ခြောက်သွေ့သော အသားအရေကို ဘယ်လိုကုစားမလဲ













အသားအရေခြောက်သွေ့တယ်ဆိုတာ ဆောင်းရာသီ၊ အထူးသဖြင့် ခြောက်သွေ့အေးမြချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြနာတစ်ခုပါ။ ဒီပြနာကို ဖြေရှင်းဖို့ အလှဆီ၊ အစိုဓာတ်ထိန်းခရင်မ်တွေသုံး ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေထဲမှာ ဘာတွေပါတယ်ဆိုတာ ဘယ်သူကသေချာပြောနိုင်မှာပါလဲ။ တကယ်လို့ အသားအရေကို အန္တရာယ်ကင်းကင်းနဲ့ သဘာဝအတိုင်း ထိန်းသိမ်းချင်တယ်ဆိုရင်တော့ သဘာဝသစ်သီးလေးတွေ ရှိပါတယ်။

ထောပတ်သီး
ဗီတာမင်၊ အင်တီအောက်ဆီဒင့်နဲ့ Fatty Acid တွေပါဝင်တဲ့ ထောပတ်သီးက အသားအရေကို အစိုဓာတ်နဲ့ အာဟာရဖြည့်ပေးပါတယ်။ ထောပတ်သီးအနှစ်ကို မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်ခန့် ပေါင်းတင်ပေး ထားနိုင်ပါတယ်။

အုန်းဆီ
Fatty Acid ပါဝင်တဲ့ အုန်းဆီက အသားအရေအတွင်း လျှင်မြန်စွာစိမ့်ဝင်နိုင်ပြီး ခြောက်သွေ့တဲ့ အရေပြားကို စိုပြေချောမွေ့စေပါတယ်။ အုန်းဆီခပ်ပါးပါးကို ခြောက်သွေ့တဲ့အရေပြားမှာ ညအိပ်ရာဝင်ကာနီး လိမ်းပေးထားပါ။

သံလွင်ဆီ
သံလွင်ဆီက ခြောက်သွေ့အက်ကွဲတဲ့ အရေပြားအတွက် အထူးသင့်လျော်ပါတယ်။ ရေမချိုးခင် သံလွင်ဆီလိမ်းပြီး အရေပြားကိုနှိပ်နယ်ပေးပါ။ အရေပြားက အစိုဓာတ်ပြည့်ဝပြီး လှပါနေပါလိမ့်မယ်။

နို့ခရင်မ်
နို့မှာ အသားအရေခြောက်သွေ့ခြင်းကို ကုသပေးဖို့  Latic Acid ပါဝင်ပါတယ်။ Latic Acid က အရေပြားပေါ်က ဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးပြီး အသားအရေကို ချောမွေ့စေပါ တယ်။

ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်က အသားအရေခြောက်သွေ့တာကို သက်သာစေပြီး ဘက်တီးရီးယားတွေကို သေစေပါတယ်။ အရေပြား အဖတ်လိုက်ကွာကျတာကိုလည်း သက်သာစေပြီး အစိုဓာတ်ဖြည့်ပေးပါတယ်။ ရှားစောင်းလက်ပတ်ကို ခြောက်သွေ့တဲ့အရေပြားမှာ လိမ်းထားပြီး ၁၀ မိနစ်လောက်နေမှ ရေခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

ဗာဒံစေ့အဆီ
ဗာဒံစေ့အဆီကလည်း အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးပြီး ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် ကြောင့် အစိုဓာတ်မခန်းခြောက်အောင် ထိန်းသိမ်းပေးပါတယ်။

ဒိန်ချဉ်
ဒိန်ချဉ်မှာပါဝင်တဲ့ ဗီတာမင် B12, B2, မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တို့က အရေပြားကျန်းမာရေး အတွက် အထူးသင့်လျော်ပါတယ်။ ဘာနဲ့မှ မရောစပ်ထားတဲ့ ဒိန်ချဉ်ကို အရေပြားပေါ် ၁၀ မိနစ်ခန့် လိမ်းပေး ထားမယ်ဆိုရင် ယားယံခြင်းတွေကို သက်သာစေသလို အစိုဓာတ်လည်းဖြည့်ပေးပါတယ်။

အလှဆီ
ဂလစ်စရင်း အလှဆီကို ခြောက်သွေ့တဲ့အရေပြားကုသရာမှာ ထိထိရောက်ရောက် အသုံးပြုနိုင်ပါ တယ်။ ဂလစ်စရင်းက အရေပြားအတွင်း လျှင်မြန်စွာစိမ့်ဝင်နိုင်သလို အရေပြားကို အစိုဓာတ်ပြည့်ဝစေပါတယ်။

ထောပတ်
ထောပတ်ကလည်း အထိရောက်ဆုံးနဲ့ အရိုးရှင်းဆုံးကုသနည်းပါ။ အရေပြားမှာလိမ်းထားရင် အနည်းငယ်စေးထန်းပေမဲ့ အစိုဓာတ်ပြည့်ဝပြီး လှပချောမွေ့စေပါတယ်။

န်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment