ရွှေရောင်ဆံပင်လေးဆိုးဖို့
စဉ်းစားနေပါသလား။ တစ်ခါမှ ဆံပင်မချွတ်ဖူးဘူးဆိုရင်တော့ ဆံပင် အရောင်နဲ့ပတ်သက်ပြီး သိသင့်တာလေးတွေရှိပါတယ်။
အရောင်ချွတ်ထားတဲ့ဆံပင်ဆိုတာ သာမန်ထက်ပိုပြီး အလေးထားဂရုစိုက်ရမယ့် လက္ခဏာပါ။ အဲဒီတော့
ဘယ်လိုဂရုစိုက်ကြမလဲ …။
မကြာခဏခေါင်းလျှော်တဲ့ အကျင့်ဖျောက်
ပထမဆုံးသိထားရမှာက
ဆံပင်အရောင်ချွတ်လိုက်တဲ့အခါ ဦးရေပြားကအဆီတွေကိုပါစုပ်ယူ ပြီးသွားပြီဆိုတာပါ။ မကြာခဏခေါင်းလျှော်ခြင်းက
ဆံပင်ကိုပိုခြောက်သွေ့စေပြီး ကျိုးပဲ့လွယ်စေပါတယ်။
ဆံပင်ပေါင်းဆေးသုံး
ခေါင်းလျှော်ပြီးတိုင်း
ဆံပင်ရေစိုနေချိန်မှာ conditioner သုံးပေးပါ။ ဆံပင်ပေါင်းဆေးသုံးပေးမှ ဆံပင်ပျက်စီးနေတာကနေ
ကာကွယ်ပြီးဖြစ်စေမှာပါ။
နေရောင်ဒဏ်ကာကွယ်
အရောင်ချွတ်ထားတဲ့ဆံပင်တွေအနေနဲ့
နေဒဏ်ကနေအတတ်နိုင်ဆုံးကာကွယ်ပါ။ နေရောင်က ဆံပင်ပျက်စီးစေပြီး ဆံသားတွေကိုပိုပြီး ကြမ်းတမ်းစေပါတယ်။
ရေမကူးခင်ဆံပင်ရေစွတ်
ရေကူးကန်ထဲက
ကလိုရင်းတွေက အရောင်ချွတ်ထားတဲ့ဆံပင်ကို အစိမ်းရောင်ပြောင်းသွားစေပါ တယ်။ အဲဒါကြောင့်
ရေမကူးခင်ရိုးရိုးရေနဲ့ဆံပင်ကို အရင်စွတ်ပေးပါ။ ဒါမှ ကလိုရင်းဓာတ်ပြုမှုနည်းပြီး အပျက်အစီးကင်းစေပါလိမ့်မယ်။
တစ်လနှစ်ကြိမ်ပေါင်းတင်ပါ
နောက်တစ်ချက်ကတော့
တစ်လ ၂ ကြိမ်လောက် Hair Mask သုံးပြီး ပေါင်းတင်ပေးဖို့ပါ။ ပေါင်းတင်ပေးခြင်းကြောင့်
ဆံနွယ်များကျိုးပြတ်ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း ကင်းစေပါလိမ့်မယ်။
ဆံပင်ပုံမှန်ညှပ်ပေးပါ
ဆံပင်အရောင်ချွတ်ထားသူများ
အဖျားနှစ်ခွဖြစ်တာကင်းစေဖို့ ပုံမှန်ဆံပင်ညှပ်ပေးပါ။ ဆံပင်ပုံမှန် ညှပ်ပေးခြင်းက ဆံပင်ကိုကျန်းမာစေပါတယ်။
အပူပေးကိရိယာများရှောင်
ဆံပင်ဖြောင့်စက်၊
ကောက်စက်တို့လို အပူပေးကိရိယာတွေက အရောင်ချွတ်ထားတဲ့ဆံကေသာကို ပိုပြီး ပျက်စီးစေပါလိမ့်မယ်။
မသုံးမဖြစ်သုံးမယ်ဆိုရင်တော့ အပူချိန်ကိုအတတ်နိုင်ဆုံးလျော့သုံးပါ။
အလှဆီသုံး
ဆံကေသာထိန်းအလှဆီက ဆံသားကိုအစိုဓာတ်ပြည့်ဝပြီး
ကျန်းမာစေပါတယ်။ အဲဒါကြောင့် ဆံကေသာထိန်းအလှဆီ ပုံမှန်သုံးပေးပါ။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment