ပထမဆုံးအချစ်ဆိုတာ
လူတစ်ယောက်ရဲ့ဘ၀မှာအရေးကြီးဆုံးဖြစ်ခဲ့ဘူးပြီး အမြဲတမ်းသတိရ အောက်မေ့နေတယ်ဆိုတာ ငြင်းလို့မရခဲ့ပါဘူး။
ဒါကပထမဆုံးအနေနဲ့ကတော့ လူစိမ်းတစ်ယောက်အပေါ် နက်နက်ရှိုင်းရှိုင်းခံစားသွားရတာ၊ လူစိမ်းတစ်ယောက်ကြောင့်
တစ်ခါမှမခံစားဘူးတဲ့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ အံ့သြစရာ၊ ထိတ်လန့်စရာ၊ ခံစားချက်မျိုးစုံကိုပထမဆုံး
ခံစားသွားရဖူးတာပေါ့။ တစ်ခါတစ်ရံ အချစ်နဲ့အတူအသည်းကွဲဝေဒနာပါပါလာတတ်တာပေါ့။ ကိုယ့်
ဘ၀မှာပထမဆုံးကြုံတွေ့ခဲ့ရတဲ့ခံ စားချက်တွေကို မေ့မရနိုင်တာမဆန်းပါဘူး။ ဒါပေမဲ့ ဒီခံစားချက်တွေကို
ထာဝရဆုတ်ကိုင်ထားမှာလား။
ကိုယ့်ကိုစောင့်နေကြတယ်
ဒီစကားကြားချင်မှာမဟုတ်ပါဘူး။
မကြားချင်လည်းပြောနေပါရစေ။ ကိုယ့်ကိုစွန့်ပစ်သွားတဲ့လူတစ် ယောက်အတွက် ဘယ်လောက် ကြာအောင်ခံစားနေမှာလဲ။ခံစား
ချက်တွေကိုဘယ်လောက်ကြာ အောင်ဆုတ်ကိုင်ထားမှာလဲ။ နောက်ကိုတစ်ချက်ငဲ့ကြည့်လိုက်ပါ။ ကိုယ့်ကိုစောင့်ဆိုင်းနေကြသူတွေရှိ
နေပါသေးတယ်။
သူငယ်ချင်းတွေကိုယုံကြည်ပါ
ပထမတော့ဘယ်သူ့ကိုမှမယုံ
ကြည်ဘဲ မရှူနိုင်၊ မကယ်နိုင်စိတ် ဓာတ်တွေကျနေမှာပေါ့။ ဒါပေမဲ့ အချိန်က ကုစားသွားပါလိမ့်မယ်။
ကိုယ့်သူငယ်ချင်းတွေက ကိုယ်ဘာဖြစ်ဖြစ်၊ ကိုယ့်အနားမှာရပ်တည် ပေးနေကြမှာမဟုတ်ပါလား။
ငိုကြွေးပါ
'ထိန်းချုပ်ထားတဲ့စိတ်
ပေါက်ကွဲရင် ဗုံးတစ်လုံးထက်ပြင်းထန်တယ်'တဲ့ အဲဒီတော့ခံစားချက်တွေကို ဖွင့်ဟလိုက်ပါ။
ဝမ်းနည်းပူဆွေး မှုကိုဖော်ပြပေးဖို့အတွက် ငိုကြွေးလိုက်ပါ။ ဒါစိတ်ကိုထွက်ပေါက်ပေး လိုက်တဲ့နည်းလမ်းတစ်ခုမဟုတ်ပါ
လား။ ငိုပြီးရင်ဘာဆက်လုပ်မလဲ ဆိုတာတော့စဉ်းစားတာပေါ့။
ထိန်းချုပ်ပါ
ငိုချင်ငိုချလိုက်ပါ။
ဝမ်းနည်းပူ ဆွေးနေချင် ၀မ်းနည်းနေလိုက်ပါ။ ထိန်းချုပ်မထားပါနဲ့။ ဒါပေမဲ့ တစ် ချိန်လုံး
ကိုယ့်ကိုယ်ကိုယ်ပိတ် လှောင်ထားမှာလား။ ငိုပြီးတဲ့အခါ ကိုယ်ကုန်ဆုံးခဲ့တဲ့အချိန်တွေ
ဘယ် လောက်တန်ဖိုးရှိခဲ့တယ်ဆိုတာ တစ်ခါလောက်ပြန်စဉ်းစားကြည့်လိုက်ပါ။
ပထမဆုံးအချစ်က ကြည်နူးစရာကောင်းတဲ့
အမှတ်တရလေးဖြစ်လာလိမ့်မယ်
ဖြစ်ပျက်ခဲ့တာတွေအတွက်
သူ့အပေါ် ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်ဝမ်းနည်းအပြစ်တင် မုန်းတီးနေမှာလား။ စိတ်ဆိုတာ ထား
တတ်ရင်ဖြစ်ပါတယ်။ အဲဒီတော့ ပထမဆုံးအချစ်ရဲ့ ပထမဆုံးအမှတ် တရလေးတွေကို ကြည်နူးစရာအ မှတ်ရလေးတွေအနေနဲ့
သိမ်းထား လိုက်ရင်မကောင်းဘူးလား။
ယူတတ်ရင်သင်ခန်းစာရပါတယ်
ခံစားနေရတဲ့အချိန်မှာတော့
အခက်အခဲတွေပေါ့။ တကယ်တော့ ဒီဝေဒနာတွေက ရှေ့ဆက် ရမယ့်အနာဂတ်အတွက် တန်ဖိုး မဖြတ်နိုင်တဲ့သင်ခန်းစာတွေပါ။
တွေးကြည့်ခဲ့မယ်ဆိုရင် ကွေကွင်းခဲ့ရမှုတွေက အချစ်၊ ယုံကြည်မှု၊ သစ္စာတရားတွေကို သင်ပြပေးသွားတာမဟုတ်ပါလား။
ပြန်လည်သုံးသပ်ပါ
အချစ်ကလူသားတွေကိုကန်း
သွားစေတယ်။ ချစ်သူနဲ့ကွေကွင်းခဲ့ရတဲ့ ၀မ်းနည်းပူဆွေးမှုက ပိုပြီးကန်း သွားစေတယ်။ အဲဒီတော့
ဆက်ဆံ ရေးတစ်ခုက ဘာကြောင့်ပျက်စီးပြီး ကိုယ်ချစ်တဲ့သူနဲ့ဝေးကွာသွားစေရ တာလဲ။ ယုံမှာသံသယတွေလား။
ပဋိပက္ခတွေကြောင့်လား၊ အလျော့ ပေး နားလည်မှုမပေးတဲ့ အငြင်းအ ခုံတွေကြောင့်လား။
ကမ္ဘာကြီးအဆုံးသတ်သွား တာမဟုတ်ပါ
ချစ်သူနဲ့ဝေးကွာရတာက
ကမ္ဘာကြီးပျက်စီးသွားစေလောက် တဲ့အထိခံစားရတာပေါ့။ ဒါဆို ကိုယ့်ကိုချစ်တဲ့မိသားစု၊ သူငယ်
ချင်းတွေအတွက်ရော သူတို့ချစ် မြတ်နိုးရတဲ့ ကိုယ့်ကိုဆုံးရှုံးသွားမယ်ဆိုရင် ဘယ်လိုခံစားရမယ်ဆိုတာ
မတွေးမိဘူးလား။
တကယ်တော့
အချစ်မှ မ ဟုတ်ပါဘူး။ လောကကြီးမှာဖြစ် ပျက်သမျှအားလုံးက စိတ်ထား တတ်မယ်ဆိုရင်သင်ခန်းစာတွေချည်းပါ။
နောက်တစ်ကြိမ်ဘယ် တော့မှ မချစ်နိုင်တော့ဘူးလို့မထင်လိုက်ပါနဲ့၊ မယူဆထားလိုက်ပါနဲ့။
အချစ်စစ်ကိုသာ ရဲရဲကြီးယုံကြည်ထားလိုက်ပါ။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment