သူငယ်ချင်းကောင်းဆိုတာ










ခင်မင်မှုဆိုတာ ဘ၀မှာအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမဲ့ သူငယ်ချင်းကောင်းဆိုတာ ကိုဘယ်လို သိနိုင်သလဲ…။ လူတိုင်း သူငယ်ချင်းလိုအပ်ပါတယ်။ အထူးသဖြင့် ဘ၀ကခက်ခဲနေချိန်၊ အထီးကျန်နေချိန်၊ အန္တရာယ်ရှိနေချိန် သူငယ်ချင်းကိုပိုပြီးလိုလား တောင့်တကြပါတယ်။ အဲဒီတော့ ကိုယ့်ဘ၀အတွက် မိတ်ဆွေကောင်းဆိုတာ ဘယ်လိုသိနိုင်သလဲ…။

ခွန်အားပေးတယ်
အဆိုးတွေချည်းဝန်းရံနေတဲ့ကမ္ဘာမှာ သူငယ်ချင်းတွေက ကိုယ့်ကိုယ်ခွန်အားပေးကြပါတယ်။ ကိုယ့်ရဲ့ အိပ်မက်တွေဆီလိုက်ဖို့ ပန်းတိုင်ဆီဆက်သွားဖို့ ခွန်အားတွေပေးကြပါတယ်။ 

လိုအပ်နေချိန်ကိုယ့်ဘေးနားအမြဲရှိတယ်
သူငယ်ချင်းကောင်းဆိုတာ ဆင်းရဲ၊ ချမ်းသာ၊ ကိုယ့်ဘေးအမြဲတမ်းတွယ်ကပ်နေသူတွေပါ။ ပြီးတော့ ကိုယ်လိုအပ်နေချိန် ထွက်မပြေးဘဲ အမြဲအဆင်သင့်ရှိနေသူတွေပေါ့။

ပြောင်းလဲတာလက်ခံတယ်
သူငယ်ချင်းကောင်းဆိုတာ ကိုယ့်အပြောင်းအလဲကို လက်ခံသူတွေပါ။ ပြောင်းလဲတာကို တားဆီးဖို့မကြိုးစား သလို မပြောင်းလဲတာကိုလည်း ပြောင်းလဲလာဖို့ အတင်းမတိုက်တွန်းကြပါဘူး။

ကိုယ့်ကိုစိတ်ဝင်စားတယ်
ကိုယ့်အတွက် အခင်မင်ရဆုံးသူငယ်ချင်းဆိုမှတော့ ကိုယ်နဲ့ပတ်သက်တဲ့အရာရာကို စိတ်ဝင်စားသူတွေပေါ့။

ကိုယ့်ကိုယ်မသက်မသာမဖြစ်စေဘူး
နှစ်ယောက်သားအကြောင်းသိတွေဖြစ်ပေမယ့် စိတ်ချရပါတယ်။ ဘယ်သူရှေ့မှာမှ ကိုယ့်ကိုယ်လှောင်ပြောင်သရော်နေမှာမဟုတ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး။

လျှို့ဝှက်ချက်မထားဝေမျှမယ်
သူငယ်ချင်းကောင်းဖြစ်တယ်ဆိုမှတော့ လျှို့ဝှက်ချက်မထားကြဘူး။ ဘယ်အကြောင်းအရာမဆို အတူတကွမျှဝေကြပါတယ်။

ရန်နိုင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment