ကံကောင်းခြင်းတွေကို ကိုယ်တိုင်မွေးဖွားပါ…










ကံကောင်းခြင်းနဲ့ပတ်သက်တဲ့စကားပုံတွေ လူတိုင်းကြားဖူးကြမှာပါ။ ဒါပေမဲ့ ကံကောင်းခြင်းဆို တာ ဘာလဲ…။ ကံကောင်းခြင်းကို ကိုယ်တိုင်မွေးဖွားလို့ရသလား။ တကယ်တော့ ကံကောင်းခြင်းဆိုတာ လျှို့ဝှက်ဆန်းကြယ်တစ်မျိုးပါ။ ရှင်းပြဖို့လည်းခက်ပါတယ်။ ရှင်းပြဖို့ခက်ပုံဖော်ဖို့ခက်ပေမယ့် ကံကောင်းခြင်းတွေယူဆောင်လာပေးဖို့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။

မကြောက်ရွံ့နဲ့
ကံကောင်းခြင်းတွေယူဆောင်လာချင်ရင် ပထမဆုံးလုပ်ရမှာက သတ္တိရှိဖို့ ရဲဝံ့ဖို့ပါ။ အိမ်ထဲမှာထိုင်ပြီး စောင့်မျှော်နေလို့ကတော့ ကံကောင်းခြင်းတွေဝင်ရောက်လာမှာမဟုတ်ပါဘူး။ အဲဒီတော့ အပြင်ထွက်ပြီး စွန့်စားပါ။

စုဆောင်းပါ
ဥပမာ နေမကောင်းဖြစ်လို့ ဆေးရုံတင်ထားရတာမျိုးပေါ့…။ ငွေကြေးအခက်အခဲရှိမယ်။ ငွေကြေးအခက် အခဲရှိတဲ့အခါ ပြဿနာ ၃ ခုရင်ဆိုင်ရမယ်။ တစ်ခုက ငွေရှင်းဖို့၊ ချေးငွေတွေပြန်ဆပ်ဖို့၊ ပိုက်ဆံရဖို့လမ်းမမြင် အဲဒီအခက်အခဲတွေပေါ့။ တကယ်လို့ ကြိုတင်စုဆောင်းထား၊ ပြင်ဆင်ထားရင် ဒီလိုအခက်အခဲတွေ ရှိလာနိုင်မှာမဟုတ်ပါဘူး။

ကြည်လင်နေပါစေ
သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်တစ်အိမ်လောက် ကိုယ့်ကိုယ်စိတ်ချမ်းသာစေတာမရှိပါဘူး။ သန့်ရှင်း သပ်ရပ်စေ တာက ဘာကိုသပ်ရပ်သွားစေတာမျိုးပါ။ စိတ်ကြည်လင်နေတဲ့အတွက် အတွေးတွေလည်းထက်မြက်တယ်။ အတွေးတွေထက်မြက်လာတဲ့အတွက် ကံကောင်းခြင်းတွေပိုပြီးယူဆောင်လာနိုင်မယ်။

အကောင်းမြင်ပါ
အကောင်းမြင်အတွေးတွေက ဘ၀ကိုပါပြောင်းလဲစေပါတယ်။ အဆိုးမြင်နေတဲ့အခါ အလုပ်လုပ်ဖို့ ရှေ့ဆက် ရခက်ခဲနေစေပါလိမ့်မယ်။ အဲဒီတော့ ပတ်ဝန်းကျင်ကိုအကောင်းမြင်စိတ်လေးနဲ့ကြည့်ပေးပါ။

အောင်နိုင်သူအဖြစ်သတ်မှတ်
ကိုယ့်ကိုယ်ကိုယ်နေ့တိုင်းအောင်နိုင်သူတစ်ယောက်အနေနဲ့သတ်မှတ်ပေးရင် အောင်နိုင်သူ တစ်ယောက်ဖြစ်လာပါလိမ့်မယ်။ ဒါအနည်းငယ် ရူးကြောင်ကြောင်နိုင်ကောင်းနိုင်ပါလိမ့်မယ်။ စမ်းကြည့် ပါ။ ထူးခြားတဲ့ရလာဒ်ကို သတိ ထားမိလာလိမ့်မယ်။

ပိုပြီးပွင့်လင်းပါ
ဥပမာ ပါတီသွားတယ် ကလပ်သွားတယ်… သူငယ်ချင်း မိတ်ဆွေအသစ်ရဖို့ မျှော်လင့်တယ်။ ဈေးဝယ် ထွက်တယ်… အလုပ်အကိုင်အခွင့်အလမ်းသစ်တွေရဖို့မျှော်လင့်တယ်။ နေရာတိုင်းမှာ မျှော်လင့်ချက် ကိုယ်စီနဲ့ပါ။ မျှော်လင့်ချက်ကနေတစ်ဆင့် ကံကောင်းခြင်းတွေမွေးဖွားလာမှာမဟုတ်ပါလား။

ဘ၀ရဲ့လျှို့ဝှက်ဆန်းကြယ်တွေကိုယုံကြည်
ကံကောင်းခြင်းတွေကိုမယုံကြည်ရင် ကံကောင်းခြင်းတွေမွေးဖွားလာမှာမဟုတ်ပါဘူး။ အဲဒီတော့ အံ့သြစရာကောင်းတဲ့ ပဉ္စလက်ဆန်ဆန်အဖြစ်လေးတွေဖြစ်နိုင်တယ်လို့ယုံကြည်ထားပါ။

ရန်နိုင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment