ဘဝမှာပျော်ရွှင်စေဖို့ စိတ်လှုပ်ရှားစရာကောင်းနေစေဖို့









တစ်စုံတစ်ဦးရဲ့ဘ၀ကိုငေးမောနေပြီး ကိုယ့်ဘ၀ကိုယ်အားမလိုအားမရဖြစ်တဲ့ အခြေအနေမျိုးကြုံဖူး ပါသ လား။ တစ်ခါတလေ ဘ၀ကပျင်းစရာကောင်းနေပါတယ်။ တစ်နေ့တစ်နေ့ အလုပ်လုပ်လိုက် အိမ်ပြန် လိုက်နဲ့သေဆုံးတဲ့ အထိပါပဲ။ တစ်ခါတလေ Social Media တွေကနေ ကိုယ့်သူငယ်ချင်း အပေါင်း အသင်းတွေရဲ့ပျော်ရွှင်မှုကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်လာတယ်။
သတင်းကောင်း တစ်ခုကတော့ ဒီလိုအခြေအနေတွေကို ပြောင်းလဲလို့ရပါတယ်။ ဘ၀ကိုပျော်ရွှင်ပြီး စိတ်လှုပ်ရှားစရာကောင်းနေချင်ပါသလား။ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဘယ်လိုဖန်တီးကြမလဲ…။

ပျော်ရွှင်မှုက ကိုယ့်အတွက်ဘာလဲ
ပျော်ရွှင်မှုကို တစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပါယ်ဖွင်ပုံချင်းတူချင်မှတူပါလိမ့်မယ်။ အဲဒီတော့ ဘာမှ မလုပ်ခင် 'ပျော်ရွှင်မှုကဘာလဲ' ဆိုတာကို စာရွက်တစ်ရွက် ဘောပင်တစ်ချောင်းနဲ့ ချရေးပြီး အဖြေရှာကြည့် ပါ။

တစ်ခြားလူတွေ ဘာတွေးနေသလဲ ပူပန်တာရပ်
ကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်မှု ပျောက်ဆုံးစေတဲ့အကြောင်းတစ်ခုက တစ်ခြားလူတွေရဲ့အတွေးတွေကို စိုးရိမ်ပူပန်နေတာပါ။ အဲဒီတော့ ပျော်ရွှင်ချင်တယ်ဆိုရင် သူများတွေဘယ်လိုတွေးနေမယ်ဆိုတာ လျစ်လျူရှုလိုက်ပါ။

စောစောထ
ဘ၀ကိုပျော်ရွှင်ချင်တဲ့လူတိုင်း စိတ်အားထက်သန်မှုရှိကြပါတယ်။ ဘ၀ကိုစိတ်အားထက်သန်မှုရှိတဲ့အခါ စောစောနိုးထလာမယ်။ ဘာပဲလုပ်လုပ် စိတ်လှုပ်ရှားပြီး စိတ်အားတက်ကြွနေမယ်။

အချိန်ပေး
တစ်စုံတစ်ခုကိုလုပ်ချင်စိတ်ပြင်းပြလာပြီဆိုရင် အဲဒီအတွက် အချိန်ရအောင်ရှာဖွေမြဲပါ။ အဲဒီတော့ ပထမဆုံးကြိုးစားချင်စိတ် ထကြွလာအောင် ဖန်တီးပေးဖို့လိုပါတယ်။ ပြီးရင်တော့ ကိုယ်လုပ်ချင်တာလုပ်ခွင့်ရဖို့ အချိန်ပေးပါ။

ဖြေလျော့ပေး
ဖြစ်ချင်လွန်းတဲ့စိတ်တွေနဲ့ ချုပ်နှောင်မထားပါနဲ့။ စိတ်သက်သာရအောင် ဖြေလျော့ပေးထားဖို့လည်းလိုပါတယ်။

မတူညီတဲ့လမ်းစဉ်ရွေး
နေ့စဉ်အလုပ်တစ်ခုတည်းကို ထပ်ကာတလဲလဲလုပ်နေတာ ပျင်းရိငြီးငွေ့စရာကောင်းမှာပါ။ အဲဒီတော့ ဒီအလုပ်ပေမယ့် စိတ်လှုပ်ရှားစရာကောင်းအောင် မတူညီတဲ့နည်းလမ်းလေးတွေရွေးပြီးလုပ်ကြည့်ပါ။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment