ဂန္တ၀င်ဆန်ချင်တဲ့အမျိုးသမီးများအတွက်…








သာမန်အမျိုးသမီးတစ်ယောက်ထက် ဂန္တ၀င်ဆန်တဲ့အမျိုးသမီးတစ်ဦးအသွင်ဆောင်နေဖို့ အချိန် ဘယ်လောက်လိုအပ်ပါသလဲ။ ဒါတွေအားလုံးကိုယ့်အသွင်အပြင်ပေါ် ကိုယ်ဘယ်လောက် အာရုံစိုက်တယ်ဆိုတာပေါ်မူတည်နေပါတယ်။ ပြင်ပအသွင်အပြင်ကတော့ ဂရုစိုက်လွန်းရင် ငွေကြေး၊ အချိန်တွေ အများကြီးကုန်နိုင်တာပေါ့။ အဲဒီတော့ မျှမျှတတဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ…

အပြုံးနဲ့တောက်ပပါစေ
အပြုံးဆိုတာ စိတ်အလှကိုဖော်ပြပေးတဲ့တစ်ခုတည်းသောအရာပါ။ စတိုင်အကျဆုံးဝတ်စုံတွေတောင် အပြုံးတစ်ပွင့်ကြောင့် မှေးမှိန်သွားပါလိမ့်မယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လှပစေသလို မြင်ရသူကိုလည်း စိတ်ချမ်းသာစေမှာပါ။ 

နားထောင်ပါ
အခုချိန်မှာ တစ်ဖက်လူစကားနားထောင်ဖို့ဆိုတာခက်ခဲသလောက်ပါပဲ။ နားထောင်ချင်ပေမယ့်လည်း အချိန်မပေးနိုင်တာတွေရှိပါတယ်။ တကယ်တော့ နားထောင်တယ်ဆိုတာ အပြုအမူကောင်းတစ်ခုပါ။ သူ့အပြောကနေ ကိုယ့်အတွက်တစ်စုံတစ်ခုရပါလိမ့်မယ်။

ကြင်နာစွာစကားပြောပါ
ကိုယ်ပြောတဲ့စကားက ကိုယ့်အတွေ့ကိုဖော်ပြပါတယ်။ ကိုယ့်အတွေးကိုကောင်းကောင်း ရှင်းရှင်းလင်းလင်းမဖော်ပြရင် သူများနားလည်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ပြောတဲ့စကားလုံးတိုင်းက ကြင်နာမှုတွေပါပါစေ။

မလုပ်ခင်စဉ်းစား
သွေးဆူတိုင်း တစ်ခုခုမလုပ်လိုက်ဖို့က ဘယ်သူမဆိုလုပ်တတ်ပါတယ်။ ဒါပေမဲ့ သွေးဆူတိုင်းထလုပ်ဖို့က အမြဲတမ်းအဆင်ပြေနိုင်ပါ့မလား။ အပြုအမူဆိုတာလည်း အရေးကြီးတယ်မဟုတ်ပါလား။

အေးဆေးတည်ငြိမ်ပါ
ဂန္တ၀င်ဆန်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ အပြုအမူမှာအေးဆေးတည်ငြိမ်ဖို့လည်းလိုပါတယ်။ ဘယ်အခြေအနေရောက်ရောက်အေးဆေးတည်ငြိမ်နိုင်ဖို့ဆိုတာခက်ခဲပါတယ်။ စိတ်ဖိစီးစရာကောင်းပါတယ်။

ရင့်ကျက်တတ်ပါစေ
ကလေးမဆန်ပါနဲ့။ ဂန္တ၀င်ဆန်တဲ့အမျိုးသမီးတွေက ကလေးမဆန်ကြဘူး။ ကိုယ့်ကိုယ်ကိုယ် ပိုင်ပိုင်နိုင်နိုင်နဲ့ထိန်းကျောင်းတတ်တာကလည်း ရင့်ကျက်တဲ့အမျိုးသမီးတစ်ဦးရဲ့အလှပါ။

ရဲရင့်ပါ
တီထွင်ဖို့၊ ဖန်တီးဖို့၊ ဖွင့်ဟဖို့ ဘယ်တော့မှတွန့်ဆုတ်မနေပါနဲ့။ ရဲရင့်ခြင်းကလည်း ရင့်ကျက်ခြင်းတစ်မျိုးပါ။

Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment