ခြေစွယ်ငုပ်ဝေဒနာ ဘယ်လိုကုသမလဲ…















ခြေစွယ်ငုပ်တာ လူတိုင်းဖြစ်လေ့ရှိတဲ့ ပြဿနာပါ။ ခြေသည်းရဲ့ဘေးဘက်စွန်းက အပြင် ထွက်မလာဘဲ ဘေးကနူးညံ့တဲ့အသားပျော့ထဲ တိုးဝင်သွားတဲ့အခါ မသက်မသာခံစားမှုနဲ့အတူ ခြေစွယ်ငုပ် ခြင်းဆိုတာဖြစ် လာပါတော့တယ်။ ခြေမမှာအဖြစ်များပေမယ့် တစ်ခါတစ်ရံ ခြေညိုးနဲ့ ကျန်ခြေထောက်တွေမှာ လည်းဖြစ် တတ်ပါတယ်။ ခြေစွယ်ငုပ်ရတဲ့အဓိကအကြောင်းရင်းကတော့ တင်း ကျပ်နေတဲ့ဖိနပ် ၀တ်ဆင်တာ၊ ခြေသည်းကို သေသေချာချာမထိန်း သိမ်းတာ၊ ခြေသည်းဒဏ်ရာရတာနဲ့ ခြေသည်းကတစ်ဖက် ကိုစိုက်ဝင်သွားတာကြောင့်ပါ။

ဆီးချို၊သွေးချိုနဲ့ တခြားကျန်းမာရေးပြဿနာရှိသူတွေဟာ ဒီပြဿနာဖြစ်ဖို့အခွင့်အလမ်းများပါတယ်။ အဲဒီတော့ ခြေစွယ်ငုပ်တဲ့ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ။

ရေနွေးစိမ်ပါ။
ရေခပ်နွေးနွေးလေးနဲ့ခြေထောက်ကို စိမ်ပေးတာက ခြေစွယ်ငုပ် ခြင်းကြောင့်ခြေထောက်နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ မသက်မသာဖြစ်ခြင်းတွေကို သက်သာစေပါလိမ့်မယ်။ ရေဇလုံထဲမှာ ရေခပ် နွေးနွေးလေးထည့်ပြီး ၁၀-၂၀မိနစ်ခန့် စိမ်ထားပေးပါ။ တစ်နေ့ကို ၃-၄ကြိမ်လုပ်ပေးနိုင်ပါတယ်။

ဂွမ်းစလေးခံထားပါ
ခြေထောက်ကို ရေနွေးခပ်နွေးနွေးလေးနဲ့စိမ်ထားပြီးချိန်မှာ ခြောက်သွေ့သွားအောင်သုတ်ပေးပါ။ ပြီးမှ ခြေစွယ်ငုပ်နေတဲ့ခြေမကို ဓါးပါးလေးနဲ့ ခြေသည်းကိုလှီးထုတ်လိုက်ပြီး ဂွမ်းစလေးနဲ့ခံထားပေးပါ။ ဒါက ခြေစွယ် ငုပ်တာကို မြန်မြန်သက်သာစေပါလိမ့်မယ်။

ဆားရည်စိမ်ပါ။
မဂ္ဂနီဆီယမ်ဆာလဖိတ်လို့ လူသိများတဲ့ စားပွဲတင်ဆားက ခြေစွယ်ငုပ်တာကို အကောင်းဆုံးကုသပေးပါလိမ့်မယ်။ စားပွဲတင်ဆား တစ်ဇွန်း၊ ရေခပ်နွေးနွေးတစ်ဇလုံ ရောစပ်ပြီး ခြေထောက်ကို မိနစ် ၂၀ခန့် စိမ်ထား ပေးပါ။ ပြီးမှခြေထောက်ကိုရေစင်အောင်သုတ်ပေးပါ။ တစ်နေ့ကို အနည်း ဆုံး ၃-၄ကြိမ်လုပ်ပေးနိုင်ပါတယ်။

ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကလည်း ခြေစွယ်ငုပ်ခြင်းအတွက်အသုံးဝင်ပါတယ်။ ပန်းသီးရှာလကာရည်မှာပါဝင်တဲ့ ပိုးမွှားများကိုသက်သာစေပြီး ရောင်ရမ်းနာကျင်မှုသက်သာစေတဲ့ ဂုဏ်သတ္တိက ခြေစွယ်ငုပ်ခြင်းကြောင့် နာကျင်မှုတွေကိုသက်သာစေပါလိမ့်မယ်။ ပန်းသီးရှာကာရည်နဲ့ ရေခပ် နွေးနွေးရောစပ်ပြီး ခြေတစ်ဖက်ကို ၂၀-၃၀မိနစ်ခန့် စိမ်ထားပေးပါ။ ခြောက် သွေ့သွားအောင်သုတ်ပြီး ပန်းသီးရှာလကာရည်ကိုဂွမ်းစကလေးနဲ့ ခြေစွယ် ငုပ်တဲ့ခြေမမှာ ဆွတ်ထားပေးပါ။

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကလည်း ခြေစွယ်ငုပ်ခြင်းကြောင့် နာကျင်မှု၊ မသက်မသာဖြစ်ခြင်းတွေကို သက်သာစေပါလိမ့်မယ်။ ဟိုက် ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ရေခပ်နွေးနွေးရောစပ်ပြီး ခြေထောက်ကို မိနစ် (၂၀)ခန့်စိမ်ထားပေးပါ။ တစ်နေ့ကို ၂-ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

နနွင်း
နနွင်းကိုလည်းခြေစွယ်ငုပ်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်းတွေကို ကုသဖို့အတွက်အသုံးပြုနိုင်ပါတယ်။ နနွင်း မှာပါဝင်တဲ့ Corcomin က ပိုးမွှားတွေကိုသေစေပြီး နာကျင်မှုကိုသက်သာစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ နနွင်းမှုန့်၊ မုန်ညင်းဆီကိုရောစပ်ပြီး ခြေစွယ်ငုပ်ဒဏ်ရာ ပေါ်မှာလိမ်းထားပေးပါ။ ဒါမှမဟုတ် နာကျင်မှုကို သက်သာစေဖို့ နနွင်းနဲ့နို့ကိုရောစပ်သောက်သုံးနိုင်ပါတယ်။

လက်ဖက်ပင်ဆီ
လက်ဖက်ပင်ဆီရဲ့ ပိုးမွှားတွေကို သေစေနိုင်စွမ်းက ခြေစွယ်ငုပ်ဒဏ်ရာကြောင့် နာကျင်ခြင်း၊ ကူးစက်ရောဂါတွေကို လည်းသေစေပါတယ်။ လက်ဖက်ပင်အဆီတစ်စက်နှစ်စက်လောက် ကို ဂွမ်းစလေးမှာဆွတ်ပြီး ခြေထောက်ဒဏ်ရာ ပေါ်မှာပွတ်ပေးပါ။ လက်ဖက်ပင်အဆီလိုပဲ လာဗင်ဒါအဆီကို လည်းသုံးပေးနိုင်ပါတယ်။

သေချာညှပ်ပါ။
ခြေစွယ်ငုပ်ခြင်းကို ကာကွယ်ဖို့အတွက် ခြေသည်းညှပ်တဲ့အခါ သေသေချာချာညှပ်ပေးပါ။ ပုံသဏ္ဍာန်မပျက်သွား အောင်ညှပ်ပေးမှ ခြေ စွယ်ငုပ်တာသက် သာစေပါလိမ့်မယ်။ ခြေသည်း ညှပ်ပြီးတိုင်း ခြေသည်းကိုတိပေးဖို့ မမေ့ ပါနဲ့။

ဖိနပ်
ခြေစွယ်ငုပ်နေချိန်မှာ ရှူးဖိနပ်အစား ထိပ်ပွင့်ဖိနပ်၊ ခြေညှပ်ဖိနပ်လိုမျိုးသာဝတ်ဆင်ပါ။ ပေါ့ပါးပြီးစီးရတာသက်သောင့်သက်သာဖြစ်တဲ့ ဖိနပ်ကသာ ခြေစွယ်ငုပ်တာသက်သာစေပါလိမ့်မယ်။ အမျိုးသမီးများ အနေနဲ့ ခြေစွယ်ငုပ်နေချိန်မှာ ခြေမကိုဖိအားပေးပြီးစီးရတဲ့ ဒေါက်မြင့်ဖိနပ်လိုမျိုးတွေရှောင်ပါ။
ရန်နိုင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment