စားလည်းစားချင် ၀မှာလည်း စိတ်ပူနေတယ်..














ခန္ဓာကိုယ်အလေးချိန်ထိန်း သူအများစုက အဆာပြေမစားဖို့ ကိုယ့်ကိုယ်ကိုတားဆီးပိတ်ပင် ထားကြပါတယ်။ ကွတ်ကီးတွေ၊ အာလူးကြော်တွေက ခန္ဓာကိုယ်အလေးချိန်တက်စေတဲ့အတွက် အစာပြေစားချင်ပါလျက်နဲ့ မစား ရတဲ့အခါ ကယ်လိုရီနည်းတဲ့ အစား အစာတွေကို ရှာဖွေလာပါတော့ တယ်။ ကယ်လိုရီနည်းပြီးစွမ်းအင် ပြည့်စေတဲ့အစားအစာတွေက မကြာခဏ ဆာလောင်ခြင်းကင်းစေပြီး အစာစားတဲ့အခါထိန်းချုပ်ပြီး သားဖြစ်စေပါတယ်။ ဘယ်အစား အစာတွေက ကယ်လိုရီနည်းပါးပြီး စွမ်းအင်ဖြစ်စေလည်းဆိုတာ လေ့ လာကြည့်ကြရအောင်။

ပြောင်းဖူးပေါက်ပေါက်
ပြောင်းဖူးပေါက်ပေါက်စားဖို့ အကောင်းဆုံးအချိန်က ရုပ်ရှင်ကြည့်ချိန်ပါပဲ။ ထောပတ်ရနံ့ သင်းသင်းလေးနဲ့ပြောင်းဖူးပေါက် ပေါက်က အဆာပြေဖြစ်စေပါတယ်။ အခုပြောရမှာကတော့ ထောပတ် သုပ်ထားတဲ့ပြောင်းဖူးပေါက်ပေါက်မ ဟုတ်ပါဘူး။ သာမန်ပေါက်ပေါက် အဖြူပါ။ အဆီပိုတွေ ဖြည့်စွက် ဓာတ်တွေမပါဝင်ဘဲ ကယ်လိုရီ (၃၀)သာပါဝင်ပြီး အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက် အစာ စားချင်စိတ်ကိုလည်းထိန်းချုပ်ထား ပြီးသားဖြစ်စေသလို ခန္ဓာကိုယ်အလေးချိန်အတွက်လည်း စိတ်မပူရ တော့ပါဘူး။ ဒါ့အပြင် ဗီတာမင်အေ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံ ဓာတ်တို့လည်းအနည်းငယ်စီပါဝင် နေပါတယ်။ 

တရုတ်နံနံပင်
သစ်ဆွေးမြေသြဇာနဲ့စိုက်ပျိုး ထားတဲ့ တရုတ်နံနံပင်မှာ ကယ်လို ရီ ၁၀ ဆသာပါဝင်ပြီး ကာဘိုဟိုက် ဒရိုက်၊ အဆီ၊ ကိုလက်စ်ထရော နည်းပါးစွာပါဝင်ပါတယ်။ ကယ်လိုရီ ၁၀၀ အောက်သာပါဝင်တဲ့အတွက် တစ်နေ့ကို ၃-၄ပင်ခန့်စားပေးနိုင်ပါ တယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်းပါဝင်တာကြောင့် ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့် ပေးပါတယ်။ ဗီတာမင် A,C,K, ဗီတာမင်အုပ်စုနဲ့ ကယ်လ်ဆီယံ၊ ပိုတက်ဆီယံတို့လည်းပါဝင်ပါတယ်။ ဒါတင်မကပါဘူး။ တရုတ်နံနံက အစာကြေညက်စေပြီး သွေးဖိအား ကိုလျော့စေပါတယ်။ ခန္ဓာကိုယ် အတွင်းမကောင်းတဲ့ကိုလက်စ်ထ ရောတွေကိုလျော့ပါးစေပြီး အမြင် အာရုံကောင်းစေပါတယ်။ 

မုန်လာဥနီအသေး
မုန်လာဥနီအသေးတွေက အကြီးတွေထက် အရည်ရွှမ်းပြီး ကယ်လိုရီနည်းပါးပါတယ်။ မုန်လာ ဥနီအသေးတစ်လုံးမှာ ကယ်လိုရီ ၄ ဆသာပါဝင်တဲ့အတွက် နေ့စဉ်များများစားပေးနိုင်ပါတယ်။ ဗီတာမင် A,B,C၊ အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်တွေ လည်းပါဝင်ပြီး အမြင်အာရုံကိုကျန်းမာစေပါတယ်။ အစာခြေဖျက်ခြင်း ကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ခုခံစွမ်းအားကိုတိုးစေပါတယ်။ 

သံလွင်သီး
သံလွင်သီးအလုံး(၂၀)မှာကယ် လိုရီ(၆၈)ဆသာပါဝင်တဲ့ အတွက် အဆာပြေစေသလို ကျန်းမာရေး အတွက်လည်းအထောက်အကူဖြစ်စေပါတယ်။ သံလွင်သီးမှာ Monosaturated အဆီတွေ ကြွယ်ဝစွာပါဝင်ပြီး အမျှင်ဓာတ်၊ ဗီတာမင်အီးတို့လည်းပါဝင်နိုင်ပါတယ်။ သံလွင်သီးစားသုံးပေးခြင်းက ရင်ကျပ်ပန်းနာ၊ ရောင်ရမ်းနာကျင်ခြင်း၊ ၀မ်းချုပ်ခြင်း၊ အရိုးဝေဒနာအဆစ် အမြစ်ကိုက်ခြင်းတွေကိုလည်းသက် သာစေပါတယ်။ 

အဆီထုတ်ထားတဲ့ဒိန်ချဉ်
အဆီထုတ်ထားသောဒိန်ချဉ် တစ်ခွက်မှာ ကယ်လိုရီ ၁၀၀ သာ ပါဝင်ပါတယ်။ ဒီဒိန်ချဉ်ကို စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ပျားရည်တို့နဲ့ရောစပ်ပြီး စားပေးနိုင်ပါတယ်။ ဒိန်ချဉ်မှာ ခန္ဓာကိုယ်အကျိုးပြုဘတ် တီးရီးယားတွေများစွာပါဝင်တဲ့အတွက် အစာခြေစနစ်ကိုကောင်းမွန်စေပြီး ပုံမှန်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပြီးသားဖြစ်သလို အရေပြားကျန်းမာရေးကိုပါအထောက်အကူဖြစ် စေပါတယ်။ 

ပန်းသီး
ပန်းသီးကလည်း အဆာပြေပြီး ကယ်လိုရီနည်းပါးစေတဲ့အစားအစာပါ။ ပန်းသီးတစ်လုံးမှာ ၇၀- ၈၀ ၀န်းကျင်သာပါဝင်ပါတယ်။ အ မျှင်ဓာတ်ြွကယ်ဝစွာပါဝင်တဲ့အတွက် ကိုလက်ထရောနည်းပါးစေပြီး သူ့ မှာပါဝင်တဲ့ဗီတာမင်နဲ့သတ္ထုဓာတ်တွေကခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေဖြစ်စေပါတယ်။ ပန်း သီးတစ်နေ့တစ်လုံးစားပေးခြင်းက ဆီးချိုရောဂါကိုထိန်းချုပ်ပေးပြီး အရိုးနဲ့သွားများကိုလည်းသန်စွမ်း လာစေပါတယ်။

ရန်နိုင်

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment