ဇိမ်ခံကား ဘယ်လိုဝယ်မလဲ
















ဈေးကြီးတဲ့ကားတွေကို ၀ယ် ယူခြင်းက သင့်ရဲ့ပိုက်ဆံအိပ်အ တွင်းက ပိုက်ဆံတွေကို သိသိသာ သာ လျော့နည်းသွားစေမှာပါ။ ဒါ ကြောင့် သာမန်ကားတစ်စီးထက် စာရင် အကုန်အကျများမယ့် တန် ဖိုးကြီးကားတစ်စီးဝယ်ယူတော့မယ် ဆိုရင် ကိုယ့်အနေနဲ့ သေချာစိစစ် ၀ယ်ယူဖို့ သင့်ပါတယ်။ အထူးသ ဖြင့် ဇိမ်ကျကျစီးနင်းဖို့ ရည်ရွယ် ၀ယ်ယူမယ့် ဇိမ်ခံကားဖြစ်နေရင် ပိုပြီးတော့တောင် သတိထားရဦးမှာ ပါ။ ဇိမ်ခံကားအမျိုးအစားကောင်း ထဲဖြစ်မယ်။ တန်ဖိုးကြီးတာမှလည်း ကိုယ်က ရွေးချယ်ချင်တယ်ဆိုရင် တော့ သေချာပေါက်ဂရုတစိုက် ရွေးချယ်ရပါတော့မယ်။ ဒါမှလည်း ရွေးချယ်ဝယ်ယူပြီးချိန်မှာ ဒီကားနဲ့ ပတ်သက်လို့ အချိန်တိုင်းစိတ်ကျေ နပ်မှုအပြည့်အ၀ ရရှိနိုင်မှာ ဖြစ်ပါ တယ်။ ဒီတော့ တန်ဖိုးကြီး ဇိမ်ခံ ကားတစ်စီးဝယ်ယူတော့မယ်ဆိုရင် ဆုံးဖြတ်ချက်မမှားယွင်းရအောင် ဘယ်လိုဂရုစိုက် ၀ယ်ယူသင့်တယ် ဆိုတာနဲ့ပတ်သက်ပြီး နည်းနည်း လောက် အကြံပြုပါရစေ။ 

ရင်းနှီးမှုရှိပါစေ
မဖြစ်မနေပြုလုပ်သင့်တဲ့အရာ တစ်ခုဖြစ်ပေမယ့် လူတိုင်း လွယ် လင့်တကူ ကျော်ဖြတ်သွားတတ် ကြတဲ့အချက်တစ်ချက် ဖြစ်နေပါ တယ်။ ဇိမ်ခံကားတစ်စီးဝယ်ယူဖို့ ဆုံးဖြတ်ထားသူတစ်ဦးအနေနဲ့ မ ၀ယ်ယူခင်ကတည်းက ကိုယ်က ဘယ်လို ဇိမ်ခံကားမျိုးကို ကြိုက်နှစ် သက်တာလည်းဆိုတာ သေချာ သိနေဖို့ လိုပါတယ်။ ဒါ့အပြင် ဇိမ် ခံကားအမျိုးအစားတွေ အများကြီး ထဲကမှ ဘယ်အမျိုးအစားက ကိုယ် နဲ့သင့်တော်မယ်။ ဘယ်ကုမပဏီ ထုတ် ဇိမ်ခံကားတွေကတော့ ဘယ်လိုအားနည်းချက်၊ အားသာ ချက်တွေရှိတယ်ဆိုတာကစ စိတ် ၀င်တစားနဲ့ လေ့လားထားသင့်တာ ပါ။ အထူးသဖြင့် ကိုယ်မျက်စိကျ မိတဲ့ကားနဲ့ပတ်သက်တဲ့ အ ကြောင်းအရာအတော်များများကို သေချာဂဏဃနသိထားဖို့ ပြင်ဆင် ထားသင့်တာပါ။ ဒါမှ တခြားတန် ဖိုးတူ အမျိုးအစားတွေနဲ့ နှိုင်းယှဉ် လိုက်ရင် ကိုယ့်ကားက ဘယ်လို အားသာချက်တွေရှိမလဲသိနိုင်မှာ ဖြစ်သလို မကောင်းတဲ့အချက်တွေ ရှိနေရင်လည်း တင်ကြိုရှောင်ရှား နိုင်မှာကြောင့် ဖြစ်ပါတယ်။ ဒီလို အချက်အလက်တွေကို သေချာမ သိသေးဘဲနဲ့တော့ ကိုယ်မျက်စိကျ မိတယ်ဆိုတဲ့အချက်တစ်ခုတည်းနဲ့ ကားတစ်စီးကို မျက်စိစုံမှိတ်ဝယ် ယူဖို့မသင့်ကြောင်း အကြံပြုချင်ပါ တယ်။ 

လက်လှမ်းမီတဲ့ ဈေးကွက်အတွင်း မှာ အရင်ရှာ
နောက်တစ်ချက်ကတော့ ကိုယ်ဝယ်ယူချင်တဲ့ ဇိမ်ခံကားအ မျိုးအစားကို ကိုယ့်နိုင်ငံတွင်းမှာ အသစ်အတိုင်းဝယ်ယူရရှိနိုင်မလား ဆိုတာကို လေ့လာသင့်တာပါ။ ဘာကြောင့် ဒီအချက်ကိုထည့်ပြော ရတယ်ဆိုတာ အားလုံးလည်းသိ ကြမှာပါ။ ကိုယ့်နိုင်ငံတွင်းမှာ အသစ် အတိုင်းဝယ်ယူနိုင်မယ်ဆိုရင် နိုင်ငံ ခြားက မှာယူတင်သွင်းရတာထက် ပိုပြီးလွယ်ကူစေမှာဖြစ်သလို ကုန် ကျစရိတ်လည်း လျော့ချနိုင်မှာ ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းကားကြော်ငြာတွေထဲမှာ ကိုယ်လိုချင်တဲ့အမျိုးအစားပါဝင်နေ လား စနည်းနာ သင့်ပါတယ်။ ဒါ့အ ပြင် ကားနဲ့ပတ်သက်တဲ့အကြောင်း အရာတွေကို စဉ်ဆက်မပြတ်သ တင်းမျှဝေနေတဲ့ အင်တာနက်စာ မျက်နှာတွေ၊ သတင်းစာနဲ့ ဂျာနယ် တွေရဲ့ အသုံးဝင်ပုံကိုလည်း မေ့မ ထားသင့်ပါဘူး။ ဘာကြောင့်လဲဆို ရင် ကားရောင်းချသူအတော်များ များက သူတို့ရဲ့ကားကြော်ငြာတွေ ကို ဒေသတွင်း စာနယ်ဇင်းတွေ၊ မီဒီယာတွေကဆင့် ကြော်ငြာတတ် ကြတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီ နေ့လို အင်တာနက်ရဲ့အရေးပါမှု သိသိသာသာရှေ့တန်းရောက်လာ ချိန်မှာ အွန်လိုင်းကားအရောင်းအ ၀ယ်စာမျက်နှာတွေကတစ်ဆင့် ကိုယ်စိတ်ဝင်စားတဲ့ကားရဲ့အကြောင်း ကို တတ်သိနားလည်သူတွေနဲ့ ဆွေးနိုင်သလို ရောင်းသူနဲ့ တိုက် ရိုက်စကားပြောဆိုခွင့်လည်း ရှိပါ တယ်။ ဒီအချက်တွေကို ငွေပမာ ဏများများနဲ့ ဇိမ်ခံကားဝယ်ယူဖို့ ပြင်ဆင်နေသူတွေအနေနဲ့ မမှား သင့်တဲ့အမှားတွေ မမှားရအောင်  မဖြစ်မနေကြိုတင်ပြုလုပ်ထားသင့် တဲ့အကြောင်းအရာတွေလည်း ဖြစ် ပါတယ်။ 

စမ်းသပ်မောင်းနှင်ကြည့်ပါ
ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ ကားက ကိုယ့်အကြိုက်နဲ့လည်း လုံးဝကိုက်ညီနေပြီ၊ ဈေးနှုန်းက လည်း လက်လှမ်းမီတဲ့အခြေအနေ မျိုးရောက်နေပြီဆိုရင်တော့ ဒီကား ကို ကိုယ်တိုင်သွားရောက် စစ်ဆေး ရတော့မှာပါ။ ဒီနေရာမှာ မဖြစ်မနေ ပြုလုပ်ရမှာကတော့ ကားကို ကိုယ် တိုင် စမ်းသတ်မောင်းနှင်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ တချို့ကားတွေက အ ပြင်ပန်းအရ စင်းလုံးချောဖြစ်နေ လောက်အောင် ပြင်ဆင်ထားပေ မယ့် အင်ဂျင်ပိုင်းမှာ ချွတ်ယွင်း ချက်တွေတစ်ခုမက ရှိနေတတ်ပါ တယ်။ ဒီလိုအချက်တွေက ကိုယ် တိုင်မောင်းနှင် စစ်ဆေးကြည့်မှ သိ နိုင်မှာမို့ ရောင်းသူနဲ့ ၀ယ်သူ တေ့ တေ့ဆိုင်ဆိုင်စကားပြောဆိုဖြစ်ကြ တဲ့အခါ စမ်းသတ်မောင်းနှင်ကြည့် ဖို့ကို မေ့မနေသင့်တာပါ။ တကယ် လို့ ကိုယ်ကိုယ်နှိုက်က ကားအ ကြောင်း သိပ်နားမလည်ဘူးဆိုရင် တော့ ကိုယ်နဲ့ ရင်းနှီးသူတွေထဲက အင်ဂျင်ပိုင်းဆိုင်ရာ တတ်သိနား လည်သူတွေကို စမ်းသတ်မောင်း နှင်ကြည့်ဖို့ အကူအညီတောင်းသင့် ပါတယ်။ 

ဖြစ်နိုင်ရင်တော့ ကိုယ့်အနေနဲ့ တစ်ပါတည်းဘေးက ထိုင်လိုက် သွားတာ အကောင်းဆုံးပါ။ ဘာ ကြောင့်လဲဆိုရင် ကိုယ်ဝယ်ယူမှာ က ဇိမ်ခံကားဖြစ်တာကြောင့် ကား မောင်းနှင်နေချိန်မှာ ထိုင်ခုံတွေက သင့်သောင့်သက်သာ ရှိရဲ့လား၊ ကားရဲ့ငြိမ်းညောင်းမှုက ကိုယ်ဝယ် ယူဖို့ စိတ်ကူးယဉ်မျှော်လင့်ထားတဲ့ စံနှုန်းမျိုးနဲ့ ကိုက်ညီရဲ့လားဆိုတာ တွေကို ကားပေါ်မှာ လိုက်ပါစီးနင်း ကြည့်မှ သိရှိနိုင်မှာကြောင့် ဖြစ်ပါ တယ်။ ဒီလိုစီးနင်းနေချိန်မှာ ကိုယ် က အလုံးစံမသိရင်တောင် ဒီကား ရဲ့ကောင်းကွက်၊ ဆိုးကွက်တွေကို  ကားမောင်းသူနဲ့ တစ်လက်စတည်း ဆွေးနွေးညှိုနှိုင်းနိုင်မှာပါ။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment