Governo
of Poker ပြန်လာပါပြီ။ ဒီတစ်ခါတော့ လူကြိုက်များလောင်းကစားဂိမ်းလေးဟာ မာလ်တီ ပလောယာအနေနဲ့ဖြစ်တယ်။
ဒါကြောင့် မြို့တစ်ခုပြီးတစ်ခု NPC တွေကိုရင်ဆိုင်ပြီး လောင်းကစားလုပ်ရာ ကနေ မြို့တစ်ခုလုံးကိုဝယ်ယူရတဲ့
ပုံစံမျိုးကနေပြောင်းလဲလာပြီပေါ့။ နောက်ပြီး ဒီဂိမ်းဟာအစအဆုံး အခမဲ့ကစားနိုင်မယ့် မိုဘိုင်းဂိမ်းလည်းဖြစ်ပါတယ်။ ကစားပုံကတော့
အားလုံးသိတဲ့အတိုင်း ပိုကာဂိမ်း အမျိုးအစားပါပဲ။ ကစားသူဟာ သူပေးထားတဲ့ Achievement တွေကနေ
Special Currency ရွှေဒင်္ဂါးတွေ ကို ရယူနိုင်ပြီး အသုံးဝင်တဲ့ in-game item တွေ၊ Cosmetic
တွေကို ၀ယ်ယူနိုင်မှာဖြစ်တယ်။
ဒါပေမဲ့ မာလ်တီပလေယာအဆင့်ကိုတိုးတက်လာတဲ့အပြင် Casual
ကစားသမားတွေကို တတ်နိုင် သလောက်များများဆွဲဆောင်ချင်လာတဲ့အတွက် Gameplay ပုံစံအသစ်အချို့ပါဝင်တဲ့
Turbo Cash, Multi-Table Toumament, Head-Up Poker, Push of Fold စတာတွေပါဝင်လာပါတယ်။ အပျော်တမ်းပိုကာ ကစားချင်သူတွေအတွက်လည်း
အဆင့်ဆင့်အောင်မြင်ပြီးမှ တက်လှမ်းရမယ့်နေရာတွေ သတ်မှတ်ပေး ထားပေမယ့် အကြီးစားကစားချင်တဲ့သူတွေအတွက်
တကယ့်ပိုက်ဆံနဲ့ကစားနိုင်တဲ့ Feature ထည့်သွင်းထားတာကိုလည်း သတိထားရမှာဖြစ်ပါတယ်။ in-game
currency ကိုဝယ်ယူပြီး VIP ကစားသမားအဖြစ်နဲ့ အမြင့်ဝိုင်းတွေမှာအစကတည်းက သွားကစားလို့လည်းရတယ်။
ပိုလျှံနေတွဲ့Gold တွေကိုတော့ Cosmetic item တွေဖြစ်တဲ့ Cowboy Hat, Badge စတာတွေဝယ်ပြီး
ကစားဝိုင်းထဲမှာတောက်တောက်ပြောင်ပြောင်နဲ့ဟန်ထုတ်လို့ရတာပေါ့။
ကစားနေရင်းနဲ့
တစ်လက်ချင်းစီအနိုင်ရတဲ့အခါမှာ Exp Point ရပြီး Level တက်ပါတယ်။ နောက်ပြီး အရင်က PC
ဂိမ်းအဟောင်းတုန်းကလို ကိုယ့်ဘေးကလူတွေအကုန်ကုန်မှ ထလို့ရတာမျိုးမဟုတ်ဘူး။ အနိုင်နဲ့ပိုင်းပြီးလည်းထွက်လာလို့ရတယ်။
ဒါဟာ လူလူချင်းကစားရာမှာတော့ မထည့်မဖြစ်ထည့်သွင်းပေးရမယ့် Feature ဖြစ်တာကြောင့်လည်းပါမှာပါ။
အနိုင်ရနေချိန်မှာထလာလို့ရတာကတော့မဆိုးပါဘူး။
Facebook
မှာကစားတဲ့သူတွေကတော့ ကိုယ့်ရဲ့သူငယ်ချင်းတွေနဲ့လည်းတိုက်ရိုက်ကစားနိုင်မှာပါ။ ကစားသူတွေဟာ
5့ hand/ 8 hand ၀ိုင်းနှစ်မျိုးမှာကစားနိုင်မှာဖြစ်ပါတယ်။
နေရာကိုလိုက်ပြီး
ကြေးကိုခွဲခြားထားပြီး ဘယ်လောက်ပဲကစားမယ်ဆိုတာကိုလည်းသတ်မှတ်လို့ရပါတယ်။ အရင်လိုဝယ်ထားတဲ့အိမ်တွေကနေ
ပိုက်ဆံရတာမျိုးမဟုတ်ဘဲ ၂၄ နာရီကိုတစ်ခါပေးတဲ့ gift တော့ရှိတယ်။ muti-player ဂိမ်းပီပစွာ
Event တွေလည်းရှိပါတယ်။
Govemor
of Poker 3 ဟာ ယခင် paid game version တွေရဲ့အားနည်းချက်ကိုပြင်ဆင်ပြီး သူတို့ရဲ့ပိုက်ဆံအိတ်ကိုကျယ်ကျယ်ဖွင့်လိုက်တာမြင်ရပါပြီ။
သူ့ရဲ့ချစ်စရာကာတွန်းပုံလေးတွေနဲ့ရောထားတဲ့ Card Game ဟာ လူကြိုက်များပြီးသားဖြစ်တဲ့အတွက်
ကစားသူဦးရေသန်းဂဏန်းရှိပြီးသားပါ။
အခမဲ့ကစားနိုင်တဲ့သူတွေအတွက်လည်း
စိတ်ရှည်ရှည်နဲ့ကစားနိုင်ပြီး ဖြတ်လမ်းကြိုက်တဲ့သူတွေကတော့ ပြင်ပငွေနဲ့ Cash များများဝယ်ဆော့နိုင်မှာပါ။
သင်ဟာ Govemor of Poker ကို အအိပ်အစားပျက် ကစားခဲ့ဖူးတဲ့သူဆိုရင်တော့ GoP 3 ကို အခုပဲဆော့ကစားလိုက်ပါတော့။
မူရင်းအရသာမပျက်ဘဲ ပိုကောင်းနေမယ်ဆိုတာကိုရဲရဲကြီးအာမခံပါတယ်။
Banruka
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment