ခြေဖ၀ါးကိုနှိပ်နယ်ပေးပါ…














တစ်နေကုန်နီးပါး မတ်တတ်ရပ်၊ လမ်းလျှောက် ပင်ပန်းလာပြီး နောက်လူတွေအတွက်အလိုအပ်ဆုံးက ခြေထောက်ကိုနှိပ်နယ်ပေးဖို့ပါ။ ခြေထောက်ကိုနှိပ်နယ်ပေးတာ က ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရုံ သာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ် ပိုင်းဆိုင်ရာအကျိုးအာနိသင်တွေကိုရရှိစေပါတယ်။ ခြေဖ၀ါးမှာ ခန္ဓာ ကိုယ် တစ်ခုလုံးကအကြောတွေ ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းတွေနဲ့ သက်ဆိုင်တဲ့ reflexes လို့ခေါ်တဲ့ အာရုံကြောတွေအများကြီးပါရှိပါ တယ်။ ဒီအာရုံကြောတွေကို နှိပ်နယ်ပေးတဲ့အခါမှာ ခန္ဓာကိုယ်က ပေါ့ပါး သွက်လက်လာပြီး ကျန်းမာ ရေးနဲ့ညီညွတ်လာပါတယ်။ ကျန်း မာရေးပညာရှင်တွေကလည်း ခြေ ဖ၀ါးနှိပ် နယ်ပေးခြင်းက ခန္ဓာကိုယ် တစ်ခုလုံးကျန်းမာရေးနဲ့သင့်လျော်တဲ့ အတွက် ထောက်ခံထားကြပါတယ်။ ခြေဖ၀ါးကိုနှိပ်နယ်ပေးတဲ့အတွက်သွေးလည်ပတ်မှုကောင်းစေပါတယ်။ အပန်းပြေစေပြီး ခန္ဓာကိုယ် တွင်းအင်္ဂါတွေ ကုသမှုကိုပိုပြီး ကောင်းမွန်စေပါတယ်။ ပြီးတော့ ဘာအကျိုးကျေးဇူးတွေရှိသေးသလဲ။

သွေးလည်ပတ်မှုကောင်းစေတယ်
နေ့စဉ်ဝတ်ဆင်တဲ့ဖိနပ်တွေရဲ့ သက်သောင့်သက်သာမဖြစ်မှု၊ တင်းကျပ်မှုတွေက ခြေထောက် သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါတင်မကပါဘူး ခြေဖ၀ါးကကြွက်သားတွေဟာ လှုပ်ရှားမှုနည်းပါးတဲ့အတွက် သွေးလည်ပတ်မှုနှေးကွေးစေပါတယ်။ အဲဒါကြောင့် သွေးလည်ပတ်မှု ကောင်းစေဖို့အတွက် ညအိပ်ရာ မ၀င်ခင်မှာ ခြေဖ၀ါးကို ၁၀-၂၀မိနစ် ခန့် နှိပ်နယ်ပေးပါ။ ဆီးချိုသမား တွေအတွက် ဒီလိုနှိပ်နယ်ပေးတာက အကောင်းဆုံးပါ။ သွေးလည် ပတ်မှုနည်းပါးလာတဲ့အခါ အာဟာ ရဓာတ်၊ အောက်ဆီဂျင်လုံလောက် စွာမရတော့ဘဲ ခြေထောက်က ထုံကျဉ်ကိုက်ခဲလာပါတယ်။ သွေး လည်ပတ်မှုတင်းကျပ်လာခြင်းကနှလုံး၊ ကျောက်ကပ်ပြဿနာ၊ သွေးဖိအားများခြင်း စတာတွေကိုဖြစ် စေနိုင်ပါတယ်။

နှစ်ခြိုက်စွာအိပ်ပျော်စေတယ်
နေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေက လူသားတွေရဲ့စိတ်ကို တက်ကြွလှုပ်ရှားစေပြီး နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်တာကို တားဆီးပါတယ်။ ခန္ဓာကိုယ်ကို အနားပေးပြီး နှစ်ခြိုက်စွာအိပ်ပျော်စေဖို့က တော့ ခြေဖ၀ါးကိုနှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးခြင်းက ခန္ဓာကိုယ် တစ်ခုလုံးကို သက်သာရာရစေပြီး နှစ်ခြိုက်စွာအိပ်ပျော်ဖို့ အကူအညီ ပေးပါတယ်။ အိပ်စက်ချိန်ပိုပြီးများ လာခြင်းက နှလုံးရောဂါဖြစ်နှုန်းကို လျှော့ချပေးပြီး အားဖြစ်စေပါတယ်။

စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု ကင်းစေတယ်
လူတိုင်း အချိန်နဲ့အမျှ စိတ်ဖိ စီးမှု၊ စိုးရိမ်ပူပန်မှုတွေ ကြုံဖူးကြမှာ ပါ။ ဒီလိုပြဿနာတွေအတွက် အကောင်းဆုံးက ခြေဖ၀ါးကိုနှိပ်နယ် ပေးဖို့ပါ။ ခြေဖ၀ါးကိုနှိပ်နယ်ပေးခြင်း က အာရုံကြောလေးတွေကို တက် ကြွလန်းဆန်းစေပြီး စိတ်ကို သက်သောင့်သက်သာဖြစ်စေပါတယ်။ စိတ်ဖိစီးမှုကင်းစင်တဲ့အတွက် သွေးတိုး၊ နှလုံး၊ စိတ်ကျဝေဒနာတို့ကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ 

ကျောရိုးနာကျင်မှုကိုသက်သာစေတယ်
ကျောရိုးကိုက်ခဲနာကျင်တတ် သူများ ညအိပ်ရာမ၀င်ခင်မှာ ခြေဖ ၀ါးကို လက်မနဲ့ (၅)မိနစ်ခန့်ဖိပြီး နှိပ်နယ်ပေးနိုင်ပါတယ်။ ခြေဖ၀ါးနှိပ် နယ်ပေးခြင်းရဲ့ ရလဒ်တစ်ခုက နာ တာရှည်ကိုက်ခဲနာကျင်မှုတွေကိုပါ ကင်းစင်စေပါတယ်။ ကျောရိုးနာကျင်မှုက နှစ်ခြိုက်စွာအိပ် မောကျစေဖို့အနှောင့် အယှက်အဟန့်အ တားဖြစ်စေပါတယ်။
ခြေဖ၀ါးနာကျင်မှုကိုသက်သာစေတယ်
ခြေဖ၀ါးကိုပုံမှန်နှိပ်နယ်ပေးခြင်း က ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေရုံသာမကကြွက်သား အရိုးအဆစ်များနာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။

သွေးတိုးကျစေတယ်
သွေးတိုးခြင်းက တခြားသောပြဿနာတွေရဲ့ အရင်းအမြစ်တစ်ခုပါ။ ခြေဖ၀ါးကို ပုံမှန်နှိပ်နယ်ပေးခြင်းကသာ သွေးတိုးကျစေပြီးတခြားသောရောဂါတွေကိုပါ ကာကွယ်ပေးပြီးသားဖြစ်စေပါတယ်။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment