အေးမြတဲ့ရာသီဥတုကူးပြောင်းလာတဲ့အခါ
အ၀တ်အစားတွေ ပြောင်းလဲဝတ်ဆင်လာကြသလို အသား အရေထိန်းပစ္စည်းတွေလည်း ပြောင်းလဲအသုံးပြုလာရပါတယ်။
ရာသီဥတုအေးလာလေ အသားအရေ ခြောက် သွေ့လာလေပါ။ အဲဒီတော့ အသားအရေခြောက်သွေ့ခြင်းကင်းစေဖို့
အစိုဓာတ်ဖြည့်ပေးရပြီပေါ့။ အဲဒီတော့ အေးမြတဲ့ဆောင်းရာသီမှာ အသားအရေခြောက်သွေ့ခြင်းကင်းပြီး
စိုပြေတောက်ပနေစေဖို့ ဘယ်လိုထိန်းသိမ်း ကြမလဲ …။
မရှိမဖြစ်နေရောင်ကာကွယ်ဆေး
နွေရာသီလောက်နေပူရှိန်မပြင်းပေမယ့်
လေထုထဲက UV တွေက အသားအရေကိုပျက်စီးစေနိုင်ဆဲပါ။ အဲဒီတော့ နေရောင်ကာကွယ်ဆေးသုံးတာမျိုး၊
အကာအကွယ်နဲ့ အပြင်သွားတာမျိုးလုပ်ပေးပါ။
အဆီများတဲ့ရေချိုးဆပ်ပြာ
နွေရာသီတစ်လျှောက်လုံးသုံးခဲ့တဲ့
ရေချိုးဆပ်ပြာဂျယ်လ်က ဆောင်းရာသီမှာ အသားအရေ ခြောက်သွေ့စေဖို့ အကြောင်းဖန်လာပါပြီ။
အဲဒီတော့ အဆီများ အစိုဓာတ်များတဲ့ ခရင်မ်အမျိုးအစား ရွေးချယ်သုံးပေးပါ။
အသားအရေအပြောင်းအလဲကို ဂရုစိုက်
ဆောင်းရာသီက
အသားအရေပြောင်းလဲတဲ့ရာသီပါ။ နွေရာသီမှာ အဆီပြန်တဲ့အသားအရေက ဆောင်းရာသီမှာ အဆီခမ်းခြောက်ပြီး
သာမန်အသားအရေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
လက်လိမ်းခရင်မ်
ဆောင်းရာသီမှာ
ပထမဆုံးသတိထားမိမှာက အေးမြတဲ့လေထုကြောင့် လက်အရေပြားတွေ ကွဲအက်တာပါ။ အဲဒီတော့ လက်လိမ်းခရင်မ်ကောင်းကောင်းလေးသုံးဖို့
သတိသာရလိုက်ပါ။
ကြေးချွတ်
ပုံမှန်ကြေးချွတ်ပေးခြင်းက
အသားအရေကို တောက်ပကြည်လင်စေပါလိမ့်မယ်။ အသားအရေ ခြောက်သွေ့မပျက်စီးသွားစေဖို့အတွက်တော့
အဆီနဲ့သကြား အခြေခံထုတ်ထားတဲ့ ပစ္စည်းမျိုးရွေးချယ်သုံးပါ။
လက်သည်းပန်းကုံးအလှဆီ
အသားအရေခြောက်သွေ့ပျက်စီးတာနဲ့အတူ
လက်သည်းပန်းကုံးလေးတွေလည်း ခြောက်သွေ့ကွဲ အက်လာတတ်ပါတယ်။ လက်လိမ်းခရင်မ်လောက်နဲ့ အဆင်မပြေဘူးဆိုရင်တော့
လက်သည်းပန်းကုံး အလှဆီ လိုမျိုးသာ ရွေးချယ်သုံးပေးပါ။
ပေါင်းတင်ကပ်ခွာသုံး
ပန်းသီး၊ အရက်ဗီနီဂါ၊ ပျားရည်၊ သစ်ကြပိုးခေါက်၊
ရှားစောင်းလက်ပက်ရောစပ်ထားတဲ့ ပေါင်းတင်ကပ် ခွာလိုမျိုးကလည်း အသားအရေစိုပြေဖို့ ကူညီပေးပါလိမ့်မယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment