တစ်ယောက်ဖျားနာပြီး
နောက်ထပ်မိသားစုဝင်တွေတစ် ယောက်ပြီးတစ်ယောက်ဆက်တိုက် ဖျားနာတဲ့အခြေအနေမျိုး လူတိုင်း
ကြုံဖူးကြမှာပါ။ ဒီအတွက်တစ်အိမ် လုံးကို ပိုးမွှားကင်းစင်အောင်လုပ်တာမျိုး၊ ကြိုတင်ကာကွယ်မှုတွေ
လုပ်တာမျိုးလည်းလုပ်ဖူးကြမှာပါ။ ကူးစက်ရောဂါက ကမ္ဘာအနှံ့ဖျား နာခြင်း၊ သေဆုံးခြင်းတွေအတွက်
အဓိကတရားခံပါပဲ။ အဲဒီတော့ ကူးစက်ရောဂါကင်းဝေးအောင်ဘယ်လို ကာကွယ်ကြမလဲ။
လျှပ်စစ်ပစ္စည်းတွေကိုပိုးသတ်ပါ
လူတွေဟာ ဖုန်း၊
တီဗွီမရှိဘဲ မနေနိုင်လောက်အောင်ဖြစ်နေပါပြီ။ ဒါတွေက ရောဂါပိုးမွှားတွေကူးစက် လာစေတဲ့အကြောင်းတစ်ခုပါ။
လက်ကိုင်ဖုန်းတွေမှာ ဘက်တီးရီး ယားပိုးမွှားတွေ ၈၀ ရာခိုင်နှုန်း လောက်ရှိကြပါတယ်။ တုပ်ကွေးလို
မျိုးဗိုင်းရပ်စ်တွေက နှာချေတဲ့အခါ လေထဲကနေ အရာဝတ္ထုပစ္စည်း တွေဆီတွယ်ကပ်သွားပြီး ဒီပစ္စည်း
တွေကိုင်တွယ်မိတဲ့အခါ ရောဂါပိုး တွေက ထပ်ပြီးကူးစက်ပါတယ်။ အဲဒါကြောင့် ပိုးသတ်ဖို့အတွက်
ရေနဲ့အရက်ပြန်ကို ဆတူရောပြီး အ၀တ်စိမ်ကာ အဲဒီအ၀တ်နဲ့ တီဗွီ ရီမု၊ ဖုန်း စတဲ့အကိုင်အတွယ်များ
တဲ့ပစ္စည်းတွေပေါ်မှာ ပွတ်တိုက်ပေးပါ။
အ၀တ်လျှော်စက်ကိုပိုးသတ်ပါ
နေမကောင်းတဲ့လူသုံးထားတဲ့
အ၀တ်အစားအသုံးအဆောင်တွေ ကနေတစ်ဆင့် ရောဂါပိုးမွှားတွေ ကူးစက်နိုင်ပါသေးတယ်။ အ၀တ်အစားတွေကနေတစ်ဆင့်
အသက် ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါတွေလည်းကူးစက်နိုင်ပါတယ်။အဲဒါကြောင့် အ၀တ်လျှော်တဲ့အခါ
နေမကောင်းတဲ့လူရဲ့အ၀တ်အစား တွေကိုသီးသန့်ခွဲပြီးလျှော်ပေးပါ။
ရေချိုးခန်း အိမ်သာကိုပိုး သတ်ပါ
ဘက်တီးရီးယားပိုးမွှားတွေက
နွေးထွေးစိုစွတ်တဲ့ ရေချိုးခန်း၊ အိမ်သာထဲမှာအသက်ဆက်ရှင်နေနိုင်ပါတယ်။ ရေချိုးခန်းထဲက
ဗိုင်းရပ်စ်တွေက အသက်ရှူလမ်း ကြောင်းနဲ့အရေပြားကူးစက်ရောဂါတွေကို ကူးစက်စေနိုင်ပါတယ်။
ရေချိုးခန်းဘေစင်တွေက ရောဂါကူး စက်ဖို့ဖြစ်နိုင်ခြေအများဆုံးပါ။ လေ ထဲကဘက်တီးရီးယားတွေကလည်း
ရေချိုးခန်းအိမ်သာတွေကို ပိုးသတ် ဆေးသုံးစွဲပြီး သန့်ရှင်းရေးလုပ်ပေးပါ။ ရေဆင်းပေါက်တွေ၊
ရေချိုး ကန်၊ ဘေစင် စတာတွေကို သေချာသန့်စင်ပေးပါ။
မီးဖိုဆောင်ကိုသန့်ရှင်းပါ
မီးဖိုးဆောင်ကလည်း
အိမ် တစ်အိမ်မှာ အရေးကြီးဆုံးဖြစ်ပါတယ်။ ဆေးဝါးဒဏ်ကိုခုခံနိုင်တဲ့ ဘက်တီးရီးယားတွေက
စဉ်းနှီတုံး၊ ဓား၊ ပန်းကန်၊ ခွက်စတာတွေမှာ တွယ်ကပ်နေနိုင်ပါတယ်။ ပန်းကန် ဆေးအ၀တ်ဖတ်၊
ရေမြှုပ်စတာတွေ လည်းပိုးမွှားတွေကို ခိုအောင်းဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ အဲဒါကြောင့်
ရေနွေး၊ ပိုးသတ်ဆေး ကိုသုံးပြီး မီးဖိုဆောင်ကိုသန့်ရှင်းရေးလုပ်ပေးပါ။
ထိတွေ့ကိုင်တွယ်မှုများတဲ့ နေရာတွေကိုသန့်ရှင်းရေးလုပ်ပါ
အိမ်မှာမိသားစုတွေအထိအတွေ့အကိုင်အတွယ်များတဲ့နေရာတွေကို
ပိုးသတ်ဆေးနဲ့သေချာ သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ ဒီနေရာတွေကနေလည်း ကူးစက်ရောဂါဖြစ်ဖို့
ပိုပြီးလွယ်ပါတယ်။ တံခါးလက်ကိုင်ဘု၊ မီးခလုတ်တွေ၊ လှေကားလက်ရန်း၊ အိမ်သာတံခါး၊ ရေခဲသေတ္တာတံခါးစတဲ့အထိ
အတွေ့အကိုင်အတွယ်များတဲ့နေရာတွေကို သေချာသန့်ရှင်းရေးလုပ်ပေးပါ။
သာမိုမီတာကိုပိုးသတ်ပါ
နေမကောင်းဖြစ်ဖျားနာတဲ့အခါ
သာမိုမီတာကို မကြာခဏထုတ်ပြီး တိုင်းလေ့ရှိပါတယ်။ သာမိုမီတာကလည်း ဘက်တီးရီးယား၊ ဗိုင်း
ရပ်စ်တွေ ကူးစက်နိုင်တဲ့ပစ္စည်းတစ်ခုပါ။ ကိုယ်သုံးနေတဲ့သာမိုမီတာ သူများအသုံးပြုရင်း
ရောဂါပိုးမွှား တွေက ပျံ့နှံ့ပါတယ်။ အဲဒါကြောင့် သာမိုမီတာကိုလည်း ပိုးမွှားသန့်ရှင်း
ရေးလုပ်ပေးဖို့လိုအပ်ပါတယ်။
အိမ်မွေးတိရိစ္ဆာန်တွေကို သန့်ရှင်းရေးလုပ်ပေးပါ
ကြောင်၊ ခွေးအစရှိတဲ့အိမ်
မွေးတိရစ္ဆာန်တွေကလည်း ရောဂါ ပိုးမွှားတွေ ကူးစက်ပျံ့ပွားနိုင်ပါတယ်။ အဲဒါကြောင့် နေမကောင်းဖြစ်၊
ဖျားနာနေစဉ်မှာလည်း အိမ် မွေးတိရစ္ဆာန်တွေနဲ့ဝေးဝေးနေဖို့ လိုပါတယ်။ သူတို့ကိုလည်းသေချာသန့်ရှင်းရေးလုပ်ပေးပါ။
ပြတင်းပေါက်တွေဖွင့်ထားပါ
W.H.O ကနေပြီး
နေမ ကောင်းဖြစ်တဲ့အခါ လေထဲက ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးမွှား တွေမကူးစက်နိုင်ဖို့
လေ၀င်လေ ထွက်ကောင်းအောင်ပြတင်းပေါက် တွေကိုဖွင့်ထားဖို့ တိုက်တွန်းထားပါတယ်။ လေ၀င်လေထွက်ကောင်းပြီး
နေရောင်ကောင်းကောင်းရတဲ့အတွက် ကူးစက်ရောဂါနဲ့ဘက်တီး ရီးယားတွေကို တစ်ခါတည်းဖယ် ရှားရှင်းလင်းပြီးသားဖြစ်စေပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment