ဆံသားခြောက်သွေ့တာ
မကြာခဏခံစားနေရပြီဆိုရင် ဒါတကယ့် ပြဿနာပါ။
ဆံပင် ခြောက်သွေ့ တာက ဦးရေပြားသဘာဝအဆီတွေ ခမ်းခြောက်သွားလို့ပါ။ ဆံပင်ခြောက်သွေ့တဲ့အတွက်
ဆံကေသာ မွဲခြောက်ပြီး မကျန်းမာတော့ဘဲ ကြည့်ရဆိုးစေပါတယ်။ ဆံသားခြောက်သွေ့ခြင်းရဲ့ နောက်ဆက်တွဲ
ဆံသားပျက်စီးခြင်း၊ ဆံပင်ကျွတ်ခြင်းတွေဖြစ်လာပါတော့တယ်။ အဲဒီတော့ ခြောက်သွေ့တဲ့ ဆံကေသာကို
ဘယ်လို ထိန်းသိမ်းကြမလဲ…။
ဆံကေသာထိန်းပစ္စည်းလျော့သုံး
ဆံပင်ပုံသွင်းဂျယ်တွေ၊
Hair Spray တွေအလွန်အကျွံသုံးတာလည်း ဆံသားကိုခြောက်သွေ့ ပျက်စီးစေနိုင်ပါတယ်။ အဲဒီတော့
ဆံကေသာပုံသွင်းပစ္စည်းတွေ လျော့သုံးဖို့ပထမဆုံးသတိရပါ။
အပူချိန်လျော့
Hair
Dryer သုံးလွန်းတာကလည်း အပူချိန်ကြောင့် ဆံသားကိုပျက်စီးသွားစေနိုင်ပါတယ်။
ီမပနမ ရဲ့ ပြင်းထန်တဲ့အပူရှိန်က ဆံသားကိုခြောက်သွေ့ပျက်စီးစေပြီး အရောင်အဆင်းကင်းမဲ့စေပါတယ်။
နေ့တိုင်းခေါင်းမလျှော်နဲ့
နေ့တိုင်းခေါင်းလျှော်စရာမလိုပါဘူး။
ခေါင်းလျှော်ရည်မှာပါဝင်တဲ့ အက်ဆစ်ဓာတ်တွေက ဆံသားနဲ့ ဦးရေပြားက အဆီတွေကိုစုပ်ယူသွားပြီး
ဆံကေသာပျက်စီးဖို့ အကြောင်းဖန်လာပါတော့တယ်။
သဘာဝအရောင်အတိုင်းထား
ဆံပင်ဆိုးဆေးထဲမှာပါဝင်တဲ့
ချွတ်ဆေးနဲ့တစ်ခြားဓာတုပစ္စည်းတွေက ဆံကေသာကို ခြောက်သွေ့ ပျက်ဆီးစေနိုင်စွမ်းရှိတဲ့အတွက်
ဆံပင်အရောင်ဆိုးလေ ပျက်စီးဖို့များလာလေပါ။
သဘာဝပစ္စည်းသုံး
နူးညံ့လှတဲ့
ဦးရေပြားနဲ့ဆံကေသာကို ထိန်းသိမ်းစောင့်ရှောက်မှာဖြစ်တဲ့အတွက် သဘာဝ ပစ္စည်းလေးတွေကို
အတတ်နိုင်ဆုံးသုံးစွဲပေးပါ။ အဲဒါမှ အန္တရာယ်ကင်းပြီး ဆံသားခြောက်သွေ့ခြင်းကင်း စေပါလိမ့်မယ်။
ပေါင်းတင်
သံလွင်ဆီကို
ခပ်နွေးနွေးအပူပေးပြီး ပေါင်းတင်ပေးတာကလည်း ဆံကေသာခြောက်သွေ့ခြင်းကင်း စေပါလိမ့်မယ်။
သံလွင်ဆီမှာပါဝင်တဲ့ ဗီတာမင်နဲ့ အင်တီအောက်ဆီဒင့်တွေက ဆံကေသာနဲ့ ဦးရေပြားကို အစိုဓာတ်ဖြည့်ပေးပါလိမ့်မယ်။
ထောပတ်သီး
ထောပတ်သီးအနှစ်နဲ့ပေါင်းတင်တာက
ပျက်စီးနေတဲ့ဆံသားတွေကို ကုသပေးနိုင်စွမ်းရှိပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်ခန့်ပေါင်းတင်ပေးနိုင်ပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးအနှစ်ကို
ဆံသားအနှံ့လိမ်းပေးမယ်ဆိုရင် ဆံပင်အဖျားနှစ်ခွဖြစ်တာပျောက်စေပြီး ခြောက်သွေ့ပျက်စီးနေတဲ့
ဆံကေသာကို တစ်ဖန်ပြန်လည်လန်းဆန်းစေပါလိမ့်မယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment