ဘ၀မှာကိုယ်နဲ့ကိုက်ညီတဲ့
တစ်စုံတစ်ယောက်ရှာဖွေရတာ အလွန်ခက်ခဲနေတယ်လို့ခံစားရပါသလား။ ဒီလိုခံစားနေရပြီဆိုရင်တော့
အကြောင်းရင်းက ကိုယ့်အနေနဲ့ အလွန်အကျွံကြိုးစားနေလို့ပါပဲ။ ကိုယ်သတ်မှတ်ထားတဲ့ စံ ညွှန်းတွေနဲ့မကိုက်ညီတော့
နောက်တစ်ယောက်ပြောင်းတယ်။ အဲဒီတော့ ကိုယ်ပဲပင်ပန်းလာရတယ် မဟုတ်ပါလား။ တကယ်တော့ ကိုယ်နဲ့စိတ်တူကိုယ်တူ
ကိုက်ညီ တဲ့လူက ကိုယ့်အနားမှာပဲ အမြဲတမ်းရှိနေတာပါ။ ဒီလိုလေးတွေ မလုပ်ရင်ပေါ့လေ။
အလျင်လိုလွန်းနေတယ်
ဘာတွေအလျင်လိုလွန်းနေသလဲ…။
ပြန်တွေးကြည့်ပါ။ ဆက်ဆံရေးတစ်ခုရဲ့အစမှာတင် ဘ၀အကြောင်း၊ အိမ်ထောင်အကြောင်း၊ သားသမီးအကြောင်း
အလျင်စလိုအစီအစဉ်ချ၊ ပြောနေခြင်းပါပဲ။ ဒါက ကိုယ့်ရဲ့လက်တွဲ ဖော်ကိုအနည်းငယ်ထိတ်လန့်သွားစေပါတယ်။
ဘာကြောင့်လဲ…။ ဆက်ဆံရေးတစ်ခုတည်ဆောက်နေချိန်လေ။ အဲဒီတော့အဆင့် ကျော်ပြီးပြောရတာစိတ်အနှောင့်
အယှက်ဖြစ်စရာမကောင်းဘူးလား။
ကိုယ်နဲ့မသင့်လျော်တဲ့သူ
မသင့်လျော်တဲ့လူဆိုတော့
ဘယ်လိုလူမျိုးလဲဆိုတာပြောရရင် အရာရာ ကိုယ်နဲ့ဆန့်ကျင်ဘက် ချည်းဖြစ်နေတဲ့သူပါ။ ကိုယ်ကရှေ့
ကိုသွားမယ်ဆို သူကနောက်ပြန် ဆုတ်နေတဲ့သူပေါ့။ ဒီလိုလူမျိုးနဲ့တွဲ မယ်ဆိုရင် လမ်းခုလတ်မှာ
ခလုတ်တိုက်မိလို့တောင်ဆုံနိုင်ပါဦးမလား။
မျှော်လင့်ချက်တွေကြီးလွန်းတယ်
အရာရာကို
မျှော်လင့်ချက် ကြီးလွန်းတယ်။ ကိုယ့်ဘ၀အတွက် လက်တွဲဖော်က ဘယ်လိုလူမျိုးဖြစ်ရမယ်။ ဘယ်လိုအရည်အချင်းတွေပိုင်ဆိုင်ရမယ်ဆိုတဲ့
ဦးနှောက် ထဲကစာရင်း လူတိုင်းမှာရှိကြမှာပါ။ ကိုယ်က ကိုယ်ရှာဖွေနေတဲ့လူအပေါ်ဒီလိုမျှော်လင့်ချက်ကြီးကြီးထားတယ်ဆိုရင်
တစ်ဖက်လူကရော သူရှာဖွေနေတဲ့အရည်အချင်းတွေ ကိုယ့်အပေါ်မှာ မျှော်လင့်ချက်ကြီးကြီးနဲ့ရှာဖွေနေနိုင်တယ်လို့
မထင်မိဘူးလား။
ဘယ်တော့မှ မရောင့်ရဲတတ်သူ
ဒီလိုလူမျိုးကတော့
'ခြံခုန် တယ်'ဆိုတဲ့စကားလုံးသုံးဖို့ကလည်း ခက်ခဲပါတယ်။ ဒီတစ် ယောက်နဲ့လည်းချိန်းတွေ့တယ်။
တစ်နေရာမှာနောက်တစ်ယောက်ထပ်ပေါ်လာတဲ့ ကိုယ်လိုချင်တဲ့ မျှော်လင့်ချက်တွေသူ့ဆီမှာများရှိ
နေသလားဆိုတဲ့စိတ်နဲ့တွဲမိတယ်။ နောက်ထပ် နောက်ထပ်လူတွေ အများကြီးနဲ့တွဲမနေတော့ပါဘူးလို့
ဘယ်သူအာမခံနိုင်ပါ့မလဲ…။
ဆုံးဖြတ်ချက်မြန်လွန်းသူ
တစ်ခေါက်တွေ့ရုံ
နှစ်ခေါက်တွေ့ရုံနဲ့ လူတစ်ယောက်ကိုခပ် လွယ်လွယ်ဆုံးဖြတ်ချက်ချတတ်ပါသလား။ အဲဒါဆိုရင်တော့
ကိုယ်ရှာဖွေနေတဲ့ဘ၀လက်တွဲဖော်ဆိုတာ တစ်သက်လုံးတွေ့မှာမဟုတ်တော့ပါဘူး။ လူဆိုတာ သူငယ်ချင်း
အရင်းကြီးတွေတောင် အချင်းချင်းမသိနိုင်တဲ့ စရိုက်၊ မိသားစုအချင်း ချင်းတောင် မသိနိုင်တဲ့စရိုက်ရှိနေတာ
အခုလိုတစ်ကြိမ်၊ နှစ်ကြိမ်လောက်တွေ့ရသေးတဲ့သူစိမ်းတစ်ယောက်ကို ကိုယ့်အနေနဲ့ဘာတွေ များဆုံးဖြတ်ချက်ချ၊
ကောက်ချက်ချနိုင်မှာမို့လို့ပါလဲ။
အပေါင်းအသင်းများလွန်းသူ
အပေါင်းအသင်းများလွန်းတာကလည်း
လက်တွဲဖော်ရှာမရတဲ့အကြောင်းတွေထဲကတစ်ခုဆိုရင်ရယ် စရာဖြစ်နေနိုင်ပါတယ်။ ယောကျာ်းလေးအများကြီး၊
မိန်းကလေး အများကြီးနဲ့ပျော်ပျော်ပါးပါးပေါင်း သင်းလွန်းတဲ့ယောကျာ်းလေး၊ မိန်း ကလေး။
အပေါင်းအသင်းများတာ ကတစ်ဖက်ကကြည့်ရင်ကောင်းပါတယ်။ တစ်ဖက်ကကြည့်ပြန်တော့ ကိုယ့်ကိုချဉ်းကပ်ချင်သူတွေအတွက်
အတားအဆီးတစ်ခုလိုဖြစ် နေတယ်မဟုတ်ပါလား။
ကိုယ့်အတွက်လက်တွဲဖော် ဆိုတာဘယ်သူမှမရှိ
တစ်ခါတလေကျတော့လည်းရှာရင်းဖွေရင်း
ရှာဖွေမရတဲ့အခါ တစ်ယောက်တည်းအထီးကျန်လာတာပေါ့။ အထီးကျန်လာတာနဲ့အ တူ ကိုယ့်ခေါင်းထဲဝင်လာတဲ့အတွက်
''ကိုယ့်ကိုချစ်တဲ့သူဘယ်သူမှမရှိပါလား''၊ ''ကိုယ်ရှာဖွေနေတဲ့ လူဒီကမ္ဘာမျာမရှိသေးပါလား''ဆိုပြီး
တွေးမိလာတာပေါ့။ အတွေးထဲနစ်လေ ပိုပြီးအထီးကျန်လာလေပါပဲ။
ဆွဲဆောင်လွန်းတယ်
လူတစ်ယောက်ကိုဆွဲဆောင်ဖို့အတွက်
အ၀တ်အစားရှိမယ်၊ ဂုဏ်ပကာသနရှိမယ်၊ ငွေကြေးရှိမယ်။ တစ်စိတ်တစ်ပိုင်းတော့ ဆွဲဆောင်နိုင်တာမှန်ပါရဲ့။
တစ်ခါတလေကိုယ်ပြလိုက်တဲ့အင်အားတွေက သူ့ကိုအဝေးဆီတွန်းပို့နေတယ်လို့မပြောနိုင်ဘူးမဟုတ်လား။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment