ကိုယ်က ပျော်ပျော်နေတတ်သူလား၊
ဘာသိဘာသာနေတတ်သူလား။ ဘ၀မှာတစ်ခါတလေတော့ ပတ်ဝန်း ကျင်ရဲ့မှတ်ချက်ပေးတာခံခဲ့ရဖူးမှာပါ။
ဒါပေမဲ့ သူတို့ပြောတာအမှန်တွေဟုတ်ရဲ့လား။ အဲဒီတော့ ကိုယ်ကဘယ်လိုလူတစ်ယောက်လဲ။ ကိုယ့်ဘာသာအဖြေရှာတာပိုပြီးမကောင်းဘူးလား။
ချဉ်းကပ်ပုံ
တစ်ခုခုဖြစ်တယ်ဆိုရင်
ဘာသိဘာသာနေတတ်သူတွေက တိတ်တိတ်ဆိတ်ဆိတ်နေလေ့ရှိပါတယ်။ ခံစားနေရတာကို မပြောပြချင်တာလည်းဖြစ်ရင်ဖြစ်မှာပေါ့။
ပတ်ဝန်းကျင်အတွက်ကတော့ စိတ်ထဲကသိကအောက်ဖြစ်စရာကောင်းသွားပါတယ်။ ပျော်ပျော်နေတတ်သူတွေကတော့
သူတို့ခံစားချက်တွေကို စကားလုံးနဲ့ဖော်ပြကြတယ်။ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းဖော်ပြကြတယ်။
အနားယူချိန်တွေဖြတ်သန်းပုံ
လူတိုင်းကိုယ့်ကိုယ်ပြန်ပြီးအားဖြည့်ပေးဖို့
အနားယူချိန်လိုအပ်ပါတယ်။ အဲဒီမှာလည်း ပျော်ပျော်နေတတ်သူနဲ့ ဘာသိဘာသာနေတတ်သူက ကွာခြားသွားပြန်ပါတယ်။
ဘာသိဘာသာနေသူတွေက စာအုပ်၊ ဂီတတွေနဲ့ဖြတ်သန်းမယ်။ ပျော်ပျော်နေတတ်သူတွေအတွက်ကတော့ မိသားစု၊
သူငယ်ချင်းတွေနဲ့အချိန်ကုန်ဆုံးမယ်။
အပြောင်းအလဲကိုကိုင်တွယ်ပုံ
ဘာသိဘာသာနေတတ်သူတွေက
အပြောင်းအလဲကိုသဘောမကျကြပါဘူး။ အပြောင်းအလဲဆိုတာ သူတို့လှုပ်ရှားမှုကိုဖျက်ဆီးတဲ့ အနှောင့်အယှက်လို့မှတ်ယူထားကြပါတယ်။
သူတို့အတွက် ချိန်ညှိပေးဖို့လိုပါတယ်။ ပျော်ပျော်နေတတ်သူတွေကတော့ အပြောင်းအလဲကိုလိုက်ပြီး
လိုက်လျောညီထွေနေတတ်ကြပါတယ်။
ခင်မင်မှုအတိုင်းအတာ
ဘာသိဘာသာနေတတ်သူတွေမှာ
သူတို့လျှို့ဝှက်ချက်တွေတိုင်ပင်ဖို့ ဖွင့်ဟဖို့ အလွန်ရင်းနှီးသူနဲ့ သိပ်ပြီးမခင်မင်တဲ့သူငယ်ချင်းဆိုပြီး
ခွဲခြားပေါင်းသင်းကြပါတယ်။ ပျော်ပျော်နေတတ်သူတွေကတော့ လူစိမ်းတွေကအစ ရင်းရင်းနှီးနှီးပေါင်းသင်းတတ်ကြပါတယ်။
အပြောင်းအလဲသစ်တွေကိုကိုင်တွယ်ပုံ
ဘာသိဘာသာနေတတ်သူတွေက
အပြောင်းအလဲသစ်တွေကို စိတ်အားထက်သန်ပြီးကြိုဆိုနေရမယ့်အစား မောပန်းနွမ်းနယ်နေကြပါတယ်။
ပျော်ပျော်နေသူတွေကတော့ အပြောင်းအလဲသစ်ကို အခွင့်အရေးအသစ်အနေနဲ့ကြိုဆိုလက်ခံကြပါတယ်။
ဝတ်စားဆင်ယင်ပုံ
ဝတ်စားဆင်ယင်ပုံမှာလည်း
ဘာသိဘာသာနေတတ်သူတွေက ရိုးရှင်းတဲ့ပုံစံ၊ အရောင်တွေကို ပိုပြီးသဘောကျလေ့ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပျော်ပျော်ရွှင်ရွှင်နေသူတွေကတော့
တောက်ပတဲ့အရောင်တွေ စိတ်ဝင်စားခံရစေတဲ့ဒီဇိုင်းတွေ အ၀တ်များပါတယ်။ ပြင်ဆင်ပုံမှာကြည့်မယ်ဆိုရင်လည်း
ဘာသိဘာသာနေတတ်သူရဲ့စားပွဲခုံက သပ်ရပ်သန့်ရှင်းနေပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သူရဲ့စားပွဲက
အစီအစဉ်မကျရှုပ်ထွေးနေတတ်ပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment