ကျန်းမာတဲ့ဆံကေသာပိုင်ဆိုင်ချင်ရင် …












ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့အလှကို သတိထားမိစေတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အဲဒီတော့ အသား အရေလှပသလို ဆံသားလေးတွေလည်း ကျန်းမာလှပနေဖို့အရေးကြီးတာပေါ့။ အဲဒါဆို ဆံကေသာတွေ အမြဲတမ်း ကျန်းမာလှပနေအောင် ဘယ်လိုထိန်းသိမ်းကြမလဲ …။

သန့်ရှင်းပါ၊ မကြာခဏတော့မလျှော်ပါနဲ့
ဆံသားလေးတွေသန့်ရှင်းပြီး လှပနေတာကောင်းပါတယ်။ ဒါပေမဲ့ နေ့စဉ်နဲ့အမျှ ခေါင်းလျှော်နေမယ် ဆိုရင်တော့ ဦးရေပြားက သဘာဝအဆီတွေကိုခမ်းသွားပြီး ခြောက်သွေ့ကြမ်းတမ်းသွားပါလိမ့်မယ်။

ပရိုတိန်းများများစား
ပရိုတိန်းများများစားပေးခြင်းက ဆံကေသာကိုပိုပြီး သန်စွမ်းစေပါလိမ့်မယ်။ ဥ၊ ငါး၊ အစေ့အဆန်တွေ စားပေးခြင်းက သန်စွမ်းရှည်လျားတဲ့ ဆံကေသာအလှကို ပိုင်ဆိုင်စေမှာပါ။

ပုံမှန်ညှပ်ပေး
ဆံပင်ပုံမှန်ညှပ်ပေးတာက ဆံသားအရည်အသွေးကို ပိုပြီးကောင်းစေပါတယ်။ ဆံပင်အဖျား နှစ်ခွဖြစ်ခြင်းကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

ဆာလ်ဖေ့(စ်) (Sulphates) ရှောင်
ခေါင်းလျှော်ရည်အများစုမှာ အမြုပ်ထွက်ကောင်းအောင်လုပ်ပေးတဲ့ Sulphates ပါဝင်ပါတယ်။ ဒီ Sulphates က ဆံသားမှာချောမွေ့နေပေမယ့် အချိန်ကြာရင် ဦးရေပြားသဘာဝအဆီတွေကို စုပ်ယူသွားပြီး ဆံသားကိုပျက်စီးစေပါလိမ့်မယ်။

ပုံမှန်ပေါင်းတင်ပေး
ခေါင်းလျှော်ပြီးတိုင်း ပေါင်းတင်ပေးတာကောင်းပါတယ်။ ပေါင်းဆေးတွေက ဆံသားအတွင်း အစိုဓာတ်ကို သိုလှောင်ပေးပြီး ဆံပင်လှိုင်းထခြင်းကို သက်သာစေပါလိမ့်မယ်။

ဦးရေပြားကိုနှိပ်နယ်ပေး
ဦးရေပြားကို ပုံမှန်နှိပ်နယ်ပေးတဲ့အတွက် သွေးလည်ပတ်မှုကောင်းစေပြီး ဆံသားကိုသန်စွမ်း စေပါတယ်။ ချာမိုမိုင်းပန်းအဆီ၊ အုန်းဆီတို့နဲ့ တစ်ပတ်တစ်ကြိမ် နှိပ်နယ်ပေးပါ။

ခေါင်းပုံမှန်ဖီးပေး
ခေါင်းဖီးပေးခြင်းက ဆံသားနဲ့ဦးရေပြားတစ်လျောက် သဘာဝအဆီတွေပျံ့နှံ့သွားစေသလို သွေး လည်ပတ်မှုကောင်းစေတဲ့အတွက် ဆံသားကိုသန်စွမ်းကျန်းမာစေပါတယ်။

ကာကွယ်ပေး
အပြင်ထွက်တိုင်း နေဒဏ်မိုးဒဏ်တွေကနေ အကာအကွယ်ပေးဖို့ အကောင်းဆုံးကတော့ ဦးထုပ်၊ ထီးတို့နဲ့ အပြင်ထွက်ပေးပါ။

န်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment