တစ်စုံတစ်ယောက်ကို
ချစ်မိနေပေမယ့်ကိုယ်ကိုယ်တိုင်မသေချာမရေ ရာဖြစ်နေတဲ့အခြေအနေမျိုးလူ တိုင်းကြုံဖူးကြမှာပါ။
သူ့ကိုလွမ်း ဆွတ်သတိရတာ၊ သူ့အကြောင်း အိပ်မက်မက်တာ၊ သူ့ဆီကစာတို လေးရလာရင်အရမ်းပျော်ရွှင်မိတာ
ဒီလိုအခြေအနေမျိုးလေးတွေ၊ လက္ခဏာလေးတွေတော့ကြုံဖူးကြမှာပါ။ ဒါပေမဲ့ ဒီလက္ခဏာတွေက အချစ်ရဲ့လက္ခဏာတွေပါဆိုတာသေချာပါရဲ့လား။ ပြဿနာကတော့
တစ်စုံတစ် ယောက်ကိုချစ်မိတာ၊ စွဲလမ်းတာ ဘယ်လိုကွဲပြားမှန်းမသိတာပါ။ အချစ်နဲ့လိုအင်ဆန္ဒကိုဘယ်လိုခွဲခြား
ထားပါသလဲ။
လုံးဝကိုနစ်မြောနေတယ်
တစ်စုံတစ်ယောက်ကိုချစ်မိတဲ့အခါ
ခန္ဓာကိုယ်အတွင်းက ဟိုမုန်းတွေမတည်ငြိမ်တော့ပါဘူး။ သူ့ရဲ့ ရလဒ်ကတော့ စိတ်ပိုင်းဆိုင်ရာခံ
စားချက်တွေ မတည်မငြိမ်ဖြစ်လာပါတယ်။ ပထမပျော်ရွှင်နေမယ်။ နောက်စားချင်စိတ်တွေပျောက်မယ်။
နလုံးခုန်နှုန်းတွေမတည်ငြိမ်ဘူး။ မိနစ်အနည်းအငယ်အတွင်းကိုမျိုးမျိုး ခံစားရမှာပါ။ ပြီးတော့အချစ်ကြောင့်
ပျော်ရွှင်မှု…။ တစ်စုံတစ်ယောက်ကိုချစ်နေတဲ့အချိန်မှာ ခံစားရတဲ့ ပျော်ရွှင်မှုက ဆေးစွဲနေသလို
အတိုင်းအဆမဲ့ပါပဲ။
စိတ်နှလုံးချင်းဆက်နွယ်နေမယ်
အချစ်နဲ့ခပ်ဆင်ဆင်တူတဲ့
စွဲလမ်းမှုမှာခန္ဓာကိုယ်ချင်းထိတွေ့ပျော်ရွှင်မှုလောက်သာပါ။ နှလုံးသားချင်း တော့ဆက်နွယ်မနေပါဘူး။
ဒါပေမဲ့ တစ်စုံတစ်ယောက်ကိုချစ်မိတဲ့ အချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်နှ လုံးသားချင်းက
ဆက်နွယ်နေပါတယ်။ လိင်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အထိအတွေ့ကလည်း မကြာခဏတော့ပါ ၀င်တတ်တာပေါ့။
ချစ်မိနေတဲ့ အချိန်မှာတော့သူနဲ့အတူ ဘယ်တော့မှ ဖျက်ဆီးလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ခြင်းက
ဆက်နွယ်နေပါတယ်။
ကိုယ့်အတွက်အရေးကြီးတယ်
စွဲလမ်းမိရုံသက်သက်မှာတော့
တခြားသူများတွေဆီစိတ်ရောက်ဖို့က လွယ်ကူပါတယ်။ ကိုယ်နဲ့တွဲ နေတဲ့သူကချစ်ဖို့ကောင်းတယ်။
ဒါပေမဲ့ သူ့ထက်ချောတဲ့ချစ်သူ၊ သာတဲ့သူနဲ့တွေ့တော့ အဲဒီဘက် ကိုပါသွားတယ်။ ဒါကစွဲလမ်းရုံသက်သက်ရဲ့လက္ခဏာပါ။
တစ်စုံတစ် ယောက်ကိုနက်နက်ရှိုင်းရှိုင်းချစ်မိ နေချိန်မှာတော့ ပတ်ဝန်းကျင်က ဘယ်လောက်ပဲသွေးထိုးပါစေ၊
ဘယ်လောက်ပဲမြူဆွယ်ဖျားယောင်း နေပါစေ… ကိုယ့်နှလုံးသားထဲမှာ သူမှသူပါပဲ။ သူ့ထက်ပိုပြီးအရေးကြီးတာမရှိတော့ပါဘူး။
ပြောင်းလဲဖို့ကြိုးစားနေတယ်
တစ်စုံတစ်ယောက်ကိုချစ်နေမိ
တဲ့အချိန်မှာကိုယ့်ကိုယ်ကိုယ်ပြောင်း လဲဖို့ကြိုးစားမိနေတယ်ဆိုတာ သ တိထားမိပါသလား။
သူမကြိုက်တဲ့ အပြုအမူလေးတွေ… ဥပမာ ဆေးလိပ်သောက်တာ၊ အရက်သောက်တာမျိုး၊ သူ့အတွက်သူမကြိုက်တဲ့အရာအားလုံးကိုပြောင်း
လဲပစ်ချင်တာကိုယ့်ရဲ့အချစ်တွေပါ။
အရာအားလုံးပြီးပြည့်စုံနေမယ်
စွဲလမ်းရုံအဆင့်မှာကတော့
သူစကားအကျယ်ကြီးပြောတာ၊ ဆေးလိပ်၊ အရက်သောက်တာ၊ စကား ကြားဖြတ်ပြောတာ ဒါတွေက အပြစ်မြင်စရာပြဿနာတွေပါ။
သူ့ကိုချစ်နေတဲ့အချိန်မှာတော့ ကွာခြားသွားပါပြီ။ ဒါပြဿနာလေးတွေမဟုတ်တော့ပါဘူး။ သူ့ကိုချစ်ဖို့
အစပျိုးခဲ့ကတည်းက ဒီအပြုအမူလေးတွေလည်း တစ်ထောင့်တစ်နေရာက နေပါခဲ့တယ်လေ။ အပြစ်မြင်စရာ
ဘာဆိုဘာမှကိုမရှိပါဘူး။
တစ်ချိန်လုံးလွှမ်းမိုးထားတယ်
တစ်နေ့တာလုံးရဲ့အတွေးထဲမှာ
သူဘယ်နှစ်ကြိမ်လောက်များပါခဲ့ ဖူးပါသလဲ။ အချိန်ပြည့်နီးပါးပါပဲ။ လမ်းလျှောက်လည်းသူ့အကြောင်းတွေးမိ၊
တစ်နေ့လုံးအတွေးထဲမှာ သူလွှမ်းမိုးထားပါတယ်။ အဲဒါသူ့ကို ချစ်လို့ပါ။
ထာဝရအတူရှိချင်တယ်
ကိုယ်ချစ်တဲ့သူနဲ့အတူရှိနေချင်တာမဆန်းပါဘူး။
ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်သက်သက်၊ တိတ်တိတ် ဆိတ်ဆိတ်ကလေး သူ့ဘေးနားမှာရှိနေမယ်။ ဒါမှမဟုတ်တစ်ယောက်
လက်ကိုတစ်ယောက်အတူတွဲထားရင်း ဘ၀အနာဂတ်အိပ်မက်တွေအကြောင်းစဉ်းစားနေမယ်။
အကြောင်းပြချက်မရှိပြုံးမိမယ်
ချစ်သူနဲ့အတူရှိချိန်က
အပြုံးက သာမန်အပြုံးတွေနဲ့မတူပါဘူး။ နွေးထွေးတယ်။အဓိပ္ပာယ်လေးနက်တယ်။ သူထိုင်နေတာလေးကိုကြည့်ရင်း
အဓိပ္ပာယ်မရှိပြုံးမိမယ်။ သူစကားပြောနေတာလေးကိုကြည့် ရင်း အကြောင်းပြချက်မရှိပြုံးမိမယ်။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment