ကိုယ့်ကိုဘယ်သူမှဂရုမစိုက်ကြဘူး။
မထီမဲ့မြင်လုပ်နေတယ်လို့ ခံစားနေရပါသလား။ ကိုယ်ကလည်း ဒီခံစားချက်ကိုရပ်တန့်ပစ်ချင်တယ်ဆိုပါစို့။
ဥပမာ ကိုယ့်သူငယ်ချင်းကဖြစ်စေ၊ လုပ်ငန်းခွင်ထဲက လုပ်ဖော် ကိုင်ဖက်ကဖြစ်စေ ဒီလိုလုပ်နေတယ်လို့ခံစားနေရတယ်ဆိုပါစို့။
မထီမဲ့မြင်ပြုတယ်လို့ ခံစားရတဲ့ ခံစားချက်တွေလျော့သွားစေဖို့ ဒါလေးတွေဖတ်ကြည့်ပါ။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်
ဘေးဖယ်ခံထားရတယ်ဆိုတဲ့
ခံစားချက်မျိုးဖယ်ရှားဖို့အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှုရှိဖို့ပါ။ တချို့က
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းနေပြီး လူတွေရဲ့ပျော်ရွှင်မှုအတွက် အသုံးချခံကြ ပါတယ်။
အဲဒါကြောင့် ကိုယ့်ရဲ့စွမ်းရည် လုပ်ကိုင်နိုင်စွမ်းတွေကို ယုံကြည်ထားလိုက်ပါ။
သဘောတူလွန်းတာတွေရပ်
လူတွေအားလုံးကို
အမြဲတမ်းကျေနပ်နေစေဖို့က ခက်ခဲပါတယ်။ သူတို့ကိုပျော်ရွှင်ကျေနပ်အောင် အမြဲ လုပ်နေရင်
ကိုယ့်ကိုအခွင့်အရေးလာယူကုန်ကြမှာပေါ့။ အဲဒီတော့ ပြောသမျှသဘောတူလွန်းတာတွေ ရပ်တန့်လိုက်ပါ။
သေးသေးလေးနဲ့စတင်
ပထမဆုံးသေးသေးမွှားမွှားကိစ္စလေးကနေစပြီး
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလွန်းကြောင်းပြလိုက်ပါ။ ဒီလိုကိစ္စမျိုး ကိုယ့်အကြောင်းကောင်းကောင်းမသိသေးတဲ့
သူစိမ်းတွေနဲ့ လေ့ကျင့်ကြည့်တာ ပိုကောင်းပါ တယ်။
မျှဝေခံစားတတ်အောင်ပြော
အငြင်းစကားတွေလွယ်လွယ်ကူကူပြောနိုင်ဖို့ကတော့
ကိုယ်မလုပ်ချင်တဲ့ကိစ္စတွေကို စာနာနားလည် တတ်စေနိုင်တဲ့ဝါကျလေးတွေသုံးပြီးသာပြောလိုက်ပါ။
ဥပမာ သူတို့မလုပ်ချင်တာတွေလာခိုင်းနေတဲ့အခါ 'ဒီအလုပ်ဘယ်လောက်အရေးကြီးတယ်ဆိုတာ နားလည်ပါတယ်။
ဒါပေမဲ့ ကျွန်တော့်မှာအချိန်မရှိလို့ပါ' ဆိုပြီးတော့ပေါ့။ 'မလုပ်ချင်ဘူး'လို့ ခပ်ပြတ်ပြတ်ပြောလိုက်တာထက်စာရင်
အများကြီးအဆင်ပြေပါတယ်။
ကိုယ့်အတွက်အချိန်လေးဖယ်ထား
သူတို့ဘေးဖယ်ထားလည်း
ကိစ္စမရှိပါဘူး။ ကိုယ့်အတွက် ကိုယ်ပိုင်တဲ့အချိန်လေးတွေ ဖယ်ထားတာရှိ တယ်လေ။ ဘာမှပူမနေပါနဲ့။
ကိုယ်ဖယ်ထားတဲ့အချိန်လေးတွေမှာ အေးအေးဆေးဆေးသာနားနေလိုက်ပါ။
ဒီလိုပြုမူတာမကောင်းကြောင်းပြော
နောက်တစ်ခုကတော့
ကိုယ့်ကိုဘေးဖယ်ထားသူတွေကို ဒီလိုလုပ်ရပ်ကမကောင်းကြောင်း ပွင့်ပွင့် လင်းလင်းပြောလိုက်ဖို့ပါ။
အများစုက ဒီလိုကိစ္စမျိုးဆိုမပြောဘဲ နှုတ်ဆိတ်နေတတ်ကြပါတယ်။
တန်ပြန်တိုက်ခိုက်
ကိုယ့်ဘက်က
ဒီလောက်ပြောနေတာမှမရရင်တော့ သူတို့ဘေးဖယ်ထားတဲ့ကိုယ်ဟာ သူတို့ကို မလိုအပ်ပါ ဘူးဆိုတဲ့
အခြေအနေရအောင်ပြောင်းလဲပစ်လိုက်ပါ။
ဘယ်သူ့အတွက်လုပ်နေတာလဲသတိရ
အပြောင်းအလဲတွေအတွက်ကြိုးစားနေရတာ
အထူးအဆန်းလိုပါပဲ။ ဒါပေမဲ့ ဒီလိုလုပ်နေရတာ ဘယ်သူ့အတွက်လဲ…။ ကိုယ့်ကိုယ်ကိုယ်ပြန်တွေးကြည့်ပါ။
ဘ၀မှာ လူတွေကိုအသင့်အတင့်ကျေနပ်ပြီးစေခဲ့ပြီလေ။ အခု ကိုယ့်အလှည့်ပေါ့။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment