'အရောင်တွေကို
ဘာကြောင့်နှစ်သက်သလဲ…။ဘ၀မှာလုပ်သမျှအရာတိုင်း
နောက်ကွယ်မှာ အကြောင်းပြချက်ရှိပါတယ်။ ကိုယ်လုပ်သမျှ နှစ်သက်သဘောကျသမျှ အရာရာတိုင်းပေါ့။
ဒီမေးခွန်း အရောင်တွေနဲ့ ပတ်သက်လာရင် အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ်နှစ်သက်တဲ့အရောင်က
ကိုယ်နဲ့ပတ်သက်ပြီးတော်တော်များများကိုပြောနိုင်တာကိုး။ အဲဒီတော့ အရောင်လေးတွေက ကိုယ့်အကြောင်းဘာပြောကြသလဲ…
အပြာရောင်
အပြာရောင်က
ယောက်ျားလေးတွေအတွက် ဆက်သွယ်မှုရှိပါတယ်။ ကလေးတစ်ယောက် မွေးလာကတည်းက မိန်းကလေးဆိုရင်ပန်းရောင်လေးဆင်တယ်။
ယောက်ျားလေးဆိုရင် အပြာရောင်ဆင်တယ်။ စိတ်ရဲ့အတွင်းသဏ္ဍာန်ကိုဖော်ပြရင်တော့ အပြာရောင်ကတည်ငြိမ်မှု၊
ယုံကြည်ကိုးစားနိုင်စွမ်းကိုဖော်ပြပါတယ်။
အညိုရောင်
အညိုရောင်ကြိုက်တယ်လို့
ပြောသူရှားပါတယ်။ ဒါပေမဲ့ အညိုရောင်ကြိုက်ပြီဆိုရင် စနစ်ကျသူ၊ တည်ငြိမ်ရင့်ကျက်သူလို့သာမှတ်ထားလိုက်ပါ။
အနီရောင်
အနီရောင်က
အန္တရာယ်ရဲ့ သင်္ကေတပါ။ စိတ်ဓာတ်အင်အားပြင်းထန်မှု၊ စွမ်းအင်၊ အကြောက်တရားကင်းပြီး ရဲရင့်မှုကိုကိုယ်စားပြုပါတယ်။
အ၀ါရောင်
အ၀ါရောင်ကတော့
စဉ်ဆက်မပြတ်လေ့လာသင်ယူနေသူတွေ သဘောကျတဲ့အရောင်ပါ။ ပတ်ဝန်းကျင်ကို စိတ်ဝင်စားသူ၊ အရာရာကို
သိလိုစိတ်ရှိသူတွေ အသုံးများပါတယ်။
ခရမ်းရောင်
ခရမ်းရောင်ကတော့
အနုပညာအရောင်ပါ။ အမှီအခိုကင်းမဲ့သူ၊ သီးသန့်ဆန်မှုတွေကို ကိုယ်စားပြုပါတယ်။
အစိမ်းရောင်
အစိမ်းရောင်က
ခင်မင်မှုရဲ့သင်္ကေတပါ။ သူတို့ရဲ့အတွေး၊ အပြုအမူကို တာဝန်ယူတတ်သူတွေဖြစ်ပြီး ရက်ရောသူတွေလည်းဖြစ်ပါတယ်။
Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment