အုန်းဆီဆိုတာ
ယနေ့အချိန်ထိသုံးနေတဲ့ ဆံကေသာလှပစေတဲ့ အလှဆီတစ်မျိုးပါ။ သူ့မှာ ဘတ်တီးရီးယားနဲ့မှိုတွေသေစေနိုင်တဲ့
ဂုဏ်သတ္တိလည်းပါဝင်နေပါတယ်။ ပြီးတော့ အုန်းဆီကို အသား အရေအလှအပအတွက် ဘယ်လိုသုံးနိုင်သလဲ။
လက်ကိုစိုပြေစေတယ်
ခြောက်သွေ့တဲ့လက်တွေက
ယားယံပြီးအဖြူအဖတ်တွေနဲ့ မလှမပဖြစ်စေပါတယ်။ ဒီလိုနေရာတွေကို အုန်းဆီလေးလိမ်းလိုက်မယ်ဆိုရင်
အသားအရေက စိုပြေပြီးလှပသွားပါလိမ့်မယ်။
သောက်လို့ရတယ်
နေ့စဉ်သောက်နေကျ
ကော်ဖီ၊ လက်ဖက်ရည်ထဲမှာလည်း အုန်းဆီထည့်သောက်လို့ရပါတယ်။
ပါးရိုးထင်ရှားစေဖို့
ထင်ရှားပေါ်လွင်လှတဲ့
ပါးရို လေးရဖို့အတွက် highlighter သုံးနေစရာမလိုပါဘူး။ မိတ်ကပ်လိမ်း ပြီးသားမျက်နှာပေါ်မှာ
အုန်းဆီခပ်ပါးပါးလေးပုတ်လိုက်မယ်ဆိုရင် ပါးရိုးလေးကထင်ရှားပေါ်လွင်လာမှာ သေချာပါတယ်။
မျက်နှာသစ်ဆပ်ပြာ
ဆပ်ပြာနဲ့ရေ
အသားကုန်သုံးပြီး မိတ်ကပ်တွေဖျက်နေစရာမလိုတော့ပါဘူး။ အုန်းဆီက ရေစိုခံတဲ့ မိတ်ကပ်တွေကိုတောင်
ဖျက်ပစ်နိုင်စွမ်းရှိပါတယ်။
ခန္ဓာကိုယ်အလေးချိန်ကျစေတယ်
အုန်းဆီကို
နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာထည့်ပြီး စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အလေး ချိန်ကျစေပါတယ်။
အမွှေးရိတ်တဲ့အခါ သုံးနိုင်တယ်
Shaving
Crean တွေက ဈေးကြီးပါတယ်။ အဆိုးဆုံးကတော့ ဓာတုပစ္စည်းတွေပါနေတာပါ သဘာဝအုန်းဆီကတော့
အမွှေးရိတ်တဲ့အခါ ပိုပြီးအဆင်ပြေစေမယ့်အပြင် ဓာတုပစ္စည်းမပါဝင်တဲ့အတွက် အသားအရေအတွက်
အန္တရာယ်မရှိပါဘူး။
နှုတ်ခမ်းကွဲရင်သုံးနိုင်တယ်
ရာသီဥတုအေးလို့ နှုတ်ခမ်းတွေကွဲတဲ့အခါ
အုန်းဆီခပ်ပါးပါးလေးလိမ်းလိုက်မယ်ဆိုရင် နှုတ်ခမ်း ကွဲတာပျောက်စေပြီး အရေပြားကိုစိုပြေစေပါလိမ့်မယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment