ဒီတစ်ပတ်နားရက်မှာတော့ မယ်တော်မားသားက ငါးဖယ်ကို ခပ်နာနာလေးထုပြီး ဆီပြန်လေး ချက်စားချင်တယ်ဆိုတာနဲ့ အဓိကဟင်းကတော့ ငါးဖယ်ဆီပြန်လေးပေါ့နော်။ အရည်ဟင်းကတော့ မစားရ တာကြာနေတဲ့ သီးစုံချဉ်ဟင်းလေးချက်စားမယ် စိတ်ကူးတယ်။
နောက်ပြီးတော့ သူတို့နှစ်မျိုးနဲ့လိုက်ဖက်အောင် ပဲပုတ်ကိုထောင်းပြီး ငရုပ်သီးစပ်စပ်လေးနဲ့မွမွလေး ဘာလချောင်ကြော်ပုံစံမျိုးလေးကြော်လိုက်မယ်။ ဒါဆိုရင်တော့ ဒီတစ်ပတ်နားရက်အတွက် ဟင်းပွဲအတွဲ အစပ်လေးရပြီပေါ့ ဆွေမျိုးတို့ရာ။ မယ်တော်မားသားဈေးသွားနေတုန်းလေး အိမ်မှာအသင့်ရှိနေတဲ့ ပဲပုတ် လေးကို အရင်ကြော်ထားလိုက်မယ်။ ဒါဆိုရင်တော့ မယ်တော်မားသားဈေးကပြန်လာတာနဲ့ ကျန်တဲ့ဟင်းနှစ်မျိုး ချက်ရုံပေါ့။
ပဲပုတ်ထောင်းကြော်
ပဲပုတ်ထောင်းကြော်ဖို့အတွက်
ပဲပုတ်ကိုမညက်တညက်လေး အရင်ထောင်းထား ပြီးရင် ကြက်သွန်ဖြူ များများ၊ ကြက်သွန်နီကတော့
ဥလတ်တစ်လုံးလောက်ဆိုရပါပြီ။ ပြီးရင် ဂျင်းကတော့ လက်တစ်ဆစ်ပေါ့။ အဲဒီသုံးမျိုးကို ငရုတ်သီးခွဲခြမ်းသင့်ရုံထည့်ပြီး
မညက်တညက်လေးထောင်း၊ နနွင်းမှုန့်လေးနည်းနည်းထည့်ပြီး ကြွပ်ကြွပ်လေးရတဲ့အထိ ဆီသတ်ပြီးမှ
ပဲပုတ်ထောင်းထားတာထည့်၊ အရသာအတွက် ဆားနဲ့ကြက်သားမှုန့် လေးသင့်ရုံထည့်ပေါ့နော်။ အဆာပလာလေးတွေလည်း
ကြွပ်ပဲပုတ်ကလည်းမွမွကြွပ်ကြွပ်လေးနဲ့ဖြစ်လာပြီ အရသာလေးလည်း အဆင်ပြေပြီဆိုရင်တော့ ပဲပုတ်ထောင်းကြော်မွမွမွှေးမွှေးလေးရပြီပေါ့။
ငါးဖယ်ဆီပြန်
မယ်တော်မားသားဈေးကနေပြန်လာတော့
ပါလာတဲ့ငါးဖယ်အကြေးထိုးပြီးသားကို အရေခွံမပေါက် ထွက်အောင်ထိန်းပြီး ခပ်နာနာလေးထုလိုက်၊
ခဏထားလိုက်ပြီးမှ ပြန်ထုလိုက်နဲ့ သုံးခါလောက်အရင် ထုပေးလိုက်မယ်။ ဒါမှ ငါးဖယ်အသားကမာပြီး
စားလို့ကောင်းမှာကိုး။ ပြီးမှအပိုင်းကြီးကြီးပိုင်း အထဲက အူတွေ ထုတ်၊ အလယ်မှာတစ်ချက်လောက်မွှန်းပြီး
ငါးငံပြာရည်နဲ့နယ်ပြီးခဏနှပ်ထား၊ ကြက်သွန်ဖြူနီနဲ့ ငရုတ်သီး အရောင်တင်မှုန့်ရောထောင်းထားတာကို
နနွင်းမှုန့်နည်းနည်းထည့်ပြီး ဆီသတ်ပြီးမှ ခုနကနှပ်ထားတဲ့ ငါးဖယ်ထည့်ညပီး ခပ်ဖွဖွလေးလုံးပေး။
ရေနည်းနည်းထည့်ပြီး ဆီပြန်လာတဲ့အထိတည်ထား ဆီလေးပြန်လာ ပြီဆိုမှ အရသာမြည်းကြည့် အပေါ့အငန်လိုရင်
ဆားနဲ့ကြက်သားမှုန့်လေးထည့်ပေါ့နော်။ အားလုံးအဆင်ပြေပြီဆိုမှ အပေါ်ကနေ ရေစင်စင်ဆေးပြီး
ခြွေထားတဲ့နံနံပင်လေးအုပ်လိုက်ရုံပါပဲ။
ဒါဆိုရင်
စားလို့အရမ်းကောင်းတဲ့ ငါးဖယ်ဆီပြန်ဟင်းတစ်ခွက်ရပါပြီ။
သီးစုံချဉ်ဟင်း
သီးစုံချဉ်ဟင်းကတော့
အာလူး၊ ဘူးသီး၊ ရွှေဖရုံသီး၊ ခရမ်းသီး၊ ရုံးပတီသီးနဲ့ ပဲသီးတစ်မျိုးမျိုး တည်ပါ မယ်။
အရင်ဆုံး ငရုတ်သီးအရောင်တင်မှုန့်နဲ့ ကြက်သွန်နီထောင်းထားတာကို နနွင်းမှုန့်သင့်ရုံထည့်ပြီး
ဆီသတ် စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုမှ ချက်ရတာကြာတဲ့ အာလူးထည့်ပြီး ခပ်နာနာလေးလုံးပေး၊
ပြီးရင် ရေနည်းနည်း ထည့်ပြီး အာလူးနူးအောင်တည်၊ အာလူးနူးခါနီးပြီဆိုမှ ရွှေဖရုံသီးထည့်၊
ရွှေဖရုံသီးရော အာလူးပါနူးပြီဆိုမှ ကျန်တဲ့အသီးတွေထည့်ပြီး နူးရုံလေးတည်လိုက်ပေါ့။ အချဉ်အတွက်ကတော့
မန်ကျည်းနှစ်လေးထည့်၊ အပေါ့ အငန်အတွက်ကတော့ ငါးငံပြာရည်နဲ့ ကြက်သားမှုန့်ထည့်ပေါ့နော်။
ပိုပြီး မွှေးမွှေးလေးဖြစ်သွားအောင် မီးဖိုပေါ် ကချခါနီးကျမှ ငရုတ်သီးစိမ်းလေးဓါးပြားရိုက်ထည့်လိုက်ရင်
သီးစုံချဉ်ဟင်းချိုချဉ်စပ်မွှေးတစ်ပွဲ ရပြီပေါ့ ဆွေမျိုး တို့ရာ။
ဒီတစ်ပတ်ကတော့ဒီလောက်ပဲချက်ကြတာပေါ့။
နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံ ကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment