ခရီးသွားနေစဉ်မှာ
လေယာဉ် ကြောင့်ဖြစ်စေ၊ ကားကြောင့်ဖြစ်စေ၊ ရထားကြောင့်ဖြစ်စေ မအီမသာဖြစ် တဲ့ခံစားချက်မျိုးဖြစ်ဖူးပါသလား။
တကယ်လို့ဖြစ်ဖူးတယ်ဆိုရင် ဒါ လေးဖတ်ကြည့်ပါ။ မအီမသာဖြစ် တဲ့ခံစားချက်က ခရီးထွက်များသူ
တွေအတွက် ပြဿနာတစ်ခုပါ။ သူကိုယ်တိုင်တင်မကပါဘူး။ ပတ်ဝန်း ကျင်ကလူတွေရဲ့အပျော်လေးတွေကိုပါ
ပျက်စီးစေပါတယ်။ အများအားဖြင့် ခရီးသွားတဲ့အခါနှာစေးခြင်း၊ အသားအရေဖျော့တော့လာခြင်း၊
ချွေးထွက်ခြင်း၊ အော့အန်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ မောပန်းခြင်းတွေကို ခံစားရတတ်ပါတယ်။
ဒီလိုပြဿနာတွေအတွက်ဆေးဝါးက အလွယ်တကူရနိုင်ပါတယ်။ အ လွယ်တကူရနိုင်ပေမယ့်အမြဲတမ်း အဆင်ပြေနေတာမဟုတ်ပါဘူး။
ဂျင်း
ချင်းက ခရီးသွားနေစဉ်မှာ
ကိုယ်လက်မအီမသာဖြစ်တဲ့ဝေဒနာကို ကုသဖို့ အကောင်းဆုံးဆေးတစ်လက်ပါ။ ချင်းမှာ ကိုယ်လက်မ
အီမသာဖြစ်တာကိုပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိပါဝင်ပါတယ်။ လေ့လာချက်တွေအရ ချင်းစားသုံးသူတွေက
သာမန်လူတွေထက် အော့အန်ဝေဒနာပိုပြီးသက်သာကြပါတယ်။ လတ်ဆတ်တဲ့ ချင်းနှစ်ပြား ကို ရေနဲ့
၁၀မိနစ်ခန့်ပြုတ်ထားပြီး အဲဒီပြုတ်ရည်ကို ပျားရည်အနည်း ငယ်ရောစပ်ကာ ခရီးမထွက်ခင် ၁
နာရီအလိုမှာ သောက်ပေးပါ။ ချင်း အရည်၊ ပျားရည်လ္ဘက်ရည်ဇွန်း တစ်ဇွန်းစာကို ရောစပ်ပြီး
လည်းသောက်ပေးနိုင်ပါတယ်။ ချင်းအစိမ်းကိုလည်းစားပေးနိုင်ပါတယ်။
ပန်းသီးအရက် ဗီနီဂါ
ပန်းသီးအရက်ဗီ
နီဂါမှာ ခန္ဓာကိုယ် အတွင်း pH ကိုမျှတစေပြီး ကိုယ်လက်မအီမ သာဖြစ်ခြင်းကို သက် သာစေပါတယ်။
ပန်းသီး အရက်ဗီနီဂါ၊ ပျားရည် အနည်းငယ်ကို ရေခပ် နွေးနွေးမှာရောစပ်ပြီး ခရီးမသွား ခင်သောက်ပေးပါ။
ဝမ်းငြိမ်းစေပြီး ပျို့အန်ချင်စိတ်ကို သက်သာစေပါလိမ့်မယ်။ တကယ်လို့ အော့အန် ပြီးသူတွေအနေနဲ့လည်း
ပန်းသီးအရက်ဗီနီဂါနဲ့ ပလုပ်ကျင်းပေးရုံနဲ့ ခံတွင်းနဲ့စိတ်ကို သန့်ရှင်းလန်းဆန်း စေပါတယ်။
ပင်စိမ်း
ပင်စိမ်းမှာပါဝင်တဲ့သင်းပျံ့တဲ့ရနံ့
နဲ့ အရသာက စိတ်ကိုလန်းဆန်းစေပြီး အော်ဂလီဆန်တဲ့ဝေဒနာကို သက်သာစေပါလိမ့်မယ်။ ပင်စိမ်းအ
ရွက်ခြောက်ကို ရေနွေးဆူဆူထဲမှာ စိမ်ထားပေးပြီး အနည်ထိုင်သွားတဲ့ အခါ ပျားရည်နဲ့ရောစပ်ပြီး
သောက်ပေးနိုင်ပါတယ်။ ဒါမှမဟုတ်ပင်စိမ်း ရွက်ကို ချေပြီးတော့ရှူခြင်းက စိတ် ကို လန်းဆန်းစေပါလိမ့်မယ်။
သတိထားရမှာက ပင်စိမ်းက တချို့သော ကုသမှုတွေနဲ့ ပြဿနာရှိတဲ့အ တွက် မသုံးခင်မှာ ဆရာဝန်နဲ့သေချာတိုင်ပင်ဖို့လိုပါတယ်။
သံပုရာ
သံပုရာမှာ
ပါဝင်တဲ့ Citricacid က အော်ဂလီဆန်နေတဲ့အစာ အိမ်ကိုလန်းဆန်းစေပါလိမ့်မယ်။
သံပုရာခွံရနံ့ကိုရှူပေးရုံဖြင့်စိတ်ကိုတည်ငြိမ်လန်းဆန်းစေပါတယ်။
သံပုရာရည်၊ ပျားရည်တို့ကိုရေခပ် နွေးနွေးလေးနဲ့ရောစပ်ပြီး သောက်
ပေးနိုင်ပါတယ်။ ဒါမှမဟုတ်
သံပုရာ သီးကို ခပ်ပါးပါးလေးတွေစိတ်ပြီး ငုံထားပေးနိုင်ပါတယ်။
ပန်းသီးစိမ်း
ပန်းသီးစိမ်းမှာပါဝင်တဲ့
Pectin က အစာအိမ်အတွင်းအက်ဆစ် ဓာတ်တွေကိုဓာတ်ပြယ်သွားစေပြီး အော်ဂလီဆန်ဝေ ဒနာကိုသက်သာစေပါလိမ့်မယ့်။
ပန်းသီးစိမ်းကိုစက်နဲ့ဖျော်ပြီး အဲဒီ အရည်ကိုသံပုရာရည်၊ ဆားအနည်းငယ်နဲ့ရောစပ်ပြီး ခရီးမသွားခင်မှာသောက်ပေးပါ။
သံလွင်သီး
သံလွင်သီးက
ခံတွင်းမှာတံ တွေးမကြာမကြာများလာတာကို လျှော့ချပေးပြီး တံတွေးခဏခဏမြို ချရတာ၊ ထွေးထုတ်ရတာကိုသက်သာစေတဲ့
taonins ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ခရီးမထွက်ခင်ကလည်း ထွက်နေချိန်မှာ သံ လွင်သီးတစ်လုံး၊
နှစ်လုံးခန့်ကိုဝါး ပေးပါ။ တကယ်လို့သွားလာနေစဉ်မှာ အော်ဂလီဆန်လာတဲ့အခါ သံလွင်သီးကိုမိနစ်အနည်းငယ်ခြားပြီး
စားပေးပါ။
နွယ်ချို
နွယ်ချိုက
ခရီးသွားနေစဉ်အ တွင်း မအီမသာဖြစ်တတ်တဲ့ဝေဒနာကိုသက်သာစေပါတယ်။ နွယ်ချိုမှာပါဝင်တဲ့ ရောင်ရမ်းနာကျင်မှုတွေကို
သက်သာစေတဲ့ ဓာတ်ကအစာ အိမ်နံရံအမှေးပါးလေးတွေကိုသက်သာစေပြီး ပျို့အန်ခြင်း၊ ပင်ပန်းနွမ်း
နယ်ခြင်းတွေကိုလျှော့ချပေးပါတယ်။
ရန်နိုင်
0 comments:
Post a Comment