နာမည်ကြီးမော်ဒယ်
ကိုင်လီဂျန်နာတစ်ယောက် ဆံပင်ကိုပလက်တီနမ်အရောင်ပြောင်းလိုက်တဲ့အခါ ကိုယ်လည်း ငါနဲ့လိုက်မလားဆိုပြီး
စိတ်ကူးတွေပေါ်လာဖူးမှာပေါ့။ ၀န်ခံလိုက်ပါ။ အဲဒီတော့ ဖုန်းထဲမှာပါတဲ့ Beauty
Application လေးတွနဲ့ ဆံပင်အရောင်ပြောင်းကြည့်တယ်။ ဒါပေမယ့် သရဲနဲ့ပဲတူနေတယ်။ ဒါက ဘာဖြစ်လို့လဲဆိုတော့
ဆံပင်အရောင်နဲ့ အသားအရောင်မလိုက်ဖက်နေလို့ပါ။ အဲဒီတော့ ကိုယ့်အသား အရေနဲ့လိုက်ဖက်မယ့်
ဆံပင်အရောင်ဘယ်လိုရွေးချယ်ကြမလဲ …။
ကိုယ့်အသားအရောင်သတိပြု
ပထမဆုံး
ကိုယ်ကဘယ်လို အသားအရေမျိုးပိုင်ဆိုင်ထားသလဲဆိုတာ သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ်နဲ့လိုက်တဲ့
ဆံပင်အရောင်ရွေးချယ်တဲ့အခါ အထောက်အကူဖြစ်စေမှာပါ။ အဲဒီတော့ ကိုယ့် အသား အရေက ပန်းရောင်လား၊
မက်မွန်သီးရောင်လား၊ သံလွင်သီးရောင်လေးသန်းနေတာလား လေ့လာပါ။
မိတ်ကပ်ဖျက်ထား
အသားအရေအရောင်မှန်ရဖို့
မိတ်ကပ်တွေဖျက်ထားဖို့လိုပါတယ်။ အဲဒါမှ အရောင်မှန်ကို သေသေချာ ချာခွဲခြားနိုင်မှာပါ။
အကောင်းဆုံးကတော့ လည်ပင်းကအရေပြားက နေရောင်ထိတွေ့မှုနည်းတာကြောင့် သဘာဝအသားအရောင် ရစေပါလိမ့်မယ်။
သွေးကြောလေးတွေကိုကြည့်
အရေပြားအောက်အလွှာရဲ့
အရောင်လေးကိုစမ်းသပ်ကြည့်ဖို့ကတော့ ကိုယ့်သွေးကြောလေးတွေ ခရမ်းပြာရောင်သမ်းနေသလား၊
စိမ်းနေသလားသတိထားကြည့်ပါ။ ခရမ်းပြာရောင်သမ်းနေရင် ဖြူတဲ့ဘက် နည်းနည်းသွားပါတယ်။
မျက်လုံးအရောင်
ကိုယ့်မျက်လုံးအရောင်က
ပြာနေသလား၊ စိမ်းနေသလား၊ မီးခိုးရောင်သမ်းနေသလား ပထမဆုံး လေ့လာပါ။ မျက်လုံးအရောင်ကလည်း
ဆံပင်အရောင်ရွေးချယ်မှုမှာ အဓိကကျပါတယ်။
နေလောင်လွယ်သလား
နေ့ဘက်အပြင်ထွက်တဲ့အခါ
နေရောင်ကြောင့် အရေပြားကလောင်ကျွမ်းပြီး ခရမ်းချဉ်သီးရောင် ကြေးနီရောင် အလွယ်တကူပြောင်းသွားတတ်ပါသလား။
ဒီလိုနေလောင်လွယ်သူတွေအနေနဲ့ ဆံပင်အရောင် ရင့်ရင့်ရွေးချယ်သင့်ပါတယ်။
စက္ကူနဲ့စမ်းသပ်
နောက်တစ်နည်းကတော့
စာရွက်အဖြူနဲ့စမ်းသပ်တဲ့နည်းလမ်းပါ။ စာရွက်အဖြူကို မျက်နှာ ရှေ့တည့်တည့်ထောင်ထားလိုက်ပါ။
ဒီစာရွက်ဖြူကြောင့် မျက်နှာမှာ အရိပ်ကျနေသလား၊ တောက်ပ နေသလား။ အသားအရောင်တောက်ပနေရင်
ဖြူတဲ့ဘက်သွားပါတယ်။ အရိပ်ကျနေရင်တော့ ၀ါတဲ့ ဘက်သွားပါတယ်။
မိတ်ကပ်နဲ့စမ်းသပ်
အသားညိုသူအတွက်
အညိုရောင်၊ ရွှေရောင်တို့လို မိတ်ကပ်ပစ္စည်းတွေက ပိုပြီးသင့်လျော်ပါတယ်။ အသားဖြူသူတွေအနေနဲ့ကတော့
ပျားရည်ရောင်၊ ရွှေညိုရောင်၊ အနီရောင်တို့နဲ့ပိုပြီး သင့်တော်ပါတယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment