ဟိုဟိုသည်သည်ကျန်ခဲ့လို့ စိတ်ညစ်မနေနဲ့







ခရီးတစ်ခါထွက်ဖို့အတွက် အလျင်အမြန်ထုတ်ပိုးရင် ကိုယ့်ရဲ့တစ်ကိုယ်ရည်သုံးအလှပြင်ပစ္စည်းတွေ ကျန်ခဲ့တာမျိုး ဘ၀မှာတစ်ကြိမ်တစ်ခါလောက်တော့ ကြုံဖူးကြမှာပါ။ အဲဒီအတွက် စိတ်ထဲအနှောင့်အယှက် မဖြစ်ပါနဲ့။ သူ့နေရာမှာ အစားထိုးနိုင်မယ့်ပစ္စည်းလေးတွေရှိပါတယ်။

နှုတ်ခမ်းနီမေ့ကျန်ခဲ့တဲ့အခါ
နှုတ်ခမ်းနီမေ့ကျန်ခဲ့လို့ နေမထိ ထိုင်မသာစိုးရိမ်ယူပန်မနေပါနဲ့။ ပါးနီ ဒါမှမဟုတ် Eyeshadow လေးကို အလှဆီ၊ နှုတ်ခမ်းပေါင်းဆေး ကြိုက်နှစ်သက်ရာနဲ့ရောစပ်ပြီး န့တ်ခမ်းစပ်မှာသုံးပေးနိုင်ပါတယ်။ ရွှန်းစိုတဲ့ နှုတ်ခမ်းသားလေး ပိုင်ဆိုင်ချင်ရင်တော့ Vaseline ကို နှုတ်ခမ်းဆိုးဆေးအပေါ်မှာ ထပ်သုံးပေးလိုက်ပါ။

ဖောင်ဒေးရှင်းမေ့ကျန်ခဲ့တဲ့အခါ
သုံးနေကျပေါင်ဒါကို မျက်နှာလိမ်းခရင်မ်နဲ့ရောစပ်ပြီး ဖောင်ဒေးရှင်းအစားသုံးနိုင်ပါတယ်။ ဒါမှမဟုတ် ကွန်ဆယ်လာနဲ့ အလှဆီရောစပ်ပြီးလည်း သုံးပေးနိုင်ပါတယ်။

မိတ်ကပ်ဖျက်ဆေးမေ့ကျန်ခဲ့ပေမဲ့
သံလွင်ဆီကို ဂွမ်းစလေးမှာစွတ်ပြီး မိတ်ကပ်ဖျက်ပေးရင် အရေပြားအတွက် အန္တရာယ်ကင်းသလို အသားအရေလည်း စိုပြေလှပလာပါလိမ့်မယ်။

Shaving Gel မေ့ကျန်ခဲ့သော်လည်း
ဆံပင်ပျော့ဆေး ဒါမှမဟုတ် သံလွင်ဆီကိုလိမ်းပေးပြီး မလိုအပ်တဲ့အမွှေးအမျှင်တွေကို ရိတ်ပေးနိုင် ပါတယ်။

မိတ်ကပ်ဖျက်ဆေးနောက်တစ်မျိုး
သံလွင်ဆီမရှိလို့ မိတ်ကပ်ဖျက်ရာမှာ စိုးရိမ်မပူပန်ပါနဲ့။ Baby Wipes လေးတွေက မိတ်ကပ်ကို သန့်စင်ပေးပြီး အသားအရေကို စိုပြေလန်းဆန်းသွားစေပါလိမ့်မယ်။

ဆံပင်အခြောက်ခံစက် ခေါင်းမေ့ကျန်ခဲ့ရင်
ရိုးရှင်းပါတယ်။ ခြေအိတ်အပါးတစ်စုံကို ဆံပင်အခြောက်ခံစက် ထိပ်ဝမှာချည်ထားပြီးသုံးပေးပါ။ ခြေအိတ်က သန့်ရှင်းဖို့တော့လိုပါတယ်။

ပါးနီမေ့ကျန်ခဲ့ပေမယ့်
မစိုးရိမ်ပါနဲ့။ နှုတ်ခမ်းဆိုးဆေးနဲ့ အလှဆီရောစပ်ပြီး ပါးမို့မှာလိမ်းခြယ်ပေးပါ။ ပေါင်ဒါပုံစံ ခပ်မှုန်မှုန် လေးလိုချင်ရင်တော့Eyeshadow ကို ပါးနီအစားထိုး သုံးပေးနိုင်ပါတယ်။

Eyeliner မရှိရင်
သုံးနေကျ မျက်တောင်ကော့ဆေးအရည်လေးထဲကို သေးမျှင်တဲ့ စုတ်တံလေးတစ်ချောင်းနှစ်ပြီး မျက်ခမ်းစပ်မှာ Eyeliner အနေနဲ့အသုံးပြုနိုင်ပါတယ်။


န်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape




Share on Google Plus

0 comments:

Post a Comment