ကာတွန်းဆန်ဆန် မိုဘိုင်းဂိမ်းလေး CRAZY KINGS














Crazy Kings ဟာ Collectable Card စတိုင်နဲ့ Tower Defense ကို ပေါင်းစပ်ထားတဲ့ ကာတွန်းဆန်ဆန် မိုဘိုင်းဂိမ်းလေးဖြစ်ပါတယ်။ ထုတ်လုပ်သူကတော့ Jelly Splash, Diamond Dash တို့နဲ့ လူသိများတဲ့ ကုမ္ပဏီ Wooga ပါ။ ဒီဂိမ်းရဲ့ပုံသဏ္ဍာန်ဟာ ပုံမှန်ဆွဲဆောင်မှုရှိနေတာကြောင့် မကြာသေးခင်က မှထွက် လာတဲ့ ဒီဂိမ်းလေးကိုမိတ်ဆက်ပေးချင်တာဖြစ်ပါတယ်။

ကစားသူဟာ ဂိမ်းအစမှာရယ်စရာကောင်းတဲ့ Cut Scene လေးကို အရင်ကြည့်ရမှာဖြစ်ပြီး စိတ်ဖောက်ပြန် သွားတဲ့ တော်ဝင်တွေဟာ ကမ္ဘာတစ်ခုလုံးကို မိစ္ဆာတွေရန်က ကာကွယ်မပေးဘဲ သူရဲကောင်းတွေ ကျဆုံး သွားခဲ့တယ်။ ဒီအချိန်မှာ တိုက်ပွဲကိုနတ်သမီးတစ်ပါးရောက်လာပြီး ကစားသူရဲ့ Avatar ဖြစ်လာမယ့်သူကို ရူးသွပ်နေတဲ့ဘုရင်တွေကိုရပ်တန့်ဖို့ သူရဲကောင်းတစ်ယောက်ရှာခိုင်းတာဖြစ်ပေမယ့် နားလည်မှုလွဲသွားတဲ့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်က သူ့ကိုယ်သူနတ်သမီးကပြောကြားတဲ့ သူရဲကောင်းလို့ထင်ပြီး Minotaur စတဲ့ မိစ္ဆာတွေကို ပြန်လည်တိုက်ခိုက်ပြီး Crazy King ကို တားဆီးဖို့ကြိုးစားပါတော့တယ်။

ရယ်စရာကောင်းတဲ့ပုံစံနဲ့စတင်ထားပြီး ကာတွန်းပုံအခြေခံ ဂရပ်ဖစ်ဒီဇိုင်းလေးတွေက တော်တော်နှစ်သက် စရာကောင်းပါတယ်။ မြေပုံပေါ်မှာတစ်ခန်းကိုနိုင်မှ နောက်ထပ်လမ်းအသစ်တွေ ပွင့်သွားတဲ့ပုံစံဖြစ်ပြီး Daily Quest, Upgrade စတဲ့တွေကိုလည်းရှေ့က Level တွေကိုနိုင်မှပွင့်လာမှာပါ။ တစ်ခန်းချင်းစီမှာ သိပ်အချိန် မကြာတဲ့ Tutorial လေးတွေရှိပြီး တိုတိုနဲ့ထိရောက်တယ်။ ကစားသူဟာ အနိုင်ရရှိတဲ့ ကြယ်အဆင့်ပေါ် မူတည်ပြီး in-game Currency ဖြစ်တဲ့ gem တွေကိုပါ အမြင့်ဆုံး 3 Srars နဲ့နိုင်ရင်ရရှိနိုင်တယ်။ 

တာဝါတွေကို Upgrade တင်ဖို့အတွက်တော့ တူညီတဲ့ကတ်နှစ်ကတ်ရမှ တင်လို့ရမှာပါ။ ဒီကတ်တွေကို လည်း Level တွေကိုနိုင်ရင်ရရှိမှာဖြစ်ပါတယ်။ Tower Card တွေအပြင် ကိုယ့်ဟီးရိုးအတွက် Weapon, Armor စတာတွေလည်းပါဝင်ပါတယ်။ ကစားရတဲ့ပုံက OMG!TD တုန်းကလိုပဲ ကိုယ့်ရဲ့ဟီးရိုးကို ရန်သူ Wave တွေအပေါ် အချိန်ခနတားဆီးဖို့ အသုံးပြုနိုင်တယ်။ လက်နဲ့ဆွဲရွှေ့ပြီး ကိုယ်ချစေချင်တဲ့ရန်သူပေါ် တင်ပေးလိုက်ရုံပါပဲ။ Tower တွေကိုဆောက်ဖို့အတွက် Mana ကို အသုံးပြုရပြီး ရန်သူကိုသတ်နိုင်ရင် Mana ပိုရမှာဖြစ်တယ်။ Trap တွေကတော့ Ability လိုသဘောမျိုးဖြစ်ပြီး 1 mana စသဖြင့် အနည်းငယ်သာကုန်ပြီး Cooldown  နဲ့ဖြစ်ပါတယ်။

Tower တွေမှာ ထုံးစံအတိုင်း AoE ထိစေတာ၊ တစ်ကောင်ထဲကို မြန်မြန်ချေမှုန်းတာ၊ တစ်ကောင်ထက် ပိုတဲ့ရန်သူတွေကို တစ်ချိန်တည်းတိုက်ခိုက်နိုင်တာ စသဖြင့်ကွဲပြားတယ်။ ဒီဂိမ်းလေးမှာ နှစ်သက်စရာ အကောင်းဆုံးကတော့ သူ့ရဲ့ကာတွန်းအခြေခံဂရပ်ဖစ်ပုံလေးတွေပါပဲ။ CCG နဲ့ TD ကိုရောထားတဲ့ Gameplay ကလည်း သင့်ကိုအစောပိုင်းမှာ ကတ်တွေစုရတာပျော်ရွှင်စရာလို့ ထင်စေမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အခန်းတစ်ခန်းကိုကျော်ဖို့ ဘယ်ကတ်တွေကို အသုံးပြုရမလဲဆိုတာနဲ့ဦးနှောက်စားစေ မှာပါ။

IOS ပေ:မှာ အခမဲ့ရရှိနိုင်တဲ့ဂိမ်းဖြစ်ပြီး ကစားရတာလည်းကောင်းပါတယ်။ ဒါပေမဲ့ မိုဘိုင်းဂိမ်းဆန်တဲ့ feature တစ်ခုဖြစ်တဲ့ Energy Bar စနစ်ကိုထည့်ထားတာကြောင့် အမှန်ပြန်လျော့လိုက်တာဖြစ်ပါတယ်။ သင့်ရဲ့ဖုန်းပေါ်မှာထည့်ထားသင့်တဲ့ TD ပရိသတ်တစ်ယောက်အနေနဲ့ လက်လွှတ်မခံသင့်တဲ့ဂိမ်းလေးပါပဲ။

Banruka

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape 

Share on Google Plus

0 comments:

Post a Comment