မျက်နှာပေါ်ကအဆီတွေ ခြေဖျက်ကြမယ်…









ကိုယ့်မျက်နှာရဲ့အသွင်သဏ္ဍာန်ကို မျိုးရိုးဗီဇကသတ်မှတ်ပါတယ်။ ဒါပေမဲ့ မျက်နှာက ကိုယ်လိုချင်တာ ထက် လိုအပ်တာထက် ပြည့်ဝနေတယ်ဆိုရင်တော့ လုပ်စရာလေးတွေတစ်ချို့ရှိပါတယ်။ မျက်နှာချည်း သီးသန့် တော့ အဆီချဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မျက်နှာပြင်ကြွက်သားလေးတွေ ပျော့ပြောင်းသွားစေဖို့ နည်းလမ်း ကောင်းလေးတွေရှိပါတယ်။

တစ်ကိုယ်လုံးအဆီချ
ခန္ဓာကိုယ်အလေးချိန်တိုးလာတဲ့အခါ တစ်ကိုယ်လုံးမှာ အဆီတွေစုပုံလာပါတယ်။ မျက်နှာအပါအ၀င် ပေါ့။ အဲဒါကြောင့် ပထမဆုံးအနေနဲ့ တစ်ကိုယ်လုံးအဆီချဖို့လိုတာပါ။

ဆား၊ သကြားလျော့
ပြုပြင်ထားတဲ့ အချိုဓာတ်တွေက မျက်နှာပြင်မှာအဆီတွေပိုပြီး စုပြုံနေစေပါတယ်။ အငန်ဓာတ်ကတော့ မျက်နှာကို ဖောစေပါတယ်။ အလွန်အကျွံစားမိတဲ့အခါ ပါးတွေဖောင်းပြီး မေးစေ့နှစ်ထပ်ဖြစ်လာရပါတော့တယ်။

အရက်သောက်တာလျှော့
အရက်မှာ အသုံးမ၀င်တဲ့ ကယ်လိုရီတွေအများကြီးပါဝင်ပြီး ဒီကယ်လိုရီတွေက မျက်နှာကိုဖောင်းစေ ပါတယ်။ အရက်အလွန်အကျွံသောက်သုံးခြင်းက ရေဓာတ်ခမ်းခြောက်စေပြီး အသားအရေနီရဲစေကာ အရွယ် မတိုင်မီ အိုမင်းရင့်ရော်စေပါတယ်။

ရေများများသောက်
ရေများများမသောက်တဲ့အတွက် အရေပြားကခမ်းခြောက်လာစေပါတယ်။ ပျော့တွဲလာပါတယ်။ အဲဒါကြောင့် အသားအရေစိုပြေတင်းရင်းနေဖို့ ရေများများသောက်ပေးပါ။

လေ့ကျင့်ခန်းလုပ်
လေ့ကျင့်ခန်းလုပ်ပေးတဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံး အဆီပိုတွေလောင်ကျွမ်းစေသလို သွေးလည် ပတ်မှုလည်းကောင်းစေပါတယ်။ အသားအရေကို တင်းရင်းကျစ်လစ်စေတဲ့အတွက် မျက်နှာပြင်ပေါ်က အဆီ တွေကိုလည်း တစ်ပါတည်းခြေဖျက်ပြီးဖြစ်စေမှာပါ။

မေးစေ့လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက မျက်နှာပြင်အဆီပိုတွေကြောင့် မေးစေ့နှစ်ထပ်ဖြစ်တာကို လျော့ကျစေပါတယ်။ ထိုင်ခုံမှာ ခန္ဓာကိုယ်မတ်မတ်ထိုင်ပြီး ဦးခေါင်းကို အပေါ်၊ အောက် လေ့ကျင့်ခန်းလုပ်ပေးပါ။ နေ့စဉ် ပုံမှန်လုပ်ပေးမယ် ဆိုရင် မေးစေ့နှစ်ထပ်ဖြစ်တာလျော့စေမှာပါ။

ပါးရိုးလေ့ကျင့်ခန်း
မေးစေ့နှစ်ထပ်ဖြစ်တာ၊ ပါးဖောင်းတာတွေသက်သာစေဖို့ ခန္ဓာကိုယ်ကိုယ်သက်တောင့်သက်သာ ထိုင်ပြီး လျှာကို အပေါ်အာခေါင်မှာထောက် ပါးစပ်ဟပြီး အသက်ရှုသွင်း ရှုထုတ်လုပ်ပေးပါ။

န်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment