ဘ၀အတွက် သင့်တော်ပြီဆို တဲ့လူကို
တွေ့လိုက်တာနဲ့လည်း ဘ၀မှာပြန်ကျဲနေတဲ့အစိတ်အပိုင်းတွေက သူ့နေရာနဲ့သူနေသားကျဖြစ်သွားပါတော့တယ်။
ကိုယ့်ဘ၀နဲ့ ကိုက်ညီမယ့်လူ…။ ဘယ်လိုရွေး ချယ်ရမလဲ။ ငွေကြေးနဲ့လား။ ဂုဏ်ပကာသနတွေနဲ့လား။
နှလုံးသားရဲ့ခံစားချက်ကို ဦးနှောက်နဲ့ဆုံးဖြတ်ပြီးရွေးချယ်ရမှာပါ။
တူညီတဲ့ ရည်မှန်းချက်ပန်းတိုင်
ရည်မှန်းချက်ပန်းတိုင်တူညီဖို့ဆိုလို့
လုပ်ငန်းခွင်တစ်ခုတည်းကနေ ရာထူးတိုးဖို့၊ လစာတိုးဖို့၊ ရည် မှန်းချက်တွေကို ဆိုလိုတာမဟုတ်ပါဘူး။
ဒါတွေကကောင်းပါတယ်။ ရည်မှန်းချက်တူဖို့ဆိုတာ ကလေး တွေဘယ်လောက်မွေးမယ်။ ဘယ် လောက်အရွယ်မှာ
ဘယ်လိုအခြေ အနေအထိရောက်နေရမယ်။ အ ခက်အခဲတွေကိုအတူရင်ဆိုင်ဖြေရှင်း မယ်။ အဲဒ်ီလိုရည်မှန်းချက်တွေမှာ
ကိုယ်တစ်ယောက်တည်းရဲ့အတွေး မဟုတ်ဘဲ တွေးသမျှအကြောင်း အရာတိုင်းမှာ သူပါပါဝင်ပတ်သက်နေတာကိုဆိုလိုတာပါ။
တစ်ယောက်မိသားစုကိုတစ် ယောက်လက်ခံတယ်
လက်ထပ်ပြီဆိုတာ
ချစ်သူနှစ်ဦးနဲ့တင်ပြီးသွားမယ့် ကိစ္စမဟုတ်ပါဘူး။ သူ့မိသားစုကိုပါလက်ခံလိုက် တဲ့သဘောပါ။
ချစ်သူရဲ့မိသားစုနဲ့ အဆင်မပြေတာ၊ ချစ်သူရဲ့ဆွေမျိုးတွေနဲ့အဆင်မပြေတာ"""
ဒါမျိုး တွေကို ပတ်ဝန်းကျင်မှာကြားဖူးကြမှာပါ။ ဒါပေမဲ့ သူတို့နဲ့ပါအဆင်ပြေမှ ဘ၀ကြီးက
ပိုပြီးအဆင်ပြေချောမွေ့ မှာမဟုတ်ပါလား။
အမြဲတမ်းသတိရလွမ်းဆွတ်နေမယ်
ကိုယ်ချစ်တဲ့သူနဲ့အချိန်တိုင်း
နေရာတိုင်းအတူရှိချင်တယ်ဆိုတဲ့ ခံစားချက်က အလိုရမ္မက်၊ အတ္တ မဟုတ်ပါဘူး။ ဒါကချစ်သူအပေါ်
ဘယ်လောက်နက်နက်ရှိုင်းရှိုင်းငြိ တွယ်နေတယ်၊ ဘယ်လောက်မြတ် နိုးတန်ဖိုးထားတယ်ဆိုတာပြတာဖြစ်ပါတယ်။
''အဆင်ပြေရဲ့လား'' ''ဘာလုပ်နေမလဲ''ဆိုတဲ့ စိတ် ခံစားချက်မေးခွန်းလေးတွေက ချစ်သူအပေါ်ဘယ်လောက်တောင်
တွယ်တာမိနေပြီလဲဆိုတာဖြစ်ပါတယ်။
တစ်ယောက်ဆုံးဖြတ် ချက်ကိုတစ်ယောက်တန်ဖိုးထားတယ်
ဥပမာ- အလုပ်အသစ်ပြောင်း
ဖို့စီစဉ်ထားတာမျိုး၊ ကိုယ်အလုပ် ကိုယ်ပြောင်းတာဆိုပေမယ့် ကိုယ့် ဆုံးဖြတ်ချက်က သူ့အပေါ်ဘယ်လို
သက်ရောက်မှုမျိုးဖြစ်သွားစေမလဲ။ ဘယ်လိုခံစားသွားစေမလဲ စတဲ့ ခံစားချက်တွေက သူ့အပေါ်ကို
ဘယ်လောက်တန်ဖိုးထားတယ် ဆိုတာပြနေတာဖြစ်ပါတယ်။
လျို့ဝှက်ချက်မရှိ
ကိုယ်ချစ်တဲ့တစ်စုံတစ်ယောက်နဲ့
နီးကပ်လာလေ ကိုယ့်အကြောင်းတွေကိုပိုပြီး ပြောမိလာလေပါပဲ။ ကိုယ့်ရဲ့လစာငွေကနေ မိသားစု
အိမ်တွင်းရေးတွေအထိပေါ့။ သူကပိုပြီးသိလာလေ ကိုယ့်ကိုပိုပြီး နားလည်လာလေပဲဖြစ်ပါတယ်။
တခြားသူများရဲ့အမြင်
ကိုယ့်ရဲ့မိသားစုသူငယ်ချင်း
အပေါင်းသင်းတွေကလည်း ကိုယ်နဲ့သူ နှစ်ယောက်ဘယ်လောက် လိုက်ဖက်တယ်ဆိုတာပြောနေကြပြီ။ ဒါက
နှစ်ယောက်စလုံးအတွက်သတင်းကောင်းပါဘဲ။
ခက်ခဲတဲ့အချိန်တွေကို အတူကျော်ဖြတ်မယ်
ဘ၀လက်တွဲဖော်ဆိုတာ
ထွေးပွေ့ထားရုံ၊ ကြင်နာတတ်ရုံနဲ့ မပြီးသေးပါဘူး။ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက်လက်မတွဲခင်မှာ
ပဋိပက္ခတွေ၊ စိတ်သဘောထားမတိုက်ဆိုင်တာတွေကို ကျော်ဖြတ်နိုင်စွမ်းရှိရပါလိမ့်မယ်။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment