လက်ရှိရောက်နေတဲ့နေရာထက်
ပိုပိုပြီးမြင့်ချင်ကြတာ ပိုပိုပြီးအောင်မြင်ချင်ကြတာ လူတွေရဲ့သဘာဝပါ။ ဒါပေမဲ့ မျှော်လင့်ထားတဲ့နေရာရောက်ပြန်တော့
ဒီ့ထက်ပိုပြီးမျှော်လင့်ကြပြန်ရော။ အဲဒါကြောင့်
လူတွေရဲ့ ဆန္ဒကို အမြဲတမ်းပြည့်အောင်ဖြည့်ဆည်းနေဖို့ဆိုတာ အရမ်းခက်ခဲလှပါတယ်။ အဲဒီတော့
လူသားပီပီ ဘယ်လိုနေထိုင်ကြီးပြင်းကြမလဲ…
ကိုယ့်ကိုယ်ကိုယ်
ပိုသိဖို့ကြိုးစား
ကိုယ့်ကိုယ်ကိုယ်မသိတဲ့လူတစ်ယောက်အတွက်
ဘ၀အတွက်လိုအပ်ပါတယ်ဆိုတဲ့ အရည်အချင်းတွေဘယ်လောက်ကြိုးစားကြိုးစား အလကားပါ။ ကိုယ့်ကိုယ်ကိုယ်
မကောင်းဘူး၊
လိုအပ်တယ်၊ ညံ့ဖျင်းတယ်လို့ အကြိမ်ကြိမ်ဝေဖန်နေတာထက် ဒီလိုဖြစ်တယ်ဆိုတာသိဖို့ကြိုးစားပါ။
သင်ယူတာမရပ်နဲ့
စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းက
လူပီပီသသကြီးပြင်းစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ကိုယ့်လုပ်ငန်းနဲ့သက်ဆိုင်တာတွေ
ကိုယ်စိတ်ဝင်စားဝါသနာပါတဲ့သင်တန်းတွေတက်ပါ။
အကောင်းမြင်
တစ်ခါတလေတော့လည်း
ဘ၀ကခက်ခဲပါတယ်။ ဒါပေမဲ့ အမြဲတမ်းဆိုးရွားနေတာမှမဟုတ်တာ။ ဒီလိုအခက်အခဲတွေကြားမှာ အကောင်းမြင်တတ်တဲ့စိတ်က
ကိုယ့်ဘ၀အတွက် လွယ်ကူသွားသယောင် ထင်ရတတ်ပါတယ်။ ဘ၀ကိုပိုပြီးပျော်ရွှင်ကျေနပ်သွားစေပါလိမ့်မယ်။
ထွက်မပြေးနဲ့
ပြဿနာဖြေရှင်းတတ်တဲ့
အရည်အချင်းက ဘ၀မှာအရေးကြီးတဲ့အစိတ်အပိုင်းကနေ ပါဝင်နေပါတယ်။ တကယ်တော့ လူအများစုက ဘာမှစဉ်းစားဆင်ခြင်ခြင်းမရှိဘဲ
ပြဿနာကိုဖြေရှင်းကြတယ်။ အဲဒီတော့ အမှားမှားအယွင်းယွင်းနဲ့ ပြဿနာကပိုကြီးလာကြပါရော။
ဒီလိုအချိန်မျိုးမှာ ထွက်ပြေးရှောင်လွဲမလိုက်ပါနဲ့။ ပြဿနာကိုရင်ဆိုင်လိုက်ပါ။
အပြောင်းအလဲကိုကြိုဆို
လူတိုင်းက
အပြောင်းအလဲကိုကြောက်ရွံ့ကြပါတယ်။ သေးသေးလေးဖြစ်စေ၊ အကြီးကြီးဖြစ်စေပေါ့။ ကိုယ့်ကိုယ်ကိုယ်
ပိုကောင်းအောင် လုပ်ပေးဖို့က ဒီအပြောင်းအလဲတွေလည်းပါဝင်ပါတယ်။ အဲဒီတော့ အပြောင်းအလဲတွေကို
ကြိုဆိုလက်ခံလိုက်ပါ။
တစ်ဖက်သတ်မတွေးနဲ့
လူတိုင်းကျူးလွန်တတ်တဲ့အမှားက
ဘာပဲဖြစ်ဖြစ်ကိုယ့်စိတ်နဲ့ကိုယ် တစ်ဖက်သတ်တွေးပြီး တစ်ဖက်သတ် ဆုံးဖြစ်တတ်ကြပါတယ်။ အဲဒါကြောင့်
ပတ်ဝန်းကျင်အပေါ်အမြင်တွေပြောင်းပြီး အဆိုးမြင်လာပါတော့တယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment